Local News

စွန့်ပစ်ခံခဲ့ရတဲ့ (၅) ရက်သားကလေးငယ်လေးကို မေတ္တာစိတ်အပြည့်နဲ့ ထပ်မံကူညီမွေးစားလိုက်တဲ့ ခိုင်နှင်းဝေ

ချစ်လှစွာသောပရိတ်သတ်ကြီးရေ မတစ်ထောင်သားသမီးတွေကိုမေတ္တာ ထားပြီးထိန်းကျောင်းရတာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ မလွယ်တဲ့အလုပ်ကိုမှ စေတနာထားပြီးလုပ်တဲ့ မေမေခိုင်နှင်းဝေဟာ လေးစားအတုယူစရာ အမျိုးသမီး တစ်ယောက်ပါ ။ ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးမမွေးထားရပေမယ့် ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ မိခင်တစ်ယောက်လို အသေးစိတ်ဂရုစိုက်ပြီး လိုလေသေးမရှိအောင် ဖြည့်ဆည်းပြီး ချစ်တတ်လွန်းသူပါ။ ရင်ခွင်မဲ့နေတဲ့ ကလေးငယ်လေးတွေကို မိခင်တစ်ယောက်ရဲ့ မေတ္တာစိတ်နဲ့ နွေးထွေးပေးပြီး အေးချမ်းလုံခြုံတဲ့ သူမရဲ့အရိပ်အမြုံလေးမှာ ခေါ်ယူေ စာင့်ရှောက်ပေးခဲ့ သူပါ..။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ဖြူးမြို့မှာစွန့်ပစ်ခံထားရတဲ့ ငါးရက်သားကလေးငယ်လေးကို ခေါ်ယူစောင့်ရှောက်ခဲ့ပြီး ကလေးရဲ့ကျန်းမာရေးကိစ္စတွေကိုလည်း တာဝန်ယူပေးခဲ့ပါတယ်။ ခိုင်မိသားစုထဲရောက်လာတဲ့သားသမီးတိုင်းကို ခိုင်ပါတဲ့ချစ်စရာနာမည်လေးတွေပေးတတ်ပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တိုးတက်ကောင် းမွန်လာအောင် ပြုစုတတ်သူပါ။ခိုင်နှင်းဝေ ဂေဟာမှာရှိတဲ့ကလေးတွေဟာ မေမေခိုင်နှင်းဝေကိုသိပ်ချစ်ကြပြီး မေမေ့ရဲ့မေတ္တာကြောင့် အစွမ်းကုန်ပွင့်လန်းလာတော့မယ့် ပန်းကလေးတွေ အဖြစ်နဲ့ ပျော်ရွှင်နေကြရပါတယ်..။

ကလေးတိုင်းကို ကျောသားရင်သားမခွဲခြားဘဲ စောင့်ရှောက်ပေးသလို နောက်ထပ်ကလေးတွေ အများကြီးကို ကယ်တင်နိုင်ဖို့ ဒီထက်ပိုကြီးတဲ့ ဂေဟာကြီးတစ်ခုကိုလည်း ဆောက်လုပ်နေခဲ့ပါတယ် ။ ဖြူးမြို့ကခေါ်ယူစောင့်ရှောက်လိုက်တဲ့ သားလေးရဲ့အနှီးထုပ်ထဲက ချစ်စဖွယ်ပုံရိပ်လေးကို ” ချစ်စရာ စိန်ကတုံးလေး” ဟုဆိုပြီး သူမရဲ့လူမှုကွန်ရက်မှာဝေမျှခဲ့ပါ တယ်။မေတ္တာနဲ့ကြည့်ရင် အရာရာဟာလှပလွန်းပါတယ်။ မေမေခိုင်နှင်းဝေဟာ ကူကယ်ရာမဲ့နေတဲ့ ကလေးငယ်လေးတွေရဲ့ ဘဝတွေကို တတ်နိုင်သလောက် ကယ်တင်ရင်း သူမဘဝရဲ့ အရေးပါတဲ့အချိန်တွေကို အကျိုးရှိရှိ အသုံးချနေခဲ့ပါ တယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Zawgyi

ခ်စ္လွစြာေသာပရိတ္သတ္ႀကီးေရ မတစ္ေထာင္သားသမီးေတြကိုေမတၱာ ထားၿပီးထိန္းေက်ာင္းရတာ လြယ္တဲ့အလုပ္ မဟုတ္ပါဘူး။ မလြယ္တဲ့အလုပ္ကိုမွ ေစတနာထားၿပီးလုပ္တဲ့ ေမေမခိုင္ႏွင္းေဝဟာ ေလးစားအတုယူစရာ အမ်ိဳးသမီး တစ္ေယာက္ပါ ။ ကိုယ္တိုင္ဝမ္းနဲ႕လြယ္ၿပီးမေမြးထားရေပမယ့္ ဝမ္းနဲ႕လြယ္ၿပီး ေမြးထားတဲ့ မိခင္တစ္ေယာက္လို အေသးစိတ္ဂ႐ုစိုက္ၿပီး လိုေလေသးမရွိေအာင္ ျဖည့္ဆည္းၿပီး ခ်စ္တတ္လြန္းသူပါ။ ရင္ခြင္မဲ့ေနတဲ့ ကေလးငယ္ေလးေတြကို မိခင္တစ္ေယာက္ရဲ႕ ေမတၱာစိတ္နဲ႕ ေႏြးေထြးေပးၿပီး ေအးခ်မ္းလုံၿခဳံတဲ့ သူမရဲ႕အရိပ္အၿမဳံေလးမွာ ေခၚယူေ စာင့္ေရွာက္ေပးခဲ့ သူပါ..။

ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္က ျဖဴးၿမိဳ႕မွာစြန႔္ပစ္ခံထားရတဲ့ ငါးရက္သားကေလးငယ္ေလးကို ေခၚယူေစာင့္ေရွာက္ခဲ့ၿပီး ကေလးရဲ႕က်န္းမာေရးကိစၥေတြကိုလည္း တာဝန္ယူေပးခဲ့ပါတယ္။ ခိုင္မိသားစုထဲေရာက္လာတဲ့သားသမီးတိုင္းကို ခိုင္ပါတဲ့ခ်စ္စရာနာမည္ေလးေတြေပးတတ္ၿပီး ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါ တိုးတက္ေကာင္ းမြန္လာေအာင္ ျပဳစုတတ္သူပါ။ခိုင္ႏွင္းေဝ ေဂဟာမွာရွိတဲ့ကေလးေတြဟာ ေမေမခိုင္ႏွင္းေဝကိုသိပ္ခ်စ္ၾကၿပီး ေမေမ့ရဲ႕ေမတၱာေၾကာင့္ အစြမ္းကုန္ပြင့္လန္းလာေတာ့မယ့္ ပန္းကေလးေတြ အျဖစ္နဲ႕ ေပ်ာ္႐ႊင္ေနၾကရပါတယ္..။

ကေလးတိုင္းကို ေက်ာသားရင္သားမခြဲျခားဘဲ ေစာင့္ေရွာက္ေပးသလို ေနာက္ထပ္ကေလးေတြ အမ်ားႀကီးကို ကယ္တင္နိုင္ဖို႔ ဒီထက္ပိုႀကီးတဲ့ ေဂဟာႀကီးတစ္ခုကိုလည္း ေဆာက္လုပ္ေနခဲ့ပါတယ္ ။ ျဖဴးၿမိဳ႕ကေခၚယူေစာင့္ေရွာက္လိုက္တဲ့ သားေလးရဲ႕အႏွီးထုပ္ထဲက ခ်စ္စဖြယ္ပုံရိပ္ေလးကို ” ခ်စ္စရာ စိန္ကတုံးေလး” ဟုဆိုၿပီး သူမရဲ႕လူမႈကြန္ရက္မွာေဝမွ်ခဲ့ပါ တယ္။ေမတၱာနဲ႕ၾကည့္ရင္ အရာရာဟာလွပလြန္းပါတယ္။ ေမေမခိုင္ႏွင္းေဝဟာ ကူကယ္ရာမဲ့ေနတဲ့ ကေလးငယ္ေလးေတြရဲ႕ ဘဝေတြကို တတ္နိုင္သေလာက္ ကယ္တင္ရင္း သူမဘဝရဲ႕ အေရးပါတဲ့အခ်ိန္ေတြကို အက်ိဳးရွိရွိ အသုံးခ်ေနခဲ့ပါ တယ္။ဖတ္ရႉ႕ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။