AMAZING

သွားလေရာ ယူဆောင်သွားလို့ရပြီး Ro ချင်တဲ့သူတွေအတွက် အဆင်ပြေစေမဲ့ လည်ပင်းစွတ်ထည့်ရတဲ့ စားပွဲခုံ

ဒီတစ်ခေါက်ဖော်ပြမဲ့ စားပွဲခုံကတော့ ကြည့်လိုက်တာနဲ့အတော့်ကို ရယ်မောမိစေမှာပ ။ အကြောင်းကတော့ လူနှစ်ယောက်ရှိမှ စားပွဲခုံကို အသုံးပြုလို့ရမှာဖြစ်ပါတယ် ။ စားပွဲခုံကတော့ လူနှစ်ယောက် လည်ပင်းစွတ်ထည့်ရမှာဖြစ်ပြီး ၊ စားပွဲခုံမှာ ရေခွက်ထည့်လို့ရတဲ့နေရာလည်း ပါရှိပြီး ၊ ပါးစပ်သုတ်လို့ရမဲ့ ပဝါလည်း ပါရှိပါသေးတယ် ။ နှစ်ယောက်ထပ်ပိုပြီး အသုံးပြုရင်တော့ အဆင်မပြေလောက်ပါဘူး ။ အပြင်ထွက်ချိန်းတွေ့ကြမဲ့ စုံတွဲတွေအတွက်တော့ ပိုရင်းနှီးမှုရစေမဲ့ စားပွဲခုံလေးလို့ ထင်မြင်မိပါတယ်လေ ။

.

.

.

Zawgyi

 
