Daily News

ဇနီးသည်ကို ဆေးကုဖို့ ယူထားတဲ့အကြွေးများကို (၂၄ )နှစ်တိုင်တိုင် မကျေမချင်း ဆပ်ခဲ့သူ

Mr Guanghan လို့အမည်ရတဲ့ အမျိုးသား ဟာ တရုတ် ၊ ဇီဂျန်းပြည်နယ်က လယ်သမား တစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၀ မတိုင်မီကတော့ သူတို့ မိသားစုဟာ အလွန်ပျော်ဖို့ ကောင်းတဲ့ မိသားစု ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ဇနီးဟာ လယ်ထွန်စက်မောင်းရင်း မတော်တဆပြင်းထန်တဲ့ ထိခိုက်မှု ဖြစ်ခဲ့ပါတယ်။ လယ်ထွန်စက်နှစ်စီး တိုက်မိရာက ပြုတ်ကျခဲ့ပြီး ကျောက်ဆောင်နဲ့ထပ်မံတိုက်ခဲ့မှုကြောင့် သူမဟာ ကိုမာရောဂါကို ခံစားခဲ့ရပါတယ်။

အဆိုပါ ရောဂါကို ကုသဖို့အတွက် ယွန် ၇၀၀၀၀ ( ဒေါ်လာ ၁၁၀၀၀ ) ခန့်လိုအပ်ပါတယ်။ Mr Guanghan ဟာ သာမန်လယ်သမားတစ်ယောက်သာဖြစ်တဲ့အတွက် ဒီလောက်ငွေကို မတတ်နိုင်ပါဘူး။ ဒီလောက်များပြားလှတဲ့ငွေကိုဘယ်သူမှလည်း မချေးနိုင်ကြပါဘူး။ ဒါကြောင့် Mr Guanghan ဟာ အနီးအနားက အိမ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်းကာ အိမ် ၁၀၀ ကျော်ဆီကနေ နည်းနည်းချင်းစီချေးခဲ့ရာမှာ လိုချင်တဲ့ ငွေကို ရခဲ့ပါတယ်။

ဒီလို ချေးတဲ့အခါမှာ စာအုပ်တစ်အုပ်ယူသွားပြီး အသေအချာမှတ်ထားခဲ့ပါတယ်။ အိမ်နီးချင်းတွေကလည်း Mr Guanghan ဟာ ခင်ဖို့ကောင်းတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် ပြန်ဆပ်မဆပ် မသေချာပဲ ချေးခဲ့ကြခြင်းဖြစ်ပါတယ်။ ချေးပြီးတဲ့အခါတိုင်းမှာ Mr Guanghan က တစ်နေ့ သင့်ရဲ့ငွေကို မဖြစ်ဖြစ်အောင်လာဆပ်ပါမယ်လို့ ပြောသွားလေ့ရှိပါတယ်။

ဇနီးဖြစ်သူရောဂါကို ကုသခဲ့ပြီးနောက်မှာတော့ Mr.Guanghan ဟာ ခြိုးခြံသုံးစွဲပြီး ငွေစုပါတော့တယ်။ ဒီလိုနဲ့ နည်းနည်းချင်းစီ ဆပ်သွားရာ ၂၄ နှစ်ပြည့်ပြီးတဲ့အချိန်မှာတော့ ချေးထားသမျှငွေတွေကို တစ်ပြားမကျန် ပြန်ဆပ်လိုက်နိုင်ပါတယ်။

“ရိုးသားယုံကြည်မှုကို ဘာနဲ့မှ မလဲနိုင်ပါဘူး ၊ လော ကမှာ ကြင်နာတတ်တဲ့ သူတွေရှိနေပါလား ဆိုတာကိုသိဖို့ ဒီအကြွေးစာအုပ်ကို ကျွန်တော့်ကလေးတွေကို ပေးခဲ့မှာပါ” လို့ Mr.Guanghan က ဆိုပါတယ်။ တော်ရုံလူ မလုပ်နိုင်လောက်တဲ့ ဇွဲ ၊ ကတိသစ္စာတည်မှုတွေနဲ့ အလွန်လေးစားထိုက်ဖွယ် လူတစ်ယောက်ဖြစ်ပါတယ်ဗျာ။ Crd

Zawgyi

Mr Guanghan လို႔အမည္ရတဲ့ အမ်ိဳးသား ဟာ တ႐ုတ္ ၊ ဇီဂ်န္းျပည္နယ္က လယ္သမား တစ္ေယာက္ျဖစ္ပါတယ္။ ၁၉၉၀ မတိုင္မီကေတာ့ သူတို႔ မိသားစုဟာ အလြန္ေပ်ာ္ဖို႔ ေကာင္းတဲ့ မိသားစု ျဖစ္ခဲ့ပါတယ္။ တစ္ေန႕မွာေတာ့ သူ႕ရဲ႕ဇနီးဟာ လယ္ထြန္စက္ေမာင္းရင္း မေတာ္တဆျပင္းထန္တဲ့ ထိခိုက္မႈ ျဖစ္ခဲ့ပါတယ္။ လယ္ထြန္စက္ႏွစ္စီး တိုက္မိရာက ျပဳတ္က်ခဲ့ၿပီး ေက်ာက္ေဆာင္နဲ႕ထပ္မံတိုက္ခဲ့မႈေၾကာင့္ သူမဟာ ကိုမာေရာဂါကို ခံစားခဲ့ရပါတယ္။

အဆိုပါ ေရာဂါကို ကုသဖို႔အတြက္ ယြန္ ၇၀၀၀၀ ( ေဒၚလာ ၁၁၀၀၀ ) ခန႔္လိုအပ္ပါတယ္။ Mr Guanghan ဟာ သာမန္လယ္သမားတစ္ေယာက္သာျဖစ္တဲ့အတြက္ ဒီေလာက္ေငြကို မတတ္နိုင္ပါဘူး။ ဒီေလာက္မ်ားျပားလွတဲ့ေငြကိုဘယ္သူမွလည္း မေခ်းနိုင္ၾကပါဘူး။ ဒါေၾကာင့္ Mr Guanghan ဟာ အနီးအနားက အိမ္ေတြကို တစ္အိမ္တက္ တစ္အိမ္ဆင္းကာ အိမ္ ၁၀၀ ေက်ာ္ဆီကေန နည္းနည္းခ်င္းစီေခ်းခဲ့ရာမွာ လိုခ်င္တဲ့ ေငြကို ရခဲ့ပါတယ္။

ဒီလို ေခ်းတဲ့အခါမွာ စာအုပ္တစ္အုပ္ယူသြားၿပီး အေသအခ်ာမွတ္ထားခဲ့ပါတယ္။ အိမ္နီးခ်င္းေတြကလည္း Mr Guanghan ဟာ ခင္ဖို႔ေကာင္းတဲ့ လူတစ္ေယာက္ျဖစ္တာေၾကာင့္ ျပန္ဆပ္မဆပ္ မေသခ်ာပဲ ေခ်းခဲ့ၾကျခင္းျဖစ္ပါတယ္။ ေခ်းၿပီးတဲ့အခါတိုင္းမွာ Mr Guanghan က တစ္ေန႕ သင့္ရဲ႕ေငြကို မျဖစ္ျဖစ္ေအာင္လာဆပ္ပါမယ္လို႔ ေျပာသြားေလ့ရွိပါတယ္။

ဇနီးျဖစ္သူေရာဂါကို ကုသခဲ့ၿပီးေနာက္မွာေတာ့ Mr.Guanghan ဟာ ၿခိဳးၿခံသုံးစြဲၿပီး ေငြစုပါေတာ့တယ္။ ဒီလိုနဲ႕ နည္းနည္းခ်င္းစီ ဆပ္သြားရာ ၂၄ ႏွစ္ျပည့္ၿပီးတဲ့အခ်ိန္မွာေတာ့ ေခ်းထားသမွ်ေငြေတြကို တစ္ျပားမက်န္ ျပန္ဆပ္လိုက္နိုင္ပါတယ္။

“ရိုးသားယုံၾကည္မႈကို ဘာနဲ႕မွ မလဲနိုင္ပါဘူး ၊ ေလာ ကမွာ ၾကင္နာတတ္တဲ့ သူေတြရွိေနပါလား ဆိုတာကိုသိဖို႔ ဒီအေႂကြးစာအုပ္ကို ကြၽန္ေတာ့္ကေလးေတြကို ေပးခဲ့မွာပါ” လို႔ Mr.Guanghan က ဆိုပါတယ္။ ေတာ္႐ုံလူ မလုပ္နိုင္ေလာက္တဲ့ ဇြဲ ၊ ကတိသစၥာတည္မႈေတြနဲ႕ အလြန္ေလးစားထိုက္ဖြယ္ လူတစ္ေယာက္ျဖစ္ပါတယ္ဗ်ာ။ Crd