Daily News

ဆင်းရဲသား ဖိနပ်တိုက် ကလေးဘဝမှ အနစ်နာခံလွန်းတာကြောင့် သမ္မတဖြစ်လာသူ

၁၉၈၀ ကျော်ကာလဘရာဇီးနိုင်ငံမှာ ထားစရာမရှိအောင်ချမ်းသာသူနဲ့စားစရာမရှိအောင်ဆင်းရဲသူဆိုပြီးလူတန်းစားတအားကွာဟ နေချိန်မှာပေါ့။စားသောက်ဆိုင်ကြီးတစ်ခုထဲကားကြီးတစ်စီးဝင်လာတယ်။ ဆိုင်ပေါက်ဝကစုတ်တီးစုတ်ပြက်ကလေး ၃ ယောက်ကသူဌေးကြီးဖိနပ်တိုက်ပါရစေဝိုင်းအော်ကြတယ်။

သူဌေးကြီးဆိုသူလည်းဆိုင်ထဲဝင်ပြီးမှ နာလန်ထလိုအာ ဟာရချို့တဲ့နေတဲ့ ကလေးတွေကိုကြည့်ပြီး ပြန်လှည့်လာခဲ့တယ်။ဘယ်လောက်လည်းကွအားတတ်သရော ၂၀၀ ပါခင်ဗျ။ အေးဟုတ်ပြီ ၁၀ ဆပေးမယ်ကွာ ဘယ်သူကတိုက်မလဲတစ်ယောက်ချင်းဖြေပထမတစ်ယောက် ကျွန်တော်တိုက်မယ်။

မင်းဘာလို့တိုက်ချင်တာလဲကျွန်တော် တနေကုန်ဘာမှမစားရသေးလို့ပါ ။ အေးဟုတ်ပြီ ဒုတိယတစ်ယောက် မင်းကရောကျွန်တော်လည်း မစားရသေးဘူးအိမ်မှာ အမေကလည်းနေမကောင်းဘူးခင်ဗျ။

(အေ.. ဟုတ်လားအေးပါနောက်ဆုံးတစ်ယောက်မင်းကရော )ကျွန်တော်ကဦးလေးပေးတဲ့ဖိနပ်တိုက်ခကိုသူတို့နှစ်ယောက်ကိုပေးချင်လို့ပါဗျ ၊ (မင်းကဘာစားပြီးပြီလဲ)

ကျွန်တော်ကပေါင်မုန့်နှစ်ချပ်စားထားပါတယ် ။ အင်း ဟုတ်ပြီဒါဆိုမင်းတိုက်ကွာဆိုပြီးငွေ ၂၀၀၀ ထုတ်ပေးလိုက်တယ်။ ကောင်လေးကချက်ချင်းပဲသူ့သူငယ်ချင်းနှစ်ယောက်ကိုပိုက် ဆံခွဲပေး မင်းတို့ပြန်နှင့်ကြဆိုပြီးဝမ်းသာအားရဖိနပ်ကုန်းတိုက်ပါလေရောနောက်တော့အဲ့ဒီသူဌေးကြီးကသူ့ကိုအလုပ်ပေးတယ်။

အသက် ၄၅ နှစ်မှာအလုပ်သမားပါတီထောင်တယ်။သူ့ရဲ့ အနစ်နာခံစိတ်ကိုယ်ချင်းစာစိတ်တွေကြောင့်လူချစ် လူခင် ပေါလှပြီး၂၀၀၂ ခုနှစ် ရွေးကောက်ပွဲမှာဘရာဇီးနိုင်ငံရဲ့ ၃၅ ယောက်မြောက်သမ္မတ ဖြစ်လာခဲ့ပါတယ်။

သမ္မတ အမည်က Fernando Henrique Cardoso တဲ့ ဘယ်လို အခြေ အနေမျိုးဖြစ်ဖြစ်ကိုယ့်လောက် အဆင်မပြေဖြစ်နေသူတွေကိုအနစ်နာခံပါ။ကိုယ်ချင်းစာတရားထားပါ။မေတ္တာ အရင်းခံတဲ့စိတ်ထားထားရှိရင်ဘဝမှာ အောင်မြင်မှုတွေ ရလာမှာအသေအချာပါပဲဖြစ်ပါတယ်။
Crd

Zawgyi







Crd