CELEBRITY NEWS

ပြည်သူ ချစ် တဲ့ အနုပညာ ရှင် တွေ အတွက် သတင်းကောင်း

မဂ်လာပါ ပရိတ်သတ်ကြီးရေ

သရုပ်ဆောင် ဦးဇင်ဝိုင်း အေသင်ချိုဆွေ နည်းတူ အနုပညာရှင် အချို့ကို အမူ့ တွေပိတ်သိမ်းပေး တော့မည်ဟု နစက သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ပြောကြား

ပုဒ်မ ၅၀၅ က ဖြင့်အမှု့ ဖွင့်ခံထားရတဲ့ အနုပညာရှင် အချို့ကို အမှု တွေကို ပိတ်သိမ်းပေးမယ်လို့ နစက သတင်းထုတ်ပြန် ရေးအဖွဲ့ ခေါင်းဆောင် ကပြောပါတယ်။ ဇွန်လ ၁၂ ရက်က နေပြည်တော် မှာပြုလုပ်တဲ့ နစက သတင်းထုတ် ပြန်ရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တစ်ဦး ရဲ့မေးခွန်းကို ဖြေကြားရာမှာ နကစ က ယခုလို ပြောကြားသွားခဲ့ တာဖြစ်ပါတယ်။

CDM ဝန်ထမ်းတွေကို ဆောင်ရွက်တဲ့ အဆင့်အတိုင်းပုဒ်မ ၅၀၅ က နှင့်အမှု့ ဖွင့်ထားတဲ့ အနုပညာရှင် အချို့ကို အမှု့ ပိတ်သိမ်း ပေးဖို့အစီအစဉ် ရှိပါတယ်။

အမှု့ပိတ် သိမ်းဖို့ဆောင်ရွက် ရာမှာတော့ အကြမ်းဖျင်း အားဖြင့် CDM ဝန်ထမ်းတွေ အချိန်မီ လုပ်ငန်းခွင် ပြန်ဝင်လာ အောင်ဆောင်ရွက် တဲ့အဆင့်အတိုင်းပဲ ဆောင်ရွက်ပေး လျှက်ရှိပါတယ်လို့ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ကပြောကြားခဲ့ပါတယ်။

ဘယ်သူတွေ အမှုပိတ်သိမ်း ခံရနိုင်သလဲအနုပညာ ရှင် တွေနှင့်ပတ် သက်ပြီး တော့ ပထမအဆင့်ကပြစ်မှု့ ကျူးလွန်မထားသူတွေ CDM ကိစ္စ Social Bullying မှာထဲထဲဝင်ဝင် လှုံ့ဆော် တာ မလုပ်ခဲ့တဲ့ သူတွေကို သူတို့ရဲ့လူမှူ့ ရေးကိစ္စတွေ လူမှု့စီးပွား ကိစ္စတွေ ကိုထောက်ထား ပြီးပြန်လည်ကုစားမူ့ တွေဆောင်ရွက် ပေးလျှက် ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ရက်များအတွင်း အနုပညာရှင် အချို့ဖမ်းဆီး ထိန်းသိမ်းခံရာက ပြန်လွတ်လာတာကိုလည်း သူက အတည်ပြုခဲ့ပါတယ်။ လွတ် မြောက်ဖို့ငွေပေး ရတယ်ဆိုတဲ့ကောလာဟလ အချို့ကိုလည်း သူက ထပ်မံ ငြင်းဆိုပါတယ်။