Love & Relationship

မင်္ဂလာဆောင်တဲ့နေ့မှာ မိုးရေကြီးခဲ့သော်လည်း အမှတ်တရဖြစ်သည်ဟုဆိုကာ ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံတွေရိုက်ခဲ့သော စုံတွဲ

မင်္ဂလာဆောင်တဲ့နေ့မှာ မိုးရေကြီးခဲ့သော်လည်း အမှတ်တရဖြစ်သည်ဟုဆိုကာ ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံတွေရိုက်ခဲ့သော စုံတွဲ

ထိုင်းပင်လယ်ကွေ့နဲ့ တောင်ပိုင်းသို့ အရှေ့မြောက်မုတ်သုံရာသီရဲ့ လွှမ်းမိုးမှုကြောင့် Narathiwat ခရိုင်၊Su-ngai Kolok ခရိုင် ၊ Sukhirin ခရိုင်၊ Su-ngai Padi ခရိုင် ၄ ခရိုင်ရှိ ဒေသများကို ထိခိုက်ခဲ့ပါတယ် ။ ဒီရေကြီးမှုရဲ့အခြားတစ်ဖက်မှာ မိသားစုတစ်စုရဲ့ချစ်စရာပုံရိပ်တစ်ခုလည်းရှိပါတယ် ။ Su-ngai Kolok ဒေသရှိ ကြင်စဦးဇနီးမောင်နှံရဲ့ လှပတဲ့ ဓာတ်ပုံကို ဓာတ်ပုံဆရာက ထုတ်ဖော်ပြသခဲ့ပါတယ် ။

နေရာအတော်များများမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးလျှံနေပေမဲ့ သတို့သားနဲ့သတို့သမီးက သူတို့ရဲ့ မင်္ဂလာဆောင်အခမ်းအနားမှာ လက်တွေကိုကိုင်ပြီး လှေနဲ့ ရေကို ဖြတ်သွားခဲ့ရပါတယ် ။ ရေလွှမ်းမိုးမှုက ကြှနျုပျတို့ဘဝရဲ့ အရေးကြီးဆုံးနေ့အတွက် အတားအဆီးမဟုတ်ပါ လို့ ရေးသားထားပြီး ဝေမျှခဲ့ပါတယ် ။ သူတို့နှစ်ဦးစလုံး ယနေ့တွေ့ကြုံခံစားခဲ့ရတဲ့ အတွေ့အကြုံနဲ့ စိတ်ခံစားမှုများပြည့်နှက်နေတာကို လူတိုင်းကြည့်နိုင်ဖို့ ဓာတ်ပုံများမှ တဆင့်ဖော်ပြခဲ့ပါတယ် ။

သတို့သားနဲ့ သတို့သမီးအပြင် ရေလွှမ်းမိုးမှုအတွက် လှပတဲ့အဝတ်များ ဝတ်ဆင်ထားတဲ့ သတို့သမီးအရံများလည်း ရှိတဲ့အပြင် ဧည့်သည်များက ပွဲသို့ပါဝင်ရန် လှေများ လှော်ခတ်ခဲ့ကြပါတယ် ။ သူတို့ရဲ့ မင်္ဂလာဆောင်ပွဲဟာ မချောမွေ့ဘဲ ရှုပ်ထွေးမှုများကြားမှ ချစ်စရာကောင်းပြီး စွဲမက်ဖွယ်ကောင်းတဲ့ ပုံတစ်ပုံဖြစ်လာခဲ့ပါတယ် ။

Zawgyi





JRose (KB Chimmy One)