Love & Relationship

ကော်ဖီဆိုင်ကို နေ့စဥ်သွားသောက်ရင်း ဆိုင်ပိုင်ရှင် ကောင်လေးနဲ့ပါ တခါတည်း ညားသွားခဲ့ရတဲ့ ကောင်မလေးရဲ့ အဖြစ်

ကော်ဖီဆိုင်ကို နေ့စဥ်သွားသောက်ရင်း ဆိုင်ပိုင်ရှင် ကောင်လေးနဲ့ပါ တခါတည်း ညားသွားခဲ့ရတဲ့ ကောင်မလေးရဲ့ အဖြစ်

လူသားတို့အနေနဲ့ အချစ်နှင့်မကင်းကြသလို ဖူးစာဖက်သည်လည်း အင်မတန်မှ ဆန်းကြယ်လွန်းလှပေသည်။ သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၂၀ကျော်အရွယ် မိန်းမလှလေးတစ်ဦးဟာ ကော်ဖီချစ်သူဖြစ်သည့်အလျောက် အလုပ်သွားတိုင်း ဒေသရှိ ကော်ဖီဆိုင်လေးမှာ ဝင်သောက်လေ့ရှိပါတယ်။

သူမ အလုပ်နားသည့်ရက်များတွင်လည်း သူငယ်ချင်းတွေနှင့်အတူ ထိုကော်ဖီဆိုင်လေးသို့ ပုံမှန်သွားသောက်ဖြစ်ကာ ဆိုင်ရှင်ကောင်လေးနှင့်လည်း မကြာခဏ ဆုံတွေ့ဖြစ်ခဲ့တာပါ။ ထို့နောက် မိန်းကလေးအား သူငယ်ချင်းများက ကော်ဖီအရမ်းကြိုက်တဲ့သူမကို ဆိုင်ရှင်နှင့်ယူလိုက်ပါတော့လား ဆိုပြီး စနောက်ကြရာ မထင်မှတ်ပဲ ဆိုင်ရှင်ကောင်လေးမှလည်း သူမအား ချစ်ရေးဆိုခဲ့ပါတယ်။

သူတို့ချစ်သူနှစ်ဦးဟာ သုံးနှစ်ကြာတွဲလာခဲ့ပြီးနောက် နှစ်ဖက်မိဘသဘောတူညီမှုနှင့်အတူ ပျော်ရွှင်ကြည်နူးစရာကောင်းသည့် မင်္ဂလာပွဲအား ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

Zawgyi



