Love & Relationship

ချစ်ဖို့ကောင်းလိုက်တာဆိုပြီး လိပ်ကို နှာဘူးကျကာ အနမ်းပေးမိခဲ့တဲ့အမျိုးသားရဲ့ စိတ်မကောင်းဖွယ် အဖြစ်

အချို့သောသူတွေဟာ တိရစ္ဆာန်လေးတွေကို တွေ့ရင် ပွေ့ချီတတ်ကြပြီး ၊ အနမ်းပါပေးတတ်ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံက အမျိုးသားဟာလည်း အိမ်မွေးလိပ်တစ်ကောင်ကို တွေ့ပြီး ချစ်ဖို့ကောင်းလွန်းလို့ ပွေ့ချီကာ မျိုးစုံ pose ပေးပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း ပွေ့ချီပြီးတာတောင် အားမရပဲ အနမ်းပါပေးခဲ့လို့ လိပ်ဟာ အဆိုပါအမျိုးသားရဲ့ အပေါ်နှုတ်ခမ်းကို ကိုက်ခဲ့ပစ်ပါတယ် ။

လိပ်ရဲ့ကိုက်တာကို ခံလိုက်ရပြီးနောက် သူ့ရဲ့ နှုတ်ခမ်း နဲ့ မျက်နှာဖူးယောင်သွားခဲ့ပုံကို ဓာတ်ပုံတွေယှဉ်ပြပြီး social media ပေါ် ဝေမျှခဲ့ပါတယ် ။ ဒါကြောင့်လည်း တိရစ္ဆာန်တွေက ချစ်ဖို့ကောင်းတိုင်းလည်း အန္တရာယ်များလွန်းလို့ အနမ်းပေးတဲ့အထိ မပြုမှုသင့်ကြောင်း အသိပေးလိုက်ရပါတယ်နော်။

.

.

Zawgyi

