AMAZING

သခင် အစာစားတိုင်း အသံပြဲကြီးနဲ့ အော်ဟစ်ကျယ်လောင်စွာ တောင်းစားတတ်တဲ့ ကြောင်လေးရဲ့ ပုံရိပ်လေးတွေ

ကြောင်တွေ အတော်များများက သာမာန်အချိန်ဆိုသခင်တွေအနား မကပ်ပေမဲ့ ၊ စားစရာတစ်ခုခုရှိပြီဆိုရင် သခင့်အနား ကပ်ချွဲတတ်ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ကြောင်လေးမှာလည်း သခင်အစားစားနေတာကိုမြင်ရင် တစ်ယောက်တည်းမစားနဲ့လေ ဆိုတဲ့ပုံစံမျိုးနဲ့ အော်ကြီးဟစ်ကျယ် အစာတောင်းစားလေ့ရှိပါတယ် ။

ဒါကို သခင်ဖြစ်သူကလည်း အစားအသောက်စားနေရင် အော်ကြီးဟစ်ကျယ်နိုင်လွန်းတဲ့ သူ့ရဲ့ကြောင်လေးပုံစံကို မိမိရရ ဓာတ်ပုံရိုက်ကူးပြီး social media ပေါ် ဝေမျှခဲ့ပါတယ် ။ တစ်ကယ့်ကို ဗိုလ်ကျလွန်းတဲ့ကြောင်လေးလို့ ပြောရမှာပဲနော် ။ စာဖတ်သူပရိတ်သတ်တွေထဲမှာလည်း ချစ်စရာ ချွဲတတ်တဲ့ ပူစီလေးတွေရှိနေမယ်လို့ထင်မိပါတယ်။

.

.

.

Jazz

Zawgyi



Jazz