Daily News Local News

ပြည်သူတွေရဲ့ဂုဏ်ပြုခြင်းခံလိုက်ရတဲ့ လေးစားဖွယ်မီးအိမ်ရှင် ဆရာဝန်မလေး

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အမှန်တရားကိုလိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင်များ ၊ ကျောင်းဆရာဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းများစတဲ့ ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းအသီးသီးများဟာ လူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ပေးကြတာ တွေ့ရပါတယ်။ ဒီလိုပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းများထဲမှာ ကျန်းမာရေးဝန်ထမ်းများကလည်း သူတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ စစ်ရှောင်ပြည်သူများကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတာ တွေ့ရပါတယ်။

အဲ့လိုကူညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ပြည်သူတွေရဲ့ လေးစားဂုဏ်ပြုခြင်းခံရတဲ့ အလုပ်သင်ဆရာဝန်မလေးတစ်ယောက်ရဲ့
ဂုဏ်သတင်းလေးကတော့ လတ်တလော လူမှုကွန်ယက်မှာ ပျံ့နှံ့လို့လာခဲ့ပါတယ်။ ဒီဆရာဝန်မလေးကလည်း လက်ရှိစစ်ဖြစ်ပွားနေတဲ့ မင်းတပ်မြို့လေးက စစ်ရှောင်ပြည်သူတွေကို သွားရောက်ကူညီပေးနေတဲ့ တစ်ယောက်ပဲဖြစ်ပါတယ်။

သူတတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ မိမိရဲ့ ကိုယ်ကျိုးကိုမငဲ့ပဲ သေနတ်သံ၊ ဗုံးသံတွေကြားမှာ
စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးကို ဂရုတစိုက်လုပ်ကိုင်ပေးနေတာဟာ တကယ့်ကို မွန်မြတ်လှပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ တောတောင်တွေထဲမှာ သာမန်ယောကျာ်းလေးတွေတောင် မလုပ်နိုင်တဲ့ စွန့်စားမှုတွေကြောင့် ချစ်တဲ့ပြည်သူတွေကလည်း လူမှုကွန်ယက်တွေမှာ ချီးကျူးဂုဏ်ပြုထားတာ တွေ့ရပါတယ်။

ဒါ့အပြင်သူမနဲ့ပတ်သက်ပြီး ပြည်သူတစ်ယောက်က ရေးသားဂုဏ်ပြုထားရာမှာလည်း သူပေါ့ကျွန်‌တော်လေးစားမိတဲ့အမျိုးသမီး သူပေါ့ မိဘက ကြိုးစားပြီးဆေးကျောင်းထားတာကို အေးဆေးမနေဘဲ စစ်ဖြစ်နေတဲ့နေရာမှာ သွားကူညီနေတယ်တဲ့လေ သူပေါ့ မိန်းကလေးတန်မဲ့ သာမန်ယောကျာ်းလေးတွေမလုပ်နိုင်တဲ့စွန့်စားမှုမျိုးလုပ်နိုင်တဲ့ အာဂအမျိုးသမီးလေးပေါ့ သူပေါ့ ကိုယ်ကျိုးကိုမငဲ့ပဲ တစ်ခါမှမတွေ့ဘူးမစုံဘူးတဲ့လူတွေအတွက် စာနာစိတ်လေးတစ်ခုနဲ့ စိတ်ရောလူပါကူညီနေလိုက်တာ သူပေါ့ ဂျုတီကုတ်လေးနဲ့ ariconခန်းထဲမှာ ဆေးလေးကုပြီးနေရင်ရတာကို သေနတ်သံတွေဗုံးသံတွေကြားမှာ သွားနေနေလေရဲ့

သူပေါ့ ရွယ်တူတွေ ကိုယ့်ဘ၀တက်လမ်းအတွက် ဘွဲ့လွန်စာမေးပွဲတွေဖြေ အပြိုင်ကြိုးစားနေတဲ့အချိန်မှာ သူကတော့ တောထဲတောင်ထဲမှာ အသပြာတစ်ပြားမှမရတဲ့အလုပ်ကို လုပ်နေလေသတဲ့ သူပေါ့ မိန်းကလေးတန်မဲ့ skin care အတွက်ပိုက်ဆံရှိဖို့ နေနေသာသာ မရွေးမုန့်ကို မျှစားရမဲ့အခြေအနေမှာ သွားနေလေရဲ့
သူပေါ့ အသပြာမရပေမယ့်

ပြည်သူတွေရဲ့ရင်ထဲကချစ်ခြင်းတွေအပြည့်၀ရထားတဲ့ ဆရာ၀န်မလေးလေ သူကြောင့်ပဲ ရခဲလှတဲ့လူဘ၀မှာ ကိုယ့်အတွက်ချည်း မစဉ်းစားပဲ သူများအတွက် စဉ်းစားပေးရမယ်ဆိုတာ သိလာတယ် သူကြောင့်ပဲ ကိုယ့်ဆုံးဖြတ်ချက်တစ်ခု ခိုင်မာလာခဲ့တယ် သူပေါ့ တကယ့် wonder woman ကြီးပါကွာ

မြန်မာပြည်သူတွေအတွက် မီးအိမ်ရှင်လူငယ်လေးတစ်‌ယောက်ဆိုပါတော့ ဆိုပြီး ခံစားချက်တွေပေါ်လွင်အောင် ရေးသားထားတာတွေ့ရပါတယ်။ ပရိသတ်တွေလည်း ကိုယ်ကျိုးမငဲ့ပဲ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ ဆရာဝန်မလေးကို ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ပါဦး။ c r d

Zawgyi

စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ အမွန္တရားကိုလိုလားၾကတဲ့ ျပည္သူေတြနဲ႕အတူ အႏုပညာရွင္မ်ား ၊ ေက်ာင္းဆရာဆရာမေတြနဲ႕ က်န္းမာေရးဝန္ထမ္းမ်ားစတဲ့ ဘက္ေပါင္းစုံက နိုင္ငံ့ဝန္ထမ္းအသီးသီးမ်ားဟာ လူထုလႈပ္ရွားမႈေတြမွာ ပူးေပါင္းပါဝင္ေပးၾကတာ ေတြ႕ရပါတယ္။ ဒီလိုပူးေပါင္းပါဝင္ေပးခဲ့ၾကတဲ့ နိုင္ငံ့ဝန္ထမ္းမ်ားထဲမွာ က်န္းမာေရးဝန္ထမ္းမ်ားကလည္း သူတို႔တတ္ေျမာက္ထားတဲ့ ပညာရပ္ေတြနဲ႕ တိုက္ပြဲျဖစ္ပြားေနတဲ့ ေနရာေဒသေတြမွာ စစ္ေရွာင္ျပည္သူမ်ားကို တတ္နိုင္တဲ့ဘက္ကေန ကူညီေပးေနတာ ေတြ႕ရပါတယ္။

အဲ့လိုကူညီေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြထဲမွာ ျပည္သူေတြရဲ႕ ေလးစားဂုဏ္ျပဳျခင္းခံရတဲ့ အလုပ္သင္ဆရာဝန္မေလးတစ္ေယာက္ရဲ႕
ဂုဏ္သတင္းေလးကေတာ့ လတ္တေလာ လူမႈကြန္ယက္မွာ ပ်ံ့ႏွံ႕လို႔လာခဲ့ပါတယ္။ ဒီဆရာဝန္မေလးကလည္း လက္ရွိစစ္ျဖစ္ပြားေနတဲ့ မင္းတပ္ၿမိဳ႕ေလးက စစ္ေရွာင္ျပည္သူေတြကို သြားေရာက္ကူညီေပးေနတဲ့ တစ္ေယာက္ပဲျဖစ္ပါတယ္။

သူတတ္ေျမာက္ထားတဲ့ ပညာရပ္ေတြနဲ႕ မိမိရဲ႕ ကိုယ္က်ိဳးကိုမငဲ့ပဲ ေသနတ္သံ၊ ဗုံးသံေတြၾကားမွာ
စစ္ေရွာင္ျပည္သူေတြရဲ႕ က်န္းမာေရးကို ဂ႐ုတစိုက္လုပ္ကိုင္ေပးေနတာဟာ တကယ့္ကို မြန္ျမတ္လွပါတယ္။ ခက္ခဲၾကမ္းတမ္းတဲ့ ေတာေတာင္ေတြထဲမွာ သာမန္ေယာက်ာ္းေလးေတြေတာင္ မလုပ္နိုင္တဲ့ စြန့္စားမႈေတြေၾကာင့္ ခ်စ္တဲ့ျပည္သူေတြကလည္း လူမႈကြန္ယက္ေတြမွာ ခ်ီးက်ဴးဂုဏ္ျပဳထားတာ ေတြ႕ရပါတယ္။

ဒါ့အျပင္သူမနဲ႕ပတ္သက္ၿပီး ျပည္သူတစ္ေယာက္က ေရးသားဂုဏ္ျပဳထားရာမွာလည္း သူေပါ့ကြၽန္‌ေတာ္ေလးစားမိတဲ့အမ်ိဳးသမီး သူေပါ့ မိဘက ႀကိဳးစားၿပီးေဆးေက်ာင္းထားတာကို ေအးေဆးမေနဘဲ စစ္ျဖစ္ေနတဲ့ေနရာမွာ သြားကူညီေနတယ္တဲ့ေလ သူေပါ့ မိန္းကေလးတန္မဲ့ သာမန္ေယာက်ာ္းေလးေတြမလုပ္နိုင္တဲ့စြန့္စားမႈမ်ိဳးလုပ္နိုင္တဲ့ အာဂအမ်ိဳးသမီးေလးေပါ့ သူေပါ့ ကိုယ္က်ိဳးကိုမငဲ့ပဲ တစ္ခါမွမေတြ႕ဘူးမစုံဘူးတဲ့လူေတြအတြက္ စာနာစိတ္ေလးတစ္ခုနဲ႕ စိတ္ေရာလူပါကူညီေနလိုက္တာ သူေပါ့ ဂ်ဳတီကုတ္ေလးနဲ႕ ariconခန္းထဲမွာ ေဆးေလးကုၿပီးေနရင္ရတာကို ေသနတ္သံေတြဗုံးသံေတြၾကားမွာ သြားေနေနေလရဲ႕

သူေပါ့ ႐ြယ္တူေတြ ကိုယ့္ဘ၀တက္လမ္းအတြက္ ဘြဲ႕လြန္စာေမးပြဲေတြေျဖ အၿပိဳင္ႀကိဳးစားေနတဲ့အခ်ိန္မွာ သူကေတာ့ ေတာထဲေတာင္ထဲမွာ အသျပာတစ္ျပားမွမရတဲ့အလုပ္ကို လုပ္ေနေလသတဲ့ သူေပါ့ မိန္းကေလးတန္မဲ့ skin care အတြက္ပိုက္ဆံရွိဖို႔ ေနေနသာသာ မေ႐ြးမုန့္ကို မွ်စားရမဲ့အေျခအေနမွာ သြားေနေလရဲ႕
သူေပါ့ အသျပာမရေပမယ့္

ျပည္သူေတြရဲ႕ရင္ထဲကခ်စ္ျခင္းေတြအျပည့္၀ရထားတဲ့ ဆရာ၀န္မေလးေလ သူေၾကာင့္ပဲ ရခဲလွတဲ့လူဘ၀မွာ ကိုယ့္အတြက္ခ်ည္း မစဥ္းစားပဲ သူမ်ားအတြက္ စဥ္းစားေပးရမယ္ဆိုတာ သိလာတယ္ သူေၾကာင့္ပဲ ကိုယ့္ဆုံးျဖတ္ခ်က္တစ္ခု ခိုင္မာလာခဲ့တယ္ သူေပါ့ တကယ့္ wonder woman ႀကီးပါကြာ

ျမန္မာျပည္သူေတြအတြက္ မီးအိမ္ရွင္လူငယ္ေလးတစ္‌ေယာက္ဆိုပါေတာ့ ဆိုၿပီး ခံစားခ်က္ေတြေပၚလြင္ေအာင္ ေရးသားထားတာေတြ႕ရပါတယ္။ ပရိသတ္ေတြလည္း ကိုယ္က်ိဳးမငဲ့ပဲ စစ္ေရွာင္ျပည္သူေတြကို ကူညီေပးေနတဲ့ ဆရာဝန္မေလးကို ဂုဏ္ျပဳစကားေလးေတြ ေျပာေပးခဲ့ပါဦး။ c r d