KNOWLEDGE

(၁၀၉၈)ကာရက်ရှိတဲ့ ကမ္ဘာ့တတိယအကြီးဆုံးစိန်တုံးကြီး မထင်မရှားရွာငယ်လေးမှာ တူးဖော်တွေ့ရှိ

ဘော့စ့်ဝါနာနိုင်ငံမှာ ကမ္ဘာ့တတိယအကြီးဆုံးလို့ပြောလို့ရတဲ့ အလေးချိန် (၁၀၉၈)ကာရက်ရှိတဲ့ စိန်တုံးကြီးတစ်တုံးကို မိုင်းလုပ်သားတွေက တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီစိန်တုံးကြီးကို ဇွန်လ(၁)ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ကြောင်း၊ Debswana သတ္ထုတူးဖော်ရေးကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူထံမှ သိရပါတယ်။

သမ္မတ Mokgweetsi Masisi ကိုလည်း စိန်တုံးကြီး ပြသခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ဒီစိန်တုံးကြီးကို တောင်အာဖရိကနယ်စပ်က မထင်မရှား ရွာလေးတစ်ရွာအနီးမှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး၊ Debswana သတ္ထုတူးဖော်ရေးကုမ္ပဏီရဲ့အဆိုအရတော့ ဒီစိန်တုံးဟာ ကမ္ဘာပေါ်မှာ တတိယမြောက်အကြီးဆုံးလို့ ဆိုထားပါတယ်။

ဒီစိန်တုံးကြီး ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို လာမယ့်အပတ်မှာ ကျွမ်းကျင်ပညာရှင်တွေက စျေးဖြတ်ကြမှာဖြစ်ပြီး၊ မကြာမီမှာ ဧရာမ အရောင်းအဝယ်ကြီးတစ်ခု စဉ်တိုက်ဆက်တိုက် ဖြစ်လာဖို့ ရှိနေပါတယ်။ မကြာသေးခင် ရက်ပိုင်းက တောင်အာဖရိကနိုင်ငံ၊ KwaZulu-Natal စီရင်စုအတွင်းက KwaHlathi အမည်ရ ရွာလေးအနီးမှာ

နွားကျောင်းသားတစ်ယောက်က စိန်လို့ယူဆရတဲ့ ကျောက်အရိုင်းတုံးတွေ တွေ့ရှိခဲ့ပါတယ်။ ဒီသတင်းနဲ့အတူ တောင်အာဖရိက ရေမဆေးမိုင်းလုပ်သားတွေဟာ အဲဒီဒေသကို သူ့ထက်ငါ အရင်ဦးအောင်သွားပြီး၊ ပေါက်ပြားတွေ၊ တူရွှင်းတွေ၊ ဂေါ်တွေ၊ ပေါက်ချွန်းတွေနဲ့ ကျောက်တူးကြပါတယ်။ အဲဒီနေရာကနေ ထွက်ပေါ်လာတဲ့

ဗွီဒီယိုတွေထဲမှာ တချိ့သော ကျောက်တူးသမားတွေဟာ ကျောက်ပွင့်အမြောက်အများ ရရှိအောင်ပွဲခံခဲ့ကြသလို၊ တချို့ကိုလည်း သတင်းမီဒီယာတွေက ဆက်သွယ်မေးမြန်းတာမျိုးတွေ ရှိနေတာကြောင့် ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။ လောလောဆယ်တော့ ဒေသခံအစိုးရက ကျောက်တူးသူတွေကို ဖယ်ပေးဖို့ အမိန့်ပေးထားပါသတဲ့။

Crd

Zawgyi

ေဘာ့စ့္ဝါနာနိုင္ငံမွာ ကမာၻ႔တတိယအႀကီးဆုံးလို႔ေျပာလို႔ရတဲ့ အေလးခ်ိန္ (၁၀၉၈)ကာရက္ရွိတဲ့ စိန္တုံးႀကီးတစ္တုံးကို မိုင္းလုပ္သားေတြက တူးေဖာ္ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ ဒီစိန္တုံးႀကီးကို ဇြန္လ(၁)ရက္ေန႕က ေတြ႕ရွိခဲ့တာျဖစ္ေၾကာင္း၊ Debswana သတၳဳတူးေဖာ္ေရးကုမၸဏီ ေျပာေရးဆိုခြင့္ရွိသူထံမွ သိရပါတယ္။

သမၼတ Mokgweetsi Masisi ကိုလည္း စိန္တုံးႀကီး ျပသခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။ ဒီစိန္တုံးႀကီးကို ေတာင္အာဖရိကနယ္စပ္က မထင္မရွား ႐ြာေလးတစ္႐ြာအနီးမွာ တူးေဖာ္ေတြ႕ရွိခဲ့တာျဖစ္ၿပီး၊ Debswana သတၳဳတူးေဖာ္ေရးကုမၸဏီရဲ႕အဆိုအရေတာ့ ဒီစိန္တုံးဟာ ကမာၻေပၚမွာ တတိယေျမာက္အႀကီးဆုံးလို႔ ဆိုထားပါတယ္။

ဒီစိန္တုံးႀကီး ဘယ္ေလာက္တန္ဖိုးရွိတယ္ဆိုတာကို လာမယ့္အပတ္မွာ ကြၽမ္းက်င္ပညာရွင္ေတြက ေစ်းျဖတ္ၾကမွာျဖစ္ၿပီး၊ မၾကာမီမွာ ဧရာမ အေရာင္းအဝယ္ႀကီးတစ္ခု စဥ္တိုက္ဆက္တိုက္ ျဖစ္လာဖို႔ ရွိေနပါတယ္။ မၾကာေသးခင္ ရက္ပိုင္းက ေတာင္အာဖရိကနိုင္ငံ၊ KwaZulu-Natal စီရင္စုအတြင္းက KwaHlathi အမည္ရ ႐ြာေလးအနီးမွာ

ႏြားေက်ာင္းသားတစ္ေယာက္က စိန္လို႔ယူဆရတဲ့ ေက်ာက္အရိုင္းတုံးေတြ ေတြ႕ရွိခဲ့ပါတယ္။ ဒီသတင္းနဲ႕အတူ ေတာင္အာဖရိက ေရမေဆးမိုင္းလုပ္သားေတြဟာ အဲဒီေဒသကို သူ႕ထက္ငါ အရင္ဦးေအာင္သြားၿပီး၊ ေပါက္ျပားေတြ၊ တူ႐ႊင္းေတြ၊ ေဂၚေတြ၊ ေပါက္ခြၽန္းေတြနဲ႕ ေက်ာက္တူးၾကပါတယ္။ အဲဒီေနရာကေန ထြက္ေပၚလာတဲ့

ဗြီဒီယိုေတြထဲမွာ တခ်ိ့ေသာ ေက်ာက္တူးသမားေတြဟာ ေက်ာက္ပြင့္အေျမာက္အမ်ား ရရွိေအာင္ပြဲခံခဲ့ၾကသလို၊ တခ်ိဳ႕ကိုလည္း သတင္းမီဒီယာေတြက ဆက္သြယ္ေမးျမန္းတာမ်ိဳးေတြ ရွိေနတာေၾကာင့္ ကမာၻကို ကိုင္လႈပ္နိုင္ခဲ့တယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ ေလာေလာဆယ္ေတာ့ ေဒသခံအစိုးရက ေက်ာက္တူးသူေတြကို ဖယ္ေပးဖို႔ အမိန့္ေပးထားပါသတဲ့။

Crd