Daily News

ဆိုင်သွားစရာမလိုပဲ ဆံပင်ကို အိစက်ပြီးပျော့ပျောင်းသွားချင်သူတွေအတွက် သဘာဝနည်းလမ်းကောင်းလေးပါ

ပျက်ဆီးနေတဲ့ ဆံသားတွေ အတွက် ပြန်လည် အားဖြည့်ပေးမယ် ဆံသားခြောက်တဲ့ သူတွေ အတွက်

အထူးကောင်းတဲ့ နည်းလမ်းလေးပါငှက်ပျောသီး တစ်လုံး ၊ ကြက်ဥတစ်လုံး ၊ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်း

သုံးမျိုးကို ရောချေပြီး ဆံသားကို အရင်းမှ အဖျားထိ လိမ်းပေးပါ တစ်နာရီထိထားလို့ ရပါတယ်။

ခြောက်တဲ့ အထိထားလဲ ရပါတယ်။ ပြီးရင် လျှော်နေကျ ​ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ရုံ ပါပဲ။

ပါဝင်ပစ္စည်း သုံးခုလုံးက သဘာဝပစ္စည်းတွေ ပဲမို့ ဆိုးကျိုးဖြစ်မှာ ပူစရာမလို ပါဘူးနော်

ငှက်ပျောသီးက ဆံ သား ကို အာဟာရ ဓာတ်တွေဖြည့် ပေးပြီး ဆံ ပင်တွေ ကို ကျန်းမာ သန်စွမ်း ​စေတယ်။

ပျားရည်က ဦးရေပြားက ဆဲလ်သေတွေ ဖယ်ရှားပြီး ဦး ရေပြားကိုအစို ဓာတ်ဖြည့်ပေးတယ် ဆံသား တွေကို အိစက် စေတယ်။ ကြက်ဥကလဲ ဆံသား တွေကို ကျန်းမာ စေ တယ် ဆံ သား ကို အားဖြည့် ပေးတယ်။

ဒါကြောင့် ဆံပင် အုံထူချင် တဲ့သူ ဆံပင် အရှည်မြန်ချင်သူတွေလဲ ဒီနည်းလမ်းလေးကို လုပ်ပေးလို့ ရပါတယ် တစ်ပတ်ကို နှစ်ကြိမ်ထိလုပ်ပေးလို့ ရပါ တယ်။

အ ခု ပို့စ် ကိုလဲ ကိုယ်နဲ့ အတူ အခြား သူတွေပါအကျိုး ရှိစေဖို့ share ပေးကြ ပါအုံးနော်

Credit

Zawgyi











Credit