AMAZING

ဆော်ကြည်မယ်အထင်နဲ့ ရေထဲခုန်ချပြီးရေကူးပြခဲ့စဥ် ကံဆိုးစွာ ကျောင်းဆွဲခံရတဲ့ အမျိုးသားတစ်ဦးရဲ့ အဖြစ်

အသက် 18 နှစ်အရွယ်သာရှိသေးတဲ့ Lee De Paauw အမည်ရ အမျိုးသားဟာ သူ တိတ်တခိုး သဘောကျနှစ်သက်နေ တဲ့ Sophie Paterson သဘောကျနှစ်ခြိုက်မလားရယ်လို့ ရေထဲကို ခုန်ချကာ ရေးကူးစွမ်းရည် ပြသခဲ့ပါတယ်။ Sophie ဟာ အင်္ဂလန်နိုင်ငံ Yeovil, Somerset မှာ နေထိုင်သူဖြစ်ပါတယ်။ သူမ သြစတေးလျှကို အလည်အပတ်ရောက်ရှိနေစဉ်မှာ ဒေသခံ Lee က ပိုးပန်းခဲ့တာ ဖြစ်ပါတယ်။ Lee ဟာ ရေကူးနေစဉ်မှာ ဆယ်ပေအရှည်ရှိ မိကျောင်းကြီးက သူ့ဘယ်ဘက်လက်မောင်းကို ကိုက်ဆွဲပြီး၊ ရေနက်ရာကို ခေါ်သွားဖို့ ကြိုးစားခဲ့ပါတယ်။

Lee ဟာ အသံကုန်အော်ကာ အကူအညီတောင်းခံခဲ့ပေမယ့် ရုတ်တရက်တော့ Sophie အပါအဝင် လူတွေက
ကြောင်နေခဲ့ပါတယ်။ဒါပေမယ့် Lee ဟာ ကိုယ်တိုင်က သတ္တိနည်းသူမဟုတ်လို့ မိကျောင်းကြီးကို ညာဘက်လက်သီးနဲ့ အချက်ပေါင်းများစွာ ထိုးနှက်ပြီး၊ လွတ်မြောက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကွီးန်းစလန်းမှာမှာ တည်ရှိတဲ့ Johnstone မြစ်ထဲ မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ သူရဲ့အကြောင်းကို Lee က Nova FM’s Fitzy and Wippa အစီအစဉ်မှာ ဖွင့်ဟခဲ့ပါ တယ်။

Lee က “ကျွန်တော်က ဗြိတိန် ခရီးသွားမလေးကို ကိုယ်ရည်သွေးပြချင်ခဲ့တာပါ … သူ့ဖုန်းနံပတ်လည်း ကျွန်တော်က ရထားတာကိုး … သူ့နာမည်ကတော့ Sophie ဖြစ်ပါတယ် “လို့ ပြောခဲ့ပါတယ်။ သူက ဆက်လက်ပြီး ” မိကျောင်းက ကျနော့်ကို ခြောက်မီတာလောက်အထိ ဆွဲသွားတယ်ဗျ … ကျွန်တော် လက်သီးနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တယ် … သူ့နှာခေါင်းကို အားပြုထိုးတာပေါ့ … နောက် ညာဘက်မျက်လုံးကို ထိုးတယ် … အဲဒီတော့မှ မိကျောင်းက လွှတ်ပေးတာ “လို့ ဆိုပါတယ်။ဒီအဖြစ်အပျက်ကို ကိုယ်တိုင်တွေ့ခဲ့ရတဲ့ အသက် 24 နှစ်အရွယ် ဗြိတိန်သူ Sophie က ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပြီး သူမရဲ့ ကိုယ်တွေ့ကို ပြန်ပြောပြပါတယ်။

သူမက ” သူ ခုန်ချသွားတာ သိပ်မြန်ပြီး သိပ်ကို ကြည့်ကောင်းပါတယ် သူ ပြန်ကူးလာပြီး မကြာမီမှာပဲ မိကျောင်းက ဆွဲတာ အော်သံတွေကတော့ ဆူညံနေတာပဲ ရေထဲမှာလည်း သွေးတွေက ချင်းချင်းနီသွာတယ် “လို့ ပြောခဲ့ပါတယ်။ Lee ကို အနီးအနားက လူတွေက Department of Environment and Heritage Protection ဆေးရုံသို့ အမြန်ပို့ပေးခဲ့ကြပါတယ်။ ခွဲစိတ်မှု ခံယူပြီးနောက် အခုအခါမှာတော့ လက်က အတော်လေး အဆင်ပြေနေပါပြီ။ ဒီအဖြစ်အပျက် ဟုတ်မှန်ကြောင်းကိုလည်း ဆေးရုံရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုခဲ့ပါသေးတယ်။

Zawgyi

အသက္ 18 ႏွစ္အ႐ြယ္သာရွိေသးတဲ့ Lee De Paauw အမည္ရ အမ်ိဳးသားဟာ သူ တိတ္တခိုး သေဘာက်ႏွစ္သက္ေန တဲ့ Sophie Paterson သေဘာက်ႏွစ္ၿခိဳက္မလားရယ္လို႔ ေရထဲကို ခုန္ခ်ကာ ေရးကူးစြမ္းရည္ ျပသခဲ့ပါတယ္။ Sophie ဟာ အဂၤလန္နိုင္ငံ Yeovil, Somerset မွာ ေနထိုင္သူျဖစ္ပါတယ္။ သူမ ၾသစေတးလွ်ကို အလည္အပတ္ေရာက္ရွိေနစဥ္မွာ ေဒသခံ Lee က ပိုးပန္းခဲ့တာ ျဖစ္ပါတယ္။ Lee ဟာ ေရကူးေနစဥ္မွာ ဆယ္ေပအရွည္ရွိ မိေက်ာင္းႀကီးက သူ႕ဘယ္ဘက္လက္ေမာင္းကို ကိုက္ဆြဲၿပီး၊ ေရနက္ရာကို ေခၚသြားဖို႔ ႀကိဳးစားခဲ့ပါတယ္။

Lee ဟာ အသံကုန္ေအာ္ကာ အကူအညီေတာင္းခံခဲ့ေပမယ့္ ႐ုတ္တရက္ေတာ့ Sophie အပါအဝင္ လူေတြက
ေၾကာင္ေနခဲ့ပါတယ္။ဒါေပမယ့္ Lee ဟာ ကိုယ္တိုင္က သတၱိနည္းသူမဟုတ္လို႔ မိေက်ာင္းႀကီးကို ညာဘက္လက္သီးနဲ႕ အခ်က္ေပါင္းမ်ားစြာ ထိုးႏွက္ၿပီး၊ လြတ္ေျမာက္ေအာင္ လုပ္နိုင္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ကြီးန္းစလန္းမွာမွာ တည္ရွိတဲ့ Johnstone ျမစ္ထဲ မွာ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ပါ။ သူရဲ႕အေၾကာင္းကို Lee က Nova FMs Fitzy and Wippa အစီအစဥ္မွာ ဖြင့္ဟခဲ့ပါ တယ္။

Lee က ကြၽန္ေတာ္က ၿဗိတိန္ ခရီးသြားမေလးကို ကိုယ္ရည္ေသြးျပခ်င္ခဲ့တာပါ သူ႕ဖုန္းနံပတ္လည္း ကြၽန္ေတာ္က ရထားတာကိုး သူ႕နာမည္ကေတာ့ Sophie ျဖစ္ပါတယ္ လို႔ ေျပာခဲ့ပါတယ္။ သူက ဆက္လက္ၿပီး မိေက်ာင္းက က်ေနာ့္ကို ေျခာက္မီတာေလာက္အထိ ဆြဲသြားတယ္ဗ် ကြၽန္ေတာ္ လက္သီးနဲ႕ အခ်က္ေပါင္းမ်ားစြာ ထိုးခဲ့တယ္ သူ႕ႏွာေခါင္းကို အားျပဳထိုးတာေပါ့ ေနာက္ ညာဘက္မ်က္လုံးကို ထိုးတယ္ အဲဒီေတာ့မွ မိေက်ာင္းက လႊတ္ေပးတာ လို႔ ဆိုပါတယ္။ဒီအျဖစ္အပ်က္ကို ကိုယ္တိုင္ေတြ႕ခဲ့ရတဲ့ အသက္ 24 ႏွစ္အ႐ြယ္ ၿဗိတိန္သူ Sophie က ဟုတ္မွန္ေၾကာင္း အတည္ျပဳခဲ့ၿပီး သူမရဲ႕ ကိုယ္ေတြ႕ကို ျပန္ေျပာျပပါတယ္။

သူမက သူ ခုန္ခ်သြားတာ သိပ္ျမန္ၿပီး သိပ္ကို ၾကည့္ေကာင္းပါတယ္ သူ ျပန္ကူးလာၿပီး မၾကာမီမွာပဲ မိေက်ာင္းက ဆြဲတာ ေအာ္သံေတြကေတာ့ ဆူညံေနတာပဲ ေရထဲမွာလည္း ေသြးေတြက ခ်င္းခ်င္းနီသြာတယ္ လို႔ ေျပာခဲ့ပါတယ္။ Lee ကို အနီးအနားက လူေတြက Department of Environment and Heritage Protection ေဆး႐ုံသို႔ အျမန္ပို႔ေပးခဲ့ၾကပါတယ္။ ခြဲစိတ္မႈ ခံယူၿပီးေနာက္ အခုအခါမွာေတာ့ လက္က အေတာ္ေလး အဆင္ေျပေနပါၿပီ။ ဒီအျဖစ္အပ်က္ ဟုတ္မွန္ေၾကာင္းကိုလည္း ေဆး႐ုံရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက အတည္ျပဳခဲ့ပါေသးတယ္။