SOCIAL STORY

ဖုန်းပျက်နေလို့ ဆိုင်သွားပြင်သော်လည်း ဖုန်းဆိုင်က ကောင်မလေးရဲ့ ချောမော​တဲ့အလှတရားတွေကြောင့် သူမ အထင်ကြီးစေရန် I phone သာဝယ်လာလိုက်တဲ့ အမျိုးသား

ဖုန်းပျက်နေလို့ ဆိုင်သွားပြင်သော်လည်း ဖုန်းဆိုင်က ကောင်မလေးရဲ့ ချောမော​တဲ့အလှတရားတွေကြောင့် သူမ အထင်ကြီးစေရန် I phone သာဝယ်လာလိုက်တဲ့ အမျိုးသား

တရုတ်နိုင်ငံမှ အသက် ၂၀ကျော်မိန်းကလေးတစ်ဦးဟာမိုဘိုင်းဖုန်းဆိုင်တစ်ခုတွင် အရောင်းဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်း ပြုနေခဲ့ပါတယ်။ မိန်းကလေးဟာ ဆွဲဆောင်မှုရှိပြီး မြင်တွေ့သူများအနေနှင့် ရင်ခုန်သံကိုချက်ချင်း မြန်သွားစေမည့် အလှတရားလည်းရှိကာ ဖောက်သည်များနှင့်လည်း ဖော်ဖော်ရွေရွေ ဆက်ဆံရေးရှိတာကြောင့် နာမည်ကြီးလျက်ရှိနေပါတယ်။

ထိုစဉ် အမျိုးသားတစ်ဦးဟာ လက်ရှိကိုင်နေသော ဖုန်းမှာ ကြောင်နေပြီး အလုပ်သိပ်မလုပ်ပဲဖြစ်နေရာ ပြုပြင်ရန်အတွက် ဆိုင်သို့လာပြခဲ့တယ်လို့သိရပါတယ်။အမျိုးသားလည်း ဆိုင်ထဲရှိ အရောင်းဝန်ထမ်းမလေးကို မြင်တွေ့လိုက်ချိန်တွင် တစ်ခါတည်း ရင်းနှီးမှုရချင်ခဲ့ပြီး ဖုန်းအဟောင်းအား ပြမနေတော့ပဲ အထင်ကြီးစေရန်အတွက် iPhoneအသစ်တစ်လုံးအား ဝယ်ယူပစ်ခဲ့တယ်လို့ သိရပါတယ်။

ထိုအဖြစ်အပျက်ကတော့ လူမှုကွန်ယက်တွင် ပျံ့နှံ့သွားပြီးနောက် အခြားသောကောင်လေးများမှာလည်း အရောင်းဝန်ထမ်းမလေးနှင့် တွေ့ချင်၍ ထိုဆိုင်တွင် ဈေးသွားဝယ်ချင်နေကြတာဖြစ်ပါတယ်။

Zawgyi


