Love & Relationship

ကင်ဆာကြောင့် သေဆုံးခဲ့ရတဲ့ ကောင်မလေးကို ချစ်လွန်းတာကြောင့် အသုဘအခမ်းနားနေ့မှာ မင်္ဂလာပွဲ ကျင်းပကာ လက်ထပ်ယူခဲ့တဲ့ ၁၉နှစ်အရွယ်ရှိ ကောင်လေးတစ်ဦး

ယခုအဖြစ်လေးကတော့ အလွန်ဝမ်းနည်းဖွယ်ရာကောင်းပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဟာတော့ ထိုင်းနိုင်ငံ ဘူရီယမ်မြို့တွင် ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။အသက်၁၉နှစ်အရွယ်သာရှိသေးသည့် Panupongဆိုသည့်ကောင်လေးဟာ အလှမ်ာအလုပ်ကို စတင်လုပ်ကိုင်နေပြီဖြစ်သည့် Kanyaratဆိုသော ကောင်မလေးနှင့် ချစ်ကြိုက်ခဲ့ပြီး လက်ထပ်ယူရန်အထိ ရည်ရွယ်ခဲ့ကြတာဖြစ်ပါတယ်။

သို့သော်လည်း ကောင်မလေးဟာ ကင်ဆာရောဂါကို ခံစားခဲ့ရပြီး ဆေးရုံတွင် ကုသမှုခံယူရင်း သေဆုံးသွားခဲ့ရပါတယ်။ ထိုအခါ ကောင်လေးဖြစ်သူဟာ ချစ်သူကို အလွန်ချစ်မြတ်နိုးလှသောကြောင့် ချစ်သူ၏ အသုဘအခမ်းအနားမတိုင်ခင်လေးတွင် လက်ထပ်ရန် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကောင်လေးဟာ ထိုင်းငွေဘတ်လေးသိန်းနှင့်အတူ ရွှေ၂၀ကျပ်သားဖြင့် မင်္ဂလာပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။ ကောင်မလေးကတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ရသော်လည်း ထားရစ်သူထက် ကျန်ရစ်သူက ပိုခံစားနေရသလို ကောင်လေးကတော့ သူ့ဘဝတစ်လျှောက်လုံး ဒီအဖြစ်ကို မေ့နိုင်မှာတော့ မဟုတ်လောက်တော့ပါဘူး။

Zawgyi



