Daily News

တောထဲကရဲဘော်တွေ မြိန်ရေရှက်ရေစားနိုင်ဖို့အတွက် ငါးပိကြော်တွေ အိုးအပြည့်ချက်ပြီး ပို့ဖို့ပြင်ဆင်နေတဲ့ ထိုင်းရောက်မြန်မာတွေရဲ့ဗီဒီယို

သူတစ်ပါးကို ကူညီလိုစိတ်ရှိကြတဲ့ မြန်မာပြည်သူတွေကတော့ ဒီလိုအချိန်မှာဆိုရင် ဒုက္ခရောက်နေတဲ့သူတွေကို ပိုပြီးအကူအညီပေးနေကြတာ ဖြစ်ပါတယ် ။ စေတနာရှင်ပြည်သူတွေက စစ်ဘေးရှောင်တွေအတွက် အစစ အရာရာကူညီလှူဒါန်းပေးသလို တောထဲကရဲဘော်တွေအတွက်လည်း တတ်နိုင်သလောက် ထောက်ပံ့ပေးနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ထိုင်းနိုင်ငံရောက် ‌မြန်မာနိုင်ငံသားတွေက စစ်ရေးလေ့ကျင့်နေတဲ့ သူရဲကောင်းတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို လှူပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ပရောက် ရွှေမြန်မာအဖွဲ့က တော်လှန်ရေး သူရဲကောင်းတွေအတွက် စစ်ဖိနပ်အရံ (၁၀၀)နဲ့အတူ အစားအသောက်တွေပါ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့ကတော့ ဘာလချောင်ကြော်၊ငါးပိကြော်နဲ့အခြောက်အခြမ်းကြော်တွေကို အိုးအပြည့်ကြော်လှော်ပြီး ပုံးတွေထဲကိုထည့်ကာ ပြင်ဆင်နေကြတာပဲ ဖြစ်ပါတယ် ။ တောထဲမှာ အနေအစားကျပ်တည်းနေတဲ့ ရဲဘော်တွေကို အရသာရှိရှိစားစေချင်တဲ့ စေတနာနဲ့ပြင်ဆင်ထားတဲ့ ပြည်သူတွေရဲ့လက်ရာကတော့ တကယ့်ကို စားချင်စဖွယ်ကောင်းနေတာ ဖြစ်ပါတယ် ။

ထိုင်းရောက် ရွှေမြန်မာတွေကတော့ တော်လှန်ရေးမှာ အခုလိုမျိုး တစ်ဖက်တစ်လမ်းကနေ ပါဝင်အားဖြည့်ပေးနိုင်တဲ့အတွက် ဝမ်းသာပီတိဖြစ်နေကြတာလည်း ဖြစ်ပါတယ် ။ သူရဲကောင်းတွေစားဖို့အတွက် အပင်ပန်းခံပြီး ချက်ပြုတ်ပြင်ဆင်ပေးခဲ့တဲ့ သူတို့အဖွဲ့ကို ပြည်သူတွေကလည်း လေးစားချီးကျူးနေကြတာ ဖြစ်ပါတယ်။ တောထဲကရဲဘော်တွေအတွက် လိုအပ်တာတွေကို လှူဒါန်းဖို့ တက်ညီလက်ညီ ပြင်ဆင်နေကြတဲ့ ထိုင်းရောက်မြန်မာအဖွဲ့ရဲ့Live ဗီဒီယိုကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ crd

Zawgyi

သူတစ္ပါးကို ကူညီလိုစိတ္ရွိၾကတဲ့ ျမန္မာျပည္သူေတြကေတာ့ ဒီလိုအခ်ိန္မွာဆိုရင္ ဒုကၡေရာက္ေနတဲ့သူေတြကို ပိုၿပီးအကူအညီေပးေနၾကတာ ျဖစ္ပါတယ္ ။ ေစတနာရွင္ျပည္သူေတြက စစ္ေဘးေရွာင္ေတြအတြက္ အစစ အရာရာကူညီလႉဒါန္းေပးသလို ေတာထဲကရဲေဘာ္ေတြအတြက္လည္း တတ္နိုင္သေလာက္ ေထာက္ပံ့ေပးေနၾကတာ ျဖစ္ပါတယ္ ။ အခုလည္း ထိုင္းနိုင္ငံေရာက္ ‌ျမန္မာနိုင္ငံသားေတြက စစ္ေရးေလ့က်င့္ေနတဲ့ သူရဲေကာင္းေတြအတြက္ လိုအပ္တဲ့ပစၥည္းေတြကို လႉေပးခဲ့ၾကတာ ျဖစ္ပါတယ္။

ျပည္ပေရာက္ ေ႐ႊျမန္မာအဖြဲ႕က ေတာ္လွန္ေရး သူရဲေကာင္းေတြအတြက္ စစ္ဖိနပ္အရံ (၁၀၀)နဲ႕အတူ အစားအေသာက္ေတြပါ လႉဒါန္းခဲ့ၾကတာ ျဖစ္ပါတယ္ ။ သူတို႔ကေတာ့ ဘာလေခ်ာင္ေၾကာ္၊ငါးပိေၾကာ္နဲ႕အေျခာက္အျခမ္းေၾကာ္ေတြကို အိုးအျပည့္ေၾကာ္ေလွာ္ၿပီး ပုံးေတြထဲကိုထည့္ကာ ျပင္ဆင္ေနၾကတာပဲ ျဖစ္ပါတယ္ ။ ေတာထဲမွာ အေနအစားက်ပ္တည္းေနတဲ့ ရဲေဘာ္ေတြကို အရသာရွိရွိစားေစခ်င္တဲ့ ေစတနာနဲ႕ျပင္ဆင္ထားတဲ့ ျပည္သူေတြရဲ႕လက္ရာကေတာ့ တကယ့္ကို စားခ်င္စဖြယ္ေကာင္းေနတာ ျဖစ္ပါတယ္ ။

ထိုင္းေရာက္ ေ႐ႊျမန္မာေတြကေတာ့ ေတာ္လွန္ေရးမွာ အခုလိုမ်ိဳး တစ္ဖက္တစ္လမ္းကေန ပါဝင္အားျဖည့္ေပးနိုင္တဲ့အတြက္ ဝမ္းသာပီတိျဖစ္ေနၾကတာလည္း ျဖစ္ပါတယ္ ။ သူရဲေကာင္းေတြစားဖို႔အတြက္ အပင္ပန္းခံၿပီး ခ်က္ျပဳတ္ျပင္ဆင္ေပးခဲ့တဲ့ သူတို႔အဖြဲ႕ကို ျပည္သူေတြကလည္း ေလးစားခ်ီးက်ဴးေနၾကတာ ျဖစ္ပါတယ္။ ေတာထဲကရဲေဘာ္ေတြအတြက္ လိုအပ္တာေတြကို လႉဒါန္းဖို႔ တက္ညီလက္ညီ ျပင္ဆင္ေနၾကတဲ့ ထိုင္းေရာက္ျမန္မာအဖြဲ႕ရဲ႕Live ဗီဒီယိုကိုလည္း ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။ crd