AMAZING

နှစ်ပေါင်း ၇၀၀ သက်တမ်းရှိတဲ့ ချောက်ချားဖွယ် Mummy ရဲ့ ရုပ်အ‌လောင်းကို လမ်းဖောက်လုပ်သူများ တွေ့ရှိ (ဖတ်သာကြည့်လိုက်ပါတော့ဗျာ)

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ လမ်းဖောက်လုပ်သူတွေက Jiangsu ပြည်နယ်၊ Taizhou မြို့မှာ လမ်းကျယ်ပြန့် စေရေးအတွက် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ သူတို့ဟာ ၆ ပေခန့် မြေအောက်တွင်းတူးနေကြစဉ် ဘယ်သူမှ လုံးဝမျှော်လင့်မထားတဲ့ အရာတစ်ခုကို သူတို့တွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ တူးဖော်နေစဉ်အတွင်း ခိုင်မာတဲ့ အရာတစ်ခုကိုထိမိကာ စစ်ကြည့်လိုက်တဲ့အခါ အုတ်ဂူတစ်ခုကို ထိမှန်ခဲ့ကြောင်း သူတို့ သိလိုက်ရပါတယ်။ ၎င်းကိုစုံစမ်းစေလိုခြင်းကြောင့် ပရော်ဖက်ရှင်နယ် ရှေးဟောင်းသုတေသနပညာရှင်တွေကို ၎င်းနက်နဲတဲ့အရာကိုဖွင့်ပြရန် ဖိတ်ခေါ်ခဲ့ပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်တွေ ရောက်ရှိလာတဲ့အခါ ထိုအုတ်ဂူထဲမှာ နှစ်ပေါင်း ၇၀၀ ကျော်ပြီဖြစ်တဲ့ Mummy ရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။ Mummy ရဲ့ ကိုယ်ခန္ဓာတွေဟာ လုံးဝ ပြည့်စုံနေသေးတဲ့ အခြေအနေရှိနေတာကြောင့် သူတို့ကို အံ့အားသင့်စေခဲ့ပါတယ်။ သူတို့က ၎င်း Mummy ဟာ မင်းဆက်များထဲမှ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ မှတ်ယူထားကြပါတယ်။

သူမဟာ ထိုအချိန်ကာလမှ လှပတဲ့လက်ဝတ်ရတနာများဖြင့် တန်ဆာဆင်ထားပါတယ်။ သုတေသနအဖွဲ့ဝင်တွေက လုပ်ငန်းစဉ်တစ်ခုလုံးကို မှတ်တမ်းတင်ပြီး ကမ္ဘာပေါ်ကလှုတွေဆီ မျှဝေခဲ့ပါတယ်။ သူတို့ရိုက်ထားတဲ့ ပုံအားလုံးကို ကြည့်ခြင်းအားဖြင့် ကြောရွံ့ ရွံရှာစရာကောင်းသလို့ အံ့သြဖွယ်လည်းကောင်းပါတယ်။

၎င်းဟာ ရှားပါးတဲ့ တွေ့ရှိမှုတစ်ခုဖြစ်ပြီး ယနေ့ရှေးဟောင်းသုတေသနအတွက် တိုးတက်မှု နဲ့ အတူ ၎င်းအလောင်းကို ပြတိုက်အတွက် ထိန်းသိမ်းထားနေပါတယ်။ ထိုနေရာတူးဖော်ပြီးနောက် ရှေးဟောင်းသုတေသနပညာရှင်များက ၎င်းတို့ရှာဖွေနေတဲ့ အခြားခေါင်းတလားနှစ်ခုကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။crd

.