AMAZING

ကလေး ၁၁ယောက် မွေးထားပြီးသော်လည်း နောက်ထပ် အယောက် ၁၀၀မွေးကာ ကမ္ဘာ့အကြီးဆုံးမိသားစုကို ပိုင်ဆိုင်ရှင်နေတဲ့ ကောင်မလေး

ကလေး ၁၁ယောက် မွေးထားပြီးသော်လည်း နောက်ထပ် အယောက် ၁၀၀မွေးကာ ကမ္ဘာ့အကြီးဆုံးမိသားစုကို ပိုင်ဆိုင်ရှင်နေတဲ့ ကောင်မလေး

ချစ်သူစုံတွဲတိုင်းဟာ သားသားမီးမီးလေးတွေ မွေးဖွားပြီး ပျော်ရွင်ဖွယ်ကောင်းသော မိသားစုကမ္ဘာလေးကို ဖန်တီးလိုကြတာဖြစ်ပါတယ်။ ယခုတွင်လည်း အသက်၂၃နှစ်အရွယ်အမျိုးသမီးနှင့် အသက်၅၆နှစ်အရွယ် အမျိုးသား လင်မယားနှစ်ဦးဟာလည်း သားသားမီးမီးလေတွေ များစွာမွေးဖွားလိုကြပါတယ်။

ယခုအချိန်တွင် သူတို့ဟာ သားသမီး၁၁ယောက်အထိမွေးထားပြီဖြစ်ပြီး နောက်တစ်ချိန်တွင် သားသမီး အယောက်၁၀၀ထိမွေးဖွားရန် ရည်ရွယ်ထားသည်ဟု သိရှိရပါတယ်။ ယခုမွေးဖွာထားသော ကလေး၁၁ဦးတွင် ဆယ်ဦးမှာ အငှားကိုယ်ဝန်ဆောင်ဖြင့် မွေးထားခြင်းဖြစ်ပါတယ်။

အဆိုပါစုံတွဲဟာ ကလေးများစွာကို မွေးထားသောကြောင့် သူတို့မိသားစုလေးသည် လူအများ၏ စိတ်ဝင်စားမှုကို ရရှိလာခဲ့ပါသည်။ ထိုနောက်မှတစ်ဆင့် သတင်းမီဒီယာများတွင်သာ နာမည်ကျော်ကြားလာခဲ့ပြီး မေးမြန်းမှုများပြုလုပ်ရာမှာတော့ ကလေး၁၀၅ယောက်အထိ မွေးဖွားလိုသည်ဟု ပြောဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi



