Daily News
တန်ဖိုးကြီးပစ္စည်းတွေကို ရက်သားအရွယ်မှာပင် စတင်ပြီးအမွေအဖြစ် လက်ခံရရှိနေပြီဖြစ်တဲ့ သမီးချောလေး ကိန္နရီရွှေစည်
ပရိသတ်ကြီးရေ သရုပ်ဆောင်စည်ဖြိုးရဲ့ မိခင်က ဒီမနက်မှာ သူ့ရဲ့မြေးမလေးကို ရွှေထည်ပစ္စည်းလေးတွေလက်ဆင့်ကမ်းပေးခဲ့ပါတယ်နော်။ ဒီပစ္စည်းတွေဟာ စည်ဖြိုးသုံးနှစ်သားတုန်းက ဝတ်ခဲ့တဲ့ပစ္စည်းတွေလို့လည်းသူမရဲ့ ဆိုရှယ်မီဒီယာတွင် တင်ထားပါတယ်။
ဒီကလေးဟာ မွေးကတည်းက ကံကောင်းခြင်းတွေ ပိုင်ဆိုင်ထားသူလေးပါနော်။ တစ်ဦးတည်းသော မြေးဦးလေးမို့လည်း တစ်အိမ်လုံးက ဝိုင်းချစ်နေကြတာပါနော်။ စည်ဖြိုးရဲ့ မိခင်ဟာ သူ့မြေးမလေး မမွေးခင်ကတည်းက လျောလျောရှူရှူမွေးဖွားလာအောင် အလှူတွေများစွာ ပြုလုပ်ခဲ့သူပါနော်။
သားနဲ့ချွေးမအတွက်လည်း ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နိုင်ရန် တည်ထောင်ပေးခဲ့ပါသေးတယ်နော်။ကိုယ့်ကလေးတွေကို အရွယ်ရောက်တဲ့အထိ ချစ်ခင်ယုယနေတဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးတွေကတော့ ဆပ်လို့ မကုန်နိုင်အောင်ပါပဲ။ ပရိတ်သတ်ကြီးရဲ့အမြင်ကို လည်း ဝေဖန်ပေးသွားကြပါဦးနော်။ crd
Zawgyi