Love & Relationship

ပန်းမကြိုက်တဲ့ချစ်သူကောင်မလေးကို ပန်းစည်းအစား ကောင်မလေးအတွက် ထူးရှယ် ကြက်သားတုံး ပန်းစည်းပေးခဲ့တဲ့ ကောင်လေး

ပန်းမကြိုက်တဲ့ချစ်သူကောင်မလေးကို ပန်းစည်းအစား ကောင်မလေးအတွက် ထူးရှယ် ကြက်သားတုံး ပန်းစည်းပေးခဲ့တဲ့ ကောင်လေး

ပန်းမကြိုက်တဲ့ချစ်သူအတွက် ချောကလက်၊ ကတ်တွေ၊ အဝတ်အစားတွေ၊ အစားအစာတွေ၊ အခြားလက်ဆောင်တွေစတဲ့တစ်ခြားအရာတွေများစွာပေးလေ့ရှိပါတယ်။ သို့ပေမယ့် ဖိလစ်ပိုင်ကအမျိုးသားတစ်ဦးကတော့ သူ့ချစ်သူကောင်မလေးကို ဖန်တီးမှုအသစ်တစ်ခုကိုပေးခဲ့ပါတယ်။

GMA News ၏အဆိုအရ အသက် ၁၉ နှစ်အရွယ် Annika Aguinaldo ဟာ ပန်းတွေကိုမကြိုက်တတ်တဲ့မိန်းကလေးဖြစ်သော်လည်း သူမ၏ချစ်သူ Rico Villanueva က သူမအား ပန်းစည်းတစ်စည်းပေးချင်နေခဲ့တာကြောင့် Rico ဟာ သူမအတွက် ပန်းနဲ့လုပ်တဲ့ပန်းစည်းအစား ကြက်သား nugget ပါတဲ့ပန်းစည်းတစ်စည်းကိုလုပ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။

Annika က ၎င်းချစ်စရာကောင်းတဲ့အခိုက်အတန့်အချို့ရဲ့ဓာတ်ပုံတွေကိုဝေမျှပြီး Twitter မှာ ” ငါပန်းတွေမကြိုက်ဘူးလို့ပြောခဲ့တယ်၊ ဒါကြောင့် သူက ငါ့ကို chicken nuggets ပန်းစည်းတစ်စည်းပေးလိုက်တယ်၊ အဲ့တာနဲ့ ငါက ကမ္ဘာပေါ်မှာအပျော်ဆုံးကောင်မလေးဖြစ်လာခဲ့တယ်” ဆိုတဲ့ caption ဖြင့် မျှဝေပေးခဲ့ပါတယ်။

လူအများက Annika ရဲ့ချစ်သူ Rico က သူမအတွက်အထူးကောင်းမွန်တဲ့အခိုက်အတန့်တစ်ခုကိုရရှိစေမည့်အမှန်တကယ်စဉ်းစားဉာဏ်ရှိတဲ့ချစ်သူတစ်ဦးဖြစ်ကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။ Annika က Rico ဟာ သူမကို ဘာကြောင့် nuggets ပန်းစည်းပေးခဲ့တာကိုထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမယ့် ၎င်းက Valentine’s Day လက်ဆောင် ဒါမှမဟုတ် လစဉ်လက်ဆောင်တစ်ခုဖြစ်နိုင်ပါတယ်။

Zawgyi

ပန္းမႀကိဳက္တဲ့ခ်စ္သူေကာင္မေလးကို ပန္းစည္းအစား ေကာင္မေလးအတြက္ ထူးရွယ္ ၾကက္သားတုံး ပန္းစည္းေပးခဲ့တဲ့ ေကာင္ေလး

ပန္းမႀကိဳက္တဲ့ခ်စ္သူအတြက္ ေခ်ာကလက္၊ ကတ္ေတြ၊ အဝတ္အစားေတြ၊ အစားအစာေတြ၊ အျခားလက္ေဆာင္ေတြစတဲ့တစ္ျခားအရာေတြမ်ားစြာေပးေလ့ရွိပါတယ္။ သို႔ေပမယ့္ ဖိလစ္ပိုင္ကအမ်ိဳးသားတစ္ဦးကေတာ့ သူ႕ခ်စ္သူေကာင္မေလးကို ဖန္တီးမႈအသစ္တစ္ခုကိုေပးခဲ့ပါတယ္။

GMA News ၏အဆိုအရ အသက္ ၁၉ ႏွစ္အ႐ြယ္ Annika Aguinaldo ဟာ ပန္းေတြကိုမႀကိဳက္တတ္တဲ့မိန္းကေလးျဖစ္ေသာ္လည္း သူမ၏ခ်စ္သူ Rico Villanueva က သူမအား ပန္းစည္းတစ္စည္းေပးခ်င္ေနခဲ့တာေၾကာင့္ Rico ဟာ သူမအတြက္ ပန္းနဲ႕လုပ္တဲ့ပန္းစည္းအစား ၾကက္သား nugget ပါတဲ့ပန္းစည္းတစ္စည္းကိုလုပ္ေပးဖို႔ဆုံးျဖတ္ခဲ့ပါတယ္။

Annika က ၎ခ်စ္စရာေကာင္းတဲ့အခိုက္အတန႔္အခ်ိဳ႕ရဲ႕ဓာတ္ပုံေတြကိုေဝမွ်ၿပီး Twitter မွာ ငါပန္းေတြမႀကိဳက္ဘူးလို႔ေျပာခဲ့တယ္၊ ဒါေၾကာင့္ သူက ငါ့ကို chicken nuggets ပန္းစည္းတစ္စည္းေပးလိုက္တယ္၊ အဲ့တာနဲ႕ ငါက ကမၻာေပၚမွာအေပ်ာ္ဆုံးေကာင္မေလးျဖစ္လာခဲ့တယ္ ဆိုတဲ့ caption ျဖင့္ မွ်ေဝေပးခဲ့ပါတယ္။

လူအမ်ားက Annika ရဲ႕ခ်စ္သူ Rico က သူမအတြက္အထူးေကာင္းမြန္တဲ့အခိုက္အတန႔္တစ္ခုကိုရရွိေစမည့္အမွန္တကယ္စဥ္းစားဉာဏ္ရွိတဲ့ခ်စ္သူတစ္ဦးျဖစ္ေၾကာင္း တုံ႕ျပန္ခဲ့ၾကပါတယ္။ Annika က Rico ဟာ သူမကို ဘာေၾကာင့္ nuggets ပန္းစည္းေပးခဲ့တာကိုထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမရွိေပမယ့္ ၎က Valentines Day လက္ေဆာင္ ဒါမွမဟုတ္ လစဥ္လက္ေဆာင္တစ္ခုျဖစ္နိုင္ပါတယ္။