Daily News

သရုပ်ဆောင်ဇဏ်ခီနဲ့မိသားစု နေအိမ်အကျယ်ချုပ်ကလွတ်မြောက်

ရုပ်ရှင်သရုပ်ဆောင်ဇဏ်ခီနဲ့မိသားစု ဟာ နေအိမ်အကျယ်ချုပ် ရက်ပေါင်း ၄၀ ကျော်ခန့် ထိန်းသိမ်းစစ်ဆေးခံရပြီးတဲ့နောက် မှာ လွတ်မြောက်သွားပြီလို့ သရုပ်ဆောင်ဇဏ်ခီရဲ့ Facebook စာမျက်နှာမှာတင်ထားပါတယ်။ လက်ရှိမှာတော့ သူတို့ မိသားစုဟာ အာရှနိုင်ငံတခုမှာ ရောက်ရှိနေပါတယ်။

သရုပ်ဆောင်ဇဏ်ခီကတော့ ထိန်းသိမ်းခံရချိန် ကာလတုန်းက ဆေးကုသခွင့်မရတဲ့သူ့ရဲ့ နဂိုရောဂါအခံဖြစ်တဲ့ အရိုးအကြောရောဂါကပိုမိုဆိုးရွားခဲ့တာကြောင့် လက်ရှိမှာ အခုရောက်ရှိနေတဲ့နိုင်ငံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် ဇဏ်ခီနဲ့မိသားစု ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ရက်မှာ ပြည်ပထွက်ခွာဖို့ ရန်ကုန်လေဆိပ်မှာ လိုအပ်တဲ့ စစ်ဆေးမှု ခံယူနေစဉ် ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

Zawgyi

႐ုပ္ရွင္သ႐ုပ္ေဆာင္ဇဏ္ခီနဲ႕မိသားစု ဟာ ေနအိမ္အက်ယ္ခ်ဳပ္ ရက္ေပါင္း ၄၀ ေက်ာ္ခန႔္ ထိန္းသိမ္းစစ္ေဆးခံရၿပီးတဲ့ေနာက္ မွာ လြတ္ေျမာက္သြားၿပီလို႔ သ႐ုပ္ေဆာင္ဇဏ္ခီရဲ႕ Facebook စာမ်က္ႏွာမွာတင္ထားပါတယ္။ လက္ရွိမွာေတာ့ သူတို႔ မိသားစုဟာ အာရွနိုင္ငံတခုမွာ ေရာက္ရွိေနပါတယ္။

သ႐ုပ္ေဆာင္ဇဏ္ခီကေတာ့ ထိန္းသိမ္းခံရခ်ိန္ ကာလတုန္းက ေဆးကုသခြင့္မရတဲ့သူ႕ရဲ႕ နဂိုေရာဂါအခံျဖစ္တဲ့ အရိုးအေၾကာေရာဂါကပိုမိုဆိုး႐ြားခဲ့တာေၾကာင့္ လက္ရွိမွာ အခုေရာက္ရွိေနတဲ့နိုင္ငံမွာ ေဆးကုသမႈခံယူေနရတယ္လို႔ ဆိုပါတယ္။ သ႐ုပ္ေဆာင္ ဇဏ္ခီနဲ႕မိသားစု ဟာ ၿပီးခဲ့တဲ့ ဧၿပီ ၁၇ရက္မွာ ျပည္ပထြက္ခြာဖို႔ ရန္ကုန္ေလဆိပ္မွာ လိုအပ္တဲ့ စစ္ေဆးမႈ ခံယူေနစဥ္ ထိန္းသိမ္းခံခဲ့ရတာျဖစ္ပါတယ္။