AMAZING
တိုက်တန်းနစ် သင်္ဘောထက် ပေ ၃၀၀ ခန့် ပိုရှည်တဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး အပျော်စီးသင်္ဘောကြီး
ဒီ Allure of the Seas င်္ဘောကြီးကို ပြင်သစ်နိုင်ငံမှာ ၂၀၀၆ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး Royal Caribbean Cruises Ltd က တာ၀န်ယူ တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။
အရှည်ပေ ၁၁၈၇ ရှိပြီး ဒါဟာ အီဖယ်တာဝါထက် ၁၂၄ပေ ပိုရှည်ပြီး တိုက်တန်းနစ် သင်္ဘောထက် ပေပေါင်း ၃၀၀ကျော်ပိုရှည်ပါတယ်။ စုစုပေါင်းကုန်ကျငွေ ၁.၂ဘီလီယံ ကုန်ကျခဲ့ပါတယ်။
ဒီသင်္ဘောကြီးပေါ်မှာ သစ်ပင်စုစုပေါင်း ၁သောင်းကျော်ကို စိုက်ပျိုးထားပြီး ၊ အထပ်ပေါင်း ၁၈ ထပ် ၊ စားသောက်ဆိုင် ၁၆ ဆိုင် ၊ ကော်ဖီဆိုင် နဲ့စျေး၀ယ်စင်တာများအပြင် ၊ အပန်းဖြေ ကစားကွင်းတွေလည်း ပါရှိပါတယ်။ ထိုင်ခုံပေါင်း ၁၃၈၀ပါ၀င်တဲ့ ခန်းမလည်း ရှိပါတယ်။
ခရီးသည် စုစုပေါင်း၆၂၉၆ဦး လိုက်ပါစီးနင်းနိုင်တဲ့ သင်္ဘောကြီးဖြစ်ပါတယ်။ ကျယ်၀န်းလွန်းတာကြောင့် ကိုယ့်အခန်းကို လိုက်ရှာဖို့ GPS ကို သုံးရတယ်လို့ ဆိုကြပါတယ်။
Credit :သုတဇုန်
Credit :သုတဇုန်