Daily News

လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကို စိတ်ပျက်နေတဲ့ တပ်ထဲက ပညာတတ်များ ပြတ်ပြတ်သားသား ပြောဆိုလိုက်တဲ့ ရန်ရန်ချန်း

အဆိုတော် ရန်ရန်ချန်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအရေးမှာ ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ဘက်ကနေ ရပ်တည်ပေးနေတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ ရန်ရန်ချန်းကိုပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားတာကြောင့် ဘေးကင်းရာတစ်နေရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ အခုလို တိမ်းရှောင်နေရပေမယ့်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုတော့ သူ့ရဲ့ လူမှုကွန်ယက်မှတစ်ဆင့်ပြန်လည် မျှဝေပေးနေတာ ဖြစ်ပါတယ်။

အာဏာစသိမ်းခဲ့တဲ့ အချိန်မှစပြီး စစ်ကောင်စီဘက်မှ ပြည်သူလူထုအပေါ် နည်းအမျိုးမျိုးသုံးကာ ရက်စက်ခဲ့ကြတာ ဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကို အရှင်လတ်လတ်မီးရှို့ခဲ့တဲ့ ဖြစ်စဉ်များလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင်မနေ့ညက ကင်းမတစ်ရွာလုံးကို စစ်ကောင်စီဘက်မှ ပြာကျတဲ့အထိ မီးရှို့ခဲ့ကြပြီး အိမ်တွေထဲတွင် မပြေးနိုင်ဘဲ ကျန်နေခဲ့တဲ့ သက်ကြီးရွယ်အိုဘိုးဘွားများ အရှင်လတ်လတ်မီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ရန်ရန်ချန်းရဲ့ Facebook အကောင့်တွင် လက်ရှိအခြေအနေတွေကို စိတ်ပျက်နေသောတပ်ထဲက ပညာတတ်များ သတ္တိရှိစွာ ပုန်ကန်သင့်တဲ့အချိန်ဖြစ်ကြောင်း ထုတ်ပြောလာတာ ဖြစ်ပါတယ်။

” တိုင်းပြည်ကိုဘာကောင်းကျိုးမှမပေးတဲ့ကောင်တွေ….. ?တပ်ထဲမှာနေပြီးဒီလိုလုပ်ရပ်တွေကိုစိတ်ပျက်နေတဲ့သူတွေ ပညာတတ်တွေပုန်ကန်ကြစမ်းပါဗျာထွက်ကြစမ်းပါ ကိုယ် ကိုယ်စားပြုပြီးနေနေရတဲ့အဖွဲ့အစည်းကြီးကတစ်နေ့တစ်ခြားရွံစရာဖြစ်လာတာ နေရတာစိတ်ဖြောင့်ကြလား” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

အခုလို လူမဆန်တဲ့ လုပ်ရက်တွေအပေါ် ပြည်သူလူထုကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချနေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်ဖို့အတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။