CELEBRITY NEWS

ပိုပိုနဲ့ပက်သက်ပြီး ထွက်နေတဲ့သတင်းအမှားတွေအပေါ် အင်းစိန်ထောင်၀င်စာသွားတွေ့ခဲ့တဲ့ မိသားစု၀င်တစ်ဦးမှ ပြန်လည်ဖြေရှင်း

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပိုပို ကတော့ သီချင်းအေးအေးလေးတွေကို ချိုသာတဲ့အသံလေးနဲ့သီဆို ဖျော်ဖြေရင်း ပရိတ်သတ်အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အဆိုတော်ပိုပိုကလတ်တလောမြန်မာနိုင်ငံ မှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ် သက်ပြီးပြည်သူလူထုနဲ့အတူ သူမတတ်နိုင်တဲ့ဘက်ကနေအပြည့်အဝတစ်သားတည်းရပ်တည်ပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်..။

အခုလိုမျိုးလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်ဝရမ်းထုတ်ခံခဲ့ရပြီး သူမရဲ့နေအိမ်မှာပဲဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။အဆိုတော် ပိုပို တစ်ယောက် ဖမ်းဆီးခံလိုက်ရတဲ့ အချိန်မှာ သူမကိုချစ်တဲ့ပရိတ်သတ်တွေဟာဆိုရင် အလွန်ပဲဝမ်းနည်းကြေကွဲခဲ့ကြရတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာဆိုရင် လည်းအဆိုတော် ပိုပို ရဲ့သတင်းမှားတွေ မကြာခဏ တက်နေပေမဲ့ သူမဟာ အင်းစိန် ထောင်အတွင်း ကျန်းမာစွာရှိကြောင်း ကိုဇွန်လ ၁၀ ရက်နေ့မှာ ကိုယ်တိုင် ထောင်ဝင်စာသွားတွေ့ခဲ့သူ မိသားစုဝင်က အခုလိုပြောပြခဲ့ပါတယ်..။

” ပိုပို ကျန်းမာရေးလည်းကောင်းတယ်၊ ဖေ့ဘွတ်ခ်မှာ တက်နေသလို ရူးလည်း မရူးသွား သလို၊ သေလည်း မသေပါဘူး ၊ အစစ အရာရာ အဆင်ပြေပါတယ်။ ပိုပို နဲ့ အတူ အခြား အနုပညာရှ င်တွေလည်းရှိတော့ သူတို့အားလုံးလည်း ကျန်းမာရေးကောင်းကြတယ် ။ တခြား ထွေထွေထူးထူး ဘာမှ လုပ်စရာ မရှိတော့ စာအုပ်ဖတ်တယ်၊ ဘုရားတရားပို လုပ်ဖို့ အချိန်ရတယ်လို့ သူကပြောပါတယ်။ နောက် ပရိသတ်တွေကို လည်း အခြေမြစ်မရှိတဲ့ သတင်းအမှားတွေ အပေါ် မစိုးရိမ်ကြပါနဲ့ လို့လည်း ပြောချင်ပါတယ် ” လို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်နော်။

နိုင်ငံကျော်အဆိုတော် ပိုပိုတစ်ယောက် အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး ချစ်တဲ့ပရိတ်သတ်တွေနဲ့ အရင်လိုပဲသီချင်းကောင်းလေးတွေသီဆိုရင်းပျော် ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအား
လုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။ crd

Zawgyi

ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ပိုပို ကေတာ့ သီခ်င္းေအးေအးေလးေတြကို ခ်ိဳသာတဲ့အသံေလးနဲ႕သီဆို ေဖ်ာ္ေျဖရင္း ပရိတ္သတ္အားေပးမႈကို အျပည့္အဝရရွိခဲ့တဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။အဆိုေတာ္ပိုပိုကလတ္တေလာျမန္မာနိုင္ငံ မွာျဖစ္ေပၚေနတဲ့ အေျခအေနနဲ႕ ပတ္ သက္ၿပီးျပည္သူလူထုနဲ႕အတူ သူမတတ္နိုင္တဲ့ဘက္ကေနအျပည့္အဝတစ္သားတည္းရပ္တည္ေပးခဲ့တဲ့သူလည္းျဖစ္ပါတယ္..။

အခုလိုမ်ိဳးလူထုလႈပ္ရွားမႈမွာပါဝင္ခဲ့တဲ့အတြက္ ပုဒ္မ ၅၀၅ (က) နဲ႕အမႈဖြင့္ဝရမ္းထုတ္ခံခဲ့ရၿပီး သူမရဲ႕ေနအိမ္မွာပဲဖမ္းဆီးခံလိုက္ရတာျဖစ္ပါတယ္။အဆိုေတာ္ ပိုပို တစ္ေယာက္ ဖမ္းဆီးခံလိုက္ရတဲ့ အခ်ိန္မွာ သူမကိုခ်စ္တဲ့ပရိတ္သတ္ေတြဟာဆိုရင္ အလြန္ပဲဝမ္းနည္းေၾကကြဲခဲ့ၾကရတာပဲျဖစ္ပါတယ္။ ဒီတစ္ခါမွာဆိုရင္ လည္းအဆိုေတာ္ ပိုပို ရဲ႕သတင္းမွားေတြ မၾကာခဏ တက္ေနေပမဲ့ သူမဟာ အင္းစိန္ ေထာင္အတြင္း က်န္းမာစြာရွိေၾကာင္း ကိုဇြန္လ ၁၀ ရက္ေန႕မွာ ကိုယ္တိုင္ ေထာင္ဝင္စာသြားေတြ႕ခဲ့သူ မိသားစုဝင္က အခုလိုေျပာျပခဲ့ပါတယ္..။

” ပိုပို က်န္းမာေရးလည္းေကာင္းတယ္၊ ေဖ့ဘြတ္ခ္မွာ တက္ေနသလို ႐ူးလည္း မ႐ူးသြား သလို၊ ေသလည္း မေသပါဘူး ၊ အစစ အရာရာ အဆင္ေျပပါတယ္။ ပိုပို နဲ႕ အတူ အျခား အႏုပညာရွ င္ေတြလည္းရွိေတာ့ သူတို႔အားလုံးလည္း က်န္းမာေရးေကာင္းၾကတယ္ ။ တျခား ေထြေထြထူးထူး ဘာမွ လုပ္စရာ မရွိေတာ့ စာအုပ္ဖတ္တယ္၊ ဘုရားတရားပို လုပ္ဖို႔ အခ်ိန္ရတယ္လို႔ သူကေျပာပါတယ္။ ေနာက္ ပရိသတ္ေတြကို လည္း အေျချမစ္မရွိတဲ့ သတင္းအမွားေတြ အေပၚ မစိုးရိမ္ၾကပါနဲ႕ လို႔လည္း ေျပာခ်င္ပါတယ္ ” လို႔ ေျပာလာခဲ့တာပဲျဖစ္ပါတယ္ေနာ္။

နိုင္ငံေက်ာ္အဆိုေတာ္ ပိုပိုတစ္ေယာက္ အျမန္ဆုံးျပန္လည္လြတ္ေျမာက္ၿပီး ခ်စ္တဲ့ပရိတ္သတ္ေတြနဲ႕ အရင္လိုပဲသီခ်င္းေကာင္းေလးေတြသီဆိုရင္းေပ်ာ္ ႐ႊင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႉ႕ေပးၾကတဲ့ပရိတ္သတ္ႀကီးအား
လုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။ crd