Daily News

ခွင့်ပြုချက်မရဘဲ ချစ်သူကြောင်လေးက အနမ်းပေးလိုဆိုပြီး ဒေါသထွက်နေတဲ့ ကြောင်မလေး

ခွင့်ပြုချက်မရဘဲ ချစ်သူကြောင်လေးက အနမ်းပေးလိုဆိုပြီး ဒေါသထွက်နေတဲ့ ကြောင်မလေး

ဒီတစ်ခေါက်ဖော်ပြမဲ့ ကြောင်မလေးကတော့ ကပ်ကပ်လန် ခပ်ချေချေနေတတ်တဲ့ကြောင်လို့ ပြောရလောက်အောင်ပါပဲ ။ အကြောင်းကတော့ ကြောင်နှစ်ကောင်အတူထိုင်နိုင်စဉ် ကြောင်မလေးက ယားယံလို့ သူမရဲ့ခန္ဓာကိုယ်ကို ကုတ်နေခဲ့တာပါ ။ ဘေးနားထိုင်နေတဲ့ကြောင်ထီးလေးက ကြောင်မလေးပုံစံကချစ်ဖို့ကောင်းနေလို့ မနေနိုင်ဘဲ ရုတ်တရက်အနမ်းပေးလိုက်မိပါတယ်။

ဒါကို အခွင့်အရေးယူတယ်ဆိုပြီး ကြောင်မလေးက စိတ်ဆိုးဒေါသထွက်ကာ ‘ငါ့ကိုနမ်းရဲတယ်ပေါ့ နင်က”ဆိုတဲ့အထာနဲ့ ချက်ချင်ပြန်ရန်တွေ့ခဲ့လို့ ကြောင်ထီးခမျာ အတော်လေးကြောက်လန့်သွားပုံရပါတယ် ။ ကြောင်ချစ်သူတွေအတွက် စိတ်အမောဖြေရာဓာတ်ပုံလေးတွေဖြစ်မယ်လို့ မျှော်လင့်မိပါတယ် ။ ကြောင်လေးတွေတင်မဟုတ်ပဲ စာဖတ်ပရိတ်သတ်တွေထဲမှာလည်း ကိုယ့်ရဲ့လက်တွဲဖော်၊ ချစ်စရာကောင်မလေးတွေကိုလည်း အဲ့လိုခိုးခိုးနမ်းမှ ပိုချစ်မိမှာမဟုတ်လား..

.

.

Zawgyi


