Daily News

(Pray For Myanmar) တစ်ခုနဲ့ လုပ်စားနေတဲ့သူလို့ပြောတာတွေကို လုပ်ရပ်နဲ့ သက်သေပြလိုက်တဲ့ ပြည်သူ့အချစ်တော် သူဇာဝင့်လွင်

ချစ်လှစွာသောပရိတ်သတ်ကြီးရေ Miss Universe Myanmar သူဇာဝင့်လွင်ဟာ တိုင်းပြည်အရေးအခင်းကာလမှာ Miss Universe ပွဲကို သွားရောက်ယှဉ်ပြိုင်ရတာဖြစ်ပြီး အခက်အခဲမျိုးစုံကိုဖြတ်ကျော်ကာ နိုင်ငံအတွက်ဂုဏ်ယူရမယ့် National Costume ဆုကို ရအောင်ယူပေးနိုင်ခဲ့သူပါ။ ပြိုင်ပွဲအပြီးမှာလည်း ကိုယ့်နိုင်ငံကိုပြန်လာဖို့ အဆင်မပြေတာ ကြောင့် တိုင်းတပါးမှာပဲ ဆက်လက်ပြီးအလုပ်လုပ်ကိုင်နေခဲ့ပါတယ်။

Photo :crd

တိုင်းပြည်အတွက်စေတနာထား တာ ကြောင့် သူမကိုချစ်ခင်အားပေးသူတွေလည်းရှိလာပြီး နာမည်ကြီးမော်ဒယ်အေဂျင်စီမှာ မော်ဒယ် တစ်ယောက်အဖြစ်နဲ့ စတင်ရပ်တည်နေခဲ့ပြီပဲဖြစ်ပါတယ်။ သူမဟာ Miss Universe စင်မြင့်ထက်မှာ ” Pray for Myanmar ” ဟုဆိုင်းဘုတ်ကိုင်ပြီး မြန်မာ့အရေးကို Speak out လုပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူမကို ” Pray for Myanmar ” တစ်ခုနဲ့ လုပ်စားတယ် ဆိုပြီးဝေဖန်ပြောဆိုနေသူတွေလည်းရှိနေခဲ့ပါတယ်။

photo : crd

နာမည်ရလာပြီဆိုရင် ဝေဖန်ချင်သူတွေရှိ လာတာလည်း ထုံးစံတစ်ခုပါပဲ။သူဇာကတော့ 12.6.2021 နေ့မှာ Minnesota က လူငယ်တွေဦးဆောင်ပြုလုပ်တဲ့ Youth for Myanmar ဆိုတဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းရန်ပုံငွေ‌ပွဲမှာ လူအားရောငွေအားပါစိုက်ထုတ်ပြီး ပြစ်တင်ဝေဖန်သူတွေရဲ့ စကားတွေကို လုပ်ရပ်တစ်ခုတည်းနဲ့ ချေပခဲ့ပါတယ်။

photo crd

ဒီပွဲလေးကိုတက်ရောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို ” 12.6.2021 နေ့က Minnesota မှာရှိတဲ့ လူငယ်တွေ ဦးဆောင်ပြုလုပ်သော Youth for Myanmar ဆိုတဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းရန်ပုံငွေ‌ပွဲလေးမှာ သူဇာလဲတတ်ရောက်ပြီး လူအားနဲ့ ပါဝင်အားဖြည့်ခွင့်ရခဲ့ သလို ကရင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင် မိဘပြည်သူများရဲ့ သောက်ရေသန့်အခက်အခဲ ဖြေရှင်းနိုင်စေရန် Water Filter အတွက် အလှူငွေ ကျပ်ဆယ်သိန်းကိုလည်း လှူဒါန်းခွင့် ရခဲ့ပါတယ်။

photo crd

ဒီပွဲကနေ ရရှိတဲ့အကျိုးအမြတ်တွေအားလုံးကို မြန်မာနိုင်ငံက စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခုလိုမျိုး နိုင်ငံရပ်ခြားကနေ ကိုယ့်နိုင်ငံအတွက်တတ်နိုင်တဲ့ဘက်ကနေ အားလုံးဝိုင်းဝန်းကြိုးစားပေး နေကြတာ မြင်ရတာ ပီတိဖြစ်ရသလို အားလည်းတတ်မိပါ တယ်။ သူဇာလည်းဒီလိုအချိန်မှာ ကိုယ့်နိုင်ငံ အတွက် လူအားရော ငွေ‌အားပါ တတ်နိုင်သလောက်ပါဝင် အားဖြည့်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါ တယ်။သူဇာ့ရဲ့ ချစ်ရတဲ့သူတွေ လည်း ဒီကာလမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြဖို့နဲ့ အားတင်းထားကြဖို့ မှာချင်ပါတယ်။  ” ဟုဆိုပြီး ပွဲတက်ရတဲ့အကြောင်းအရင်းနဲ့တကွ ပြောပြလာခဲ့ပါတယ်။

ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။