SOCIAL STORY

Train To Busan ရုပ်ရှင်ထဲမှ ကလေးသရုပ်ဆောင် Kim Su An ရဲ့ ဆယ်ကျော်သက် အရွယ်အလှတရားများ

Train To Busan ရုပ်ရှင်ထဲမှ ကလေးသရုပ်ဆောင် Kim Su An ရဲ့ ဆယ်ကျော်သက် အရွယ်အလှတရားများ

Train To Busan ရုပ်ရှင် ထုတ်လွှင့် ပြသ ခဲ့တာ ယခုဆိုရင် (5) နှစ် ရှိနေပြီ ဖြစ်ပါတယ် ။ Train To Busan မှာ Gong Yoo ရဲ့ သမီး အဖြစ် သရုပ်ဆောင် ခဲ့သော ကလေးသရုပ်ဆောင် Kim Su An တစ်ယောက်လည်း ဆယ်ကျော်သက် ကောင်မလေး တစ်ဦး ဖြစ်နေပါပြီ။

Kim Su An ဟာ The Battleship Island, Along with Gods: The Two Worlds, Mom စတဲ့ ဇတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ဖူးပြီး 2016 ခုနှစ်က Train To Busan ရုပ်ရှင် ကတော့ သူမအတွက် အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ Train To Busan ရိုက်ကူးခဲ့စဥ်က အသက် (10)နှစ် သာ ဖြစ်ပြီး ယခုတော့ international age (15)နှစ်အရွယ် ဆယ်ကျော်သက် တစ်ဦး ဖြစ်နေပါပြီ။

သူမရဲ့ ဆယ်ကျော်သက် တစ်ဦး အဖြစ်ပြောင်းလဲလာတဲ့ အလှတရားကို သတင်းထိပ်စည်းတွေမှာ ဖော်ပြ ထားကြတာ တွေ့ရပါတယ်။သူမဟာ အနုပညာအလုပ်တွေကို Blossom Entertainment နှင့် အတူ အလုပ်လုပ်သွားမယ်လို့လည်း သိရှိရပါတယ်။

Zawgyi



