AMAZING

ရေကန်ဘေးမှာ လဲနေရှာတဲ့ မျက်မမြင် အဖွားအိုကို စောင့်ရှောက်ပေးနေခဲ့တဲ့ လမ်းဘေးခွေးလေး ၂ကောင်

ခွေးလေးတွေဟာ သူတို့ကိုအစာကျွေးမွေးခဲ့ဖူးတဲ့ ကျေးဇူးရှင်တွေကို လုံးဝမမေ့ဘဲ သစ္စာရှိရှိကာကွယ်ပေးတတ်တဲ့ တိရစ္ဆာန်လေးတွေပဲဖြစ်ပါတယ်နော်။ ဒီတစ်ခေါက် social media ပေါ်မှာ အတော်လေးရေပန်းစားနေတဲ့ အဖြစ်အပျက်လေးတစ်ခုဟာလည်း လူအများရဲ့ရင်ထဲကို ခံစားသွားစေခဲ့မိပါတယ်။

ဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ရေကန်ဘေးလေးတစ်ခုဘေးမှာ ခွေးလေးနှစ်ကောင်ဟာ အချိန်အတော်ကြာထိုင်စောင့်နေခဲ့တာကို တွေ့ရှိရမှာပါ ။ ခွေးလေးတွေ ဘာလုပ်နေတာလဲဆိုပြီး အနီးကပ်ကြည့်ရှုလိုက်တဲ့ချိန်မှာတော့ အဆိုပါရေကန်ဘေးမှာ အဘွားအိုတစ်ယောက်ဟာ အိပ်မောကျနေခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။

အဆိုပါ ဓာတ်ပုံတွေကို social media ပေါ်မှာ ဝေမျှပေးခဲ့သူရဲ့ ပြောပြချက်အရ အဘွားအိုဟာ အမှန်တကယ်တော့ အိုးမဲ့အိမ်မဲ့နေထိုင်နေရသူဖြစ်တဲ့အပြင် မျက်မမြင်အဘွားအို တစ်ယောက်လည်းဖြစ်နေခဲ့ပြီး ၊ သူမဟာ အဆိုပါလမ်းဘေးခွေးနှစ်ကောင်ကို ဂရုစိုက်ပြီး အစားအစာများကျွေးမွေးခဲ့လို့ ခွေးလေးတွေက အဘွားအိုနောက်ကို တကောက်ကောက်လိုက်နေခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

အမှန်တကယ်တော့ ခွေးလေးတွေဟာ အဘွားအို အိပ်နေစဉ် တကယ့်အုပ်ထိန်းသူတွေလို အဘွားအိုကို ကာကွယ်ပေးနေခဲ့တာဖြစ်ပါတယ် ။ဒါကြောင့် ရှေးလူကြီးတွေပြောနေကြစကားအတိုင်း ခွေးလေးတွေဟာ လူတွေရဲ့တကယ့်မိတ်ဆွေအရင်း တွေပဲဆိုပြီး အခုဖော်ပြတဲ့ ခွေးလေးတွေက သက်သေပြလိုက်တာပါပဲ ။ ဒါကြောင့် သင်တို့အိမ် ကခွေးတွေအပြင် လမ်း​ဘေးခွေးလေးတွေကို ဂရုဏာထားပါလို့ တောင်းဆိုချင်ပါတယ်။

Zawgyicode

ေခြးေလးေတြဟာ သူတို႔ကိုအစာေကြၽးေမြးခဲ့ဖူးတဲ့ ေက်းဇူးရွင္ေတြကို လုံးဝမေမ့ဘဲ သစၥာရွိရွိကာကြယ္ေပးတတ္တဲ့ တိရစာၦန္ေလးေတြပဲျဖစ္ပါတယ္ေနာ္။ ဒီတစ္ေခါက္ social media ေပၚမွာ အေတာ္ေလးေရပန္းစားေနတဲ့ အျဖစ္အပ်က္ေလးတစ္ခုဟာလည္း လူအမ်ားရဲ႕ရင္ထဲကို ခံစားသြားေစခဲ့မိပါတယ္။

ျဖစ္စဥ္ကေတာ့ ထိုင္းနိုင္ငံမွာရွိတဲ့ ေရကန္ေဘးေလးတစ္ခုေဘးမွာ ေခြးေလးႏွစ္ေကာင္ဟာ အခ်ိန္အေတာ္ၾကာထိုင္ေစာင့္ေနခဲ့တာကို ေတြ႕ရွိရမွာပါ ။ ေခြးေလးေတြ ဘာလုပ္ေနတာလဲဆိုၿပီး အနီးကပ္ၾကည့္ရႈလိုက္တဲ့ခ်ိန္မွာေတာ့ အဆိုပါေရကန္ေဘးမွာ အဘြားအိုတစ္ေယာက္ဟာ အိပ္ေမာက်ေနခဲ့တာကို ေတြ႕ရွိခဲ့ရပါတယ္ ။

အဆိုပါ ဓာတ္ပုံေတြကို social media ေပၚမွာ ေဝမွ်ေပးခဲ့သူရဲ႕ ေျပာျပခ်က္အရ အဘြားအိုဟာ အမွန္တကယ္ေတာ့ အိုးမဲ့အိမ္မဲ့ေနထိုင္ေနရသူျဖစ္တဲ့အျပင္ မ်က္မျမင္အဘြားအို တစ္ေယာက္လည္းျဖစ္ေနခဲ့ၿပီး ၊ သူမဟာ အဆိုပါလမ္းေဘးေခြးႏွစ္ေကာင္ကို ဂ႐ုစိုက္ၿပီး အစားအစာမ်ားေကြၽးေမြးခဲ့လို႔ ေခြးေလးေတြက အဘြားအိုေနာက္ကို တေကာက္ေကာက္လိုက္ေနခဲ့တာျဖစ္ေၾကာင္း သိရွိရပါတယ္။

အမွန္တကယ္ေတာ့ ေခြးေလးေတြဟာ အဘြားအို အိပ္ေနစဥ္ တကယ့္အုပ္ထိန္းသူေတြလို အဘြားအိုကို ကာကြယ္ေပးေနခဲ့တာျဖစ္ပါတယ္ ။ဒါေၾကာင့္ ေရွးလူႀကီးေတြေျပာေနၾကစကားအတိုင္း ေခြးေလးေတြဟာ လူေတြရဲ႕တကယ့္မိတ္ေဆြအရင္း ေတြပဲဆိုၿပီး အခုေဖာ္ျပတဲ့ ေခြးေလးေတြက သက္ေသျပလိုက္တာပါပဲ ။ ဒါေၾကာင့္ သင္တို႔အိမ္ ကေခြးေတြအျပင္ လမ္း​ေဘးေခြးေလးေတြကို ဂ႐ုဏာထားပါလို႔ ေတာင္းဆိုခ်င္ပါတယ္။