AMAZING

အခြားဆင်တွေနဲ့မတူဘဲ ထူးခြားလွန်းတဲ့ ချစ်စရာဆံပင်နဲ့မို့ နာမည်ကျော်ကြားနေတဲ့ ဆင်မလေး

တနင်္ဂနွေနေ့တွင် ချင်းမိုင် မှာရှိတဲ့ Maetaeng Elephant Park & Clinic တိရိစ္ဆာန်ဥယျာဉ်မှာ Bunma ဆိုတဲ့ နာမည်နဲ့ အသက် ၇၀ အရွယ် ဆင်မတစ်ကောင်ရဲ့ ထူးခြားဖွယ်ဓာတ်ပုံကို စောင့်ရှောက်ရေးသမား တွေက အင်တာနက်ပေါ် ဝေမျှခဲ့ပါတယ်။ ၎င်းဆင်မဟာ ချစ်စရာကောင်းတဲ့ Bang နဲ့ အတူ သူမရဲ့ အံ့ဖွယ်ဆံပင်တွေကြောင့် ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့ပါတယ်။ ထို post ကို အင်တာနက်မှာ အကြိမ်ပေါင်း ၁၀၀၀ ကျော် မျှဝေခဲ့ကြပြီး netizens မှ မှတ်ချက် ၂၀၀ ကျော် နဲ့ ဆင်မအား သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ပြသခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ တောရိုင်းတိရိစ္ဆာန်သတင်းအေဂျင်စီ Forest for Wild Life ဟာ Bunma ရဲ့ ဓာတ်ပုံကို Twitter မှာလည်း ဖော်ပြခဲ့ပြီး ၎င်းကို ယနေ့အထိ အကြိမ်ပေါင်း ၁၄၀၀၀ ကျော် ပြန်လည်ဝေမျှခံရပါတယ်။ ထိုင်း netizens များက ဆင်တွေဆီမှာ အလွန်ရှားပါးအင်္ဂါရပ်ကို ပိုင်ဆိုင်ထားတဲ့ Bunma ရဲ့ ဆံပင်ကို ချက်ချင်းထောက်ပြခဲ့ပါတယ်။ ဒီတစ်ချက်ကိုကြည့်တော့ ဒီဆင်အဖွားကြီးက သူမရဲ့ခေါင်းမှာ ချစ်စရာကောင်းတဲ့ အချက်များရှိနေပါတယ်။

အကယ်လို့ သွားရောက်လည်ပတ်ချင်ရင် ချင်းမိုင်မြို့မှ မြောက်ဘက် ကီလိုမီတာ ၅၀ အကွာမှာ Maetaeng Elephant Park & Clinic တိရိစ္ဆာန်ဥယျာဉ် ရှိနေပါတယ်။ ဧည့်သည်များအားလုံးမတွက် Bunma နဲ့ အခြားဆင်များကို လူကိုယ်တိုင် အခမဲ့သွားရောက်ကြည့်ရှုနိုင်ပါတယ်။ ထို့အပြင် ပန်းခြံတွေမှာ ပန်းချီကားများ နဲ့ ဆင်နွှဲထားတဲ့ ဆင်ပြပွဲများကို တနင်္ဂနွေနေ့များ နဲ့ အစိုးရရုံးပိတ်ရက်များမှာ ကစားနိုင်ပါတယ်။ တကယ်လို့ သင်က Chiang Mai ကို သွားရောက်ရန် စီစဉ်ထားပါက Bunma ရှိတဲ့နေရာ Maetaeng Elephant Park & Clinic တိရိစ္ဆာန်ဥယျာဉ်ကိုလည်း သွားရောက်လည်ပတ်ဖို့မမေ့နဲ့နော်။

ခ ရက် ဒစ်

Zawgyi

တနဂၤေႏြေန႕တြင္ ခ်င္းမိုင္ မွာရွိတဲ့ Maetaeng Elephant Park & Clinic တိရိစာၦန္ဥယ်ာဥ္မွာ Bunma ဆိုတဲ့ နာမည္နဲ႕ အသက္ ၇၀ အ႐ြယ္ ဆင္မတစ္ေကာင္ရဲ႕ ထူးျခားဖြယ္ဓာတ္ပုံကို ေစာင့္ေရွာက္ေရးသမား ေတြက အင္တာနက္ေပၚ ေဝမွ်ခဲ့ပါတယ္။ ၎ဆင္မဟာ ခ်စ္စရာေကာင္းတဲ့ Bang နဲ႕ အတူ သူမရဲ႕ အံ့ဖြယ္ဆံပင္ေတြေၾကာင့္ ဆိုရွယ္မီဒီယာေပၚ ပ်ံ့ႏွံ႕ခဲ့ပါတယ္။ ထို post ကို အင္တာနက္မွာ အႀကိမ္ေပါင္း ၁၀၀၀ ေက်ာ္ မွ်ေဝခဲ့ၾကၿပီး netizens မွ မွတ္ခ်က္ ၂၀၀ ေက်ာ္ နဲ႕ ဆင္မအား သူတို႔ရဲ႕ခ်စ္ျခင္းေမတၱာကို ျပသခဲ့ပါတယ္။

ထိုင္းနိုင္ငံရဲ႕ ေတာရိုင္းတိရိစာၦန္သတင္းေအဂ်င္စီ Forest for Wild Life ဟာ Bunma ရဲ႕ ဓာတ္ပုံကို Twitter မွာလည္း ေဖာ္ျပခဲ့ၿပီး ၎ကို ယေန႕အထိ အႀကိမ္ေပါင္း ၁၄၀၀၀ ေက်ာ္ ျပန္လည္ေဝမွ်ခံရပါတယ္။ ထိုင္း netizens မ်ားက ဆင္ေတြဆီမွာ အလြန္ရွားပါးအဂၤါရပ္ကို ပိုင္ဆိုင္ထားတဲ့ Bunma ရဲ႕ ဆံပင္ကို ခ်က္ခ်င္းေထာက္ျပခဲ့ပါတယ္။ ဒီတစ္ခ်က္ကိုၾကည့္ေတာ့ ဒီဆင္အဖြားႀကီးက သူမရဲ႕ေခါင္းမွာ ခ်စ္စရာေကာင္းတဲ့ အခ်က္မ်ားရွိေနပါတယ္။

အကယ္လို႔ သြားေရာက္လည္ပတ္ခ်င္ရင္ ခ်င္းမိုင္ၿမိဳ႕မွ ေျမာက္ဘက္ ကီလိုမီတာ ၅၀ အကြာမွာ Maetaeng Elephant Park & Clinic တိရိစာၦန္ဥယ်ာဥ္ ရွိေနပါတယ္။ ဧည့္သည္မ်ားအားလုံးမတြက္ Bunma နဲ႕ အျခားဆင္မ်ားကို လူကိုယ္တိုင္ အခမဲ့သြားေရာက္ၾကည့္ရႈနိုင္ပါတယ္။ ထို႔အျပင္ ပန္းၿခံေတြမွာ ပန္းခ်ီကားမ်ား နဲ႕ ဆင္ႏႊဲထားတဲ့ ဆင္ျပပြဲမ်ားကို တနဂၤေႏြေန႕မ်ား နဲ႕ အစိုးရ႐ုံးပိတ္ရက္မ်ားမွာ ကစားနိုင္ပါတယ္။ တကယ္လို႔ သင္က Chiang Mai ကို သြားေရာက္ရန္ စီစဥ္ထားပါက Bunma ရွိတဲ့ေနရာ Maetaeng Elephant Park & Clinic တိရိစာၦန္ဥယ်ာဥ္ကိုလည္း သြားေရာက္လည္ပတ္ဖို႔မေမ့နဲ႕ေနာ္။

ခ ရက္ ဒစ္