Daily News

မောင်လျှံဖြိုးအောင်ကို အမြန်ဆုံး ဆေးကုသနိုင်ဖို့အတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ် တောင်းဆို

photo crd

အင်ဂျင်နီယာကျောင်းသားလေး မောင်လျှံဖြိုးအောင်ကတော့ လက်ရှိမှာဆိုရင် ၅၀၅(က) ပုဒ်မနဲ့ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။သူ့ကို တရားစွဲဆိုထားတဲ့ အမှုကို အချုပ်ဖြင့် ဆက်လက်ရင်ဆိုင်ရမယ်လို့လည်း သိရပါတယ်။မောင်လျှံဖြိုးအောင်က ကိုယ်လက်အင်္ဂါတွေကို ဆုံးရှုံးထားရတဲ့အပြင် အခုလိုမျိုး ဖမ်းဆီးချုပ်နှောင်မှုနဲ့လည်းကြုံနေရတာဖြစ်ပါတယ်။

photo crd

သူ့ရဲ့ မိသားစုဝင်တွေကတော့ သားငယ်လေး အမြန်ဆုံးလွတ်မြောက်ပြီး ဆေးကုသမှုခံယူနိုင်ဖို့အတွက် တတ်နိုင်သလောက်ကြိုးစားနေကြတာ ဖြစ်ပါတယ်။
မောင်လျှံဖြိုးအောင်ရဲ့ဖခင်ဖြစ်သူက “သားငယ်လေးရဲ့ လက်နဲ့မျက်လုံးလေးကို ဖေဖေပြန်ရှာပေးမယ် အားတင်းထားနော်” ဆိုပြီး အားပေးစကားလေးပြောထားတာဖြစ်ပါတယ်။

photo crd

အများအကျိုးအတွက် ရှေ့ဆုံးကနေပါဝင်ခဲ့လို့အခုလိုအခြေအနေဖြစ်သွားရတဲ့ မောင်လျှံဖြိုးအောင်ကို ပြည်သူလူထုကလည်း အားပေးနှစ်သိမ့်နေကြတာဖြစ်ပါတယ်။ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Hon Thomas.H Andrews က သူ့ရဲ့Twitter စာမျက်နှာမှတဆင့် မောင်လျှံဖြိုးအောင် လွတ်မြောက်ဖို့အတွက် ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

photo crd

မောင်လျှံဖြိုးအောင်ရဲ့ အစ်ကိုဖြစ်သူကတော့ သူ့ရဲ့ညီလေးအတွက် အခုလိုမျိုး တစ်တပ်တစ်အားပါဝင်ကူညီပေးတဲ့ Hon Thomas.H Andrews ကို ကျေးဇူးတင်နေတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း သူရဲကောင်းလေး အိမ်မြန်မြန်ပြန်ရောက်ပြီး ဆေးကုသနိုင်ဖို့အတွက် ဝိုင်းဝန်းဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

မောင်လျှံဖြိုးအောင်ရဲ့အခြေအနေကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတောင် ပါဝင်ကူညီပေးနေတဲ့ အကြောင်းလေးကို ဝမ်းသာစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd