Daily News

ဂျပန်အသင်းနဲ့ပွဲမှာ လက်သုံးချောင်းထောင်ခဲ့တဲ့ ကိုပြည့်လျှံအောင် ဂျပန်မှာ ခိုလှုံခွင့်ရခဲ့ပြီး လေဆိပ်မှာ ဆင်းနေခဲ့

ဂျပန်နဲ့ပွဲတွင် လက်သုံးချောင်းထောင်ခဲ့လို့ ပရိသတ်တွေ အားပေးမှုအပြည့်ရနေသော ပြည့်လျှံအောင်သည် မြန်မာနိင်ငံသို့ပြန်လာမယ့် လက်ရွေးစင်အသင်းနဲ့လိုက်ပါပြန်လာမည်မဟုတ်ပဲ ဂျပန်နိင်ငံမှာ နေခဲ့မည်ဖြစ်ကြောင်းသိရှိရသည်။

ဂျပန် မီဒီယာများနဲ့ အင်တာဗျူးများပြုလုပ်ခဲ့ကြောင်းလဲသိရသည်။ ပြည့်လျှံအောင်ကတော့ မြန်မာလက်ရွေးစင်အသင်းအတွက် ဂျပန်သို့လိုက်ပါသွားစဉ်မှာ လက် ၃ ချောင်းထောင်ခဲ့သော တစ်ယောက်တည်းသော ကစားသမားဖြစ်လို့ သူ့ရဲ့လုံခြုံရေးအတွက် ပရိသတ်များက စိုးရိမ်ခဲ့ကြပါတယ်။

သူဟာ ဂျပန်မီဒီယာများနဲ့ အင်တာဗျူးတွင်လဲ ပုံပါအတိုင်း လက် ၃ ချောင်းထပ်မံထောင်ခဲ့ပြီး မြန်မာနိင်ငံသားတွေကို အကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံကနေ မြန်မာကို မပြန်ခင် လေဆိပ်မှာ ကိုပြည့်လျှံအောင်ရဲ့ အဝတ်စားထုတ်များကို လေယာဥ်ပေါ်မှ ချထားခဲ့သူဟု သိရှိရပါသေးတယ်။ အခုလို သတင်းကြားရတဲ့အတွက် ဝမ်းသာမိပါတယ်ဗျာ။

Zawgyi


