AMAZING

ချစ်စရာ အရမ်းကောင်းတဲ့ ပုံတွေရဲ့ နောက်ကွယ်က Edit မလုပ်ထားတဲ့ ဓါတ်ပုံတွေ အွန်လိုင်းမှာ ပေါက်ကြားသွားလို့ လူပြောများနေ

တရုတ်လူမှုကွန်ရက်မှာ ကြွေရုပ်လေးလိုလှပလို့ နာမည်ကြီးနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ Editမလုပ်ထားတဲ့ပုံတွေ အွန်လိုင်းပေါ်ပေါက်ကြားသွားလို့ သူမကိုယ်တိုင်ရော သူ့ကိုအားပေးတဲ့အွန်လိုင်းအသုံးပြုသူတွေရော Shockရသွားတဲ့ဖြစ်စဉ်တစ်ခု မကြာသေးခင်ကဖြစ်ပွားခဲ့ပါတယ် ။

အွန်လိုင်းမှာ ချစ်ဖို့ကောင်းလွန့်လို့နာမည်ကြီးနေတဲ့မိန်းကလေးဟာ Weiboသုံးနေသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ မတည်းဖြတ်ထားရသေးတဲ့ပုံနဲ့ တည်းဖြတ်ထားတဲ့ပုံတွေ ပျံနှံလာတဲ့အတွက် သူမကိုယ်တိုင် အရှက်ရခဲ့သလို သုံးစွဲသူတွေမှာလည်း အလွန်အံ့သြသင့်ခဲ့ရပါတယ်။ သူမရဲ့Before And Afterပုံတွေဟာ ဧပြီလနှောင်းပိုင်းမှာပြန့်နှံခဲ့ပြီး ဒီပုံတွေကိုထိုင်ဝမ်က EX Treme အမည်ရှိတဲ့ Pageတစ်ခုမှာဖော်ပြခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး လူတချို့ကတော့ သူမရဲ့ တည်းဖြတ်ခြင်းစွမ်းရည်ကို ချီးကျူးခဲ့ကြပြီး တချို့ကတော့ သူမဟာအလွန်အမင်းပြင်ဆင်တည်းဖြတ်ပြီး သူမရဲ့ ပကတိအလှတရားကိုမချပြရဲသူ ကိုယ့်ကိုကိုယ်လေးစားမှုမရှိသူဆိုပြီးဝေဖန်ခဲ့ကြပါတယ်။ ခုလို လုပ်ခဲ့တာကိုလည်း အလွန်အမင်းအံသြမိကြောင်း ဝေဖန်ချက်တွေရေးသားခဲ့ကြပါတယ်။

အွန်လိုင်းပေါ်မှာ အလှပဂေးပုံတွေနဲ့ ကျော်ကြားခဲ့တဲ့သူမကတော့ “ကျွန်မဟာ ဿမန်လူတစ်ယောက်ပါ၊ သူများတွေဆီက ဒီပုံတွေကြောင့် ဘာအ ကျိုးကျေးဇူးမှ လက်ခံရယူမှုမရှိခဲ့ပါဘူး”လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒီပုံတွေကို လျို့ဝှက်စွာရိုက်ခံခဲ့ရတာမသိသလို ရိုက်ကူးခဲ့သူကိုမသိခဲ့ကြောင်း သူမဘက်က တုံ့ပြန်ခဲ့ပါတယ်။အဲ့ဒီနောက်သူမဟာ တော်တော်အရှက်ရခဲ့သလို နောက်ဆို ဒီလိုပုံတွေတင်တော့မှာမဟုတ်ကြောင်း လည်းပြောဆိုခဲ့ပါတယ်။

Zawgyi

ခ်စ္စရာ အရမ္းေကာင္းတဲ့ ပုံေတြရဲ႕ ေနာက္ကြယ္က Edit မလုပ္ထားတဲ့ ဓါတ္ပုံေတြ အြန္လိုင္းမွာ ေပါက္ၾကားသြားလို႔ လူေျပာမ်ားေန

တ႐ုတ္လူမႈကြန္ရက္မွာ ေႂကြ႐ုပ္ေလးလိုလွပလို႔ နာမည္ႀကီးေနတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ Editမလုပ္ထားတဲ့ပုံေတြ အြန္လိုင္းေပၚေပါက္ၾကားသြားလို႔ သူမကိုယ္တိုင္ေရာ သူ႕ကိုအားေပးတဲ့အြန္လိုင္းအသုံးျပဳသူေတြေရာ Shockရသြားတဲ့ျဖစ္စဥ္တစ္ခု မၾကာေသးခင္ကျဖစ္ပြားခဲ့ပါတယ္ ။

အြန္လိုင္းမွာ ခ်စ္ဖို႔ေကာင္းလြန႔္လို႔နာမည္ႀကီးေနတဲ့မိန္းကေလးဟာ Weiboသုံးေနသူတစ္ေယာက္ျဖစ္ၿပီး သူမရဲ႕ မတည္းျဖတ္ထားရေသးတဲ့ပုံနဲ႕ တည္းျဖတ္ထားတဲ့ပုံေတြ ပ်ံႏွံလာတဲ့အတြက္ သူမကိုယ္တိုင္ အရွက္ရခဲ့သလို သုံးစြဲသူေတြမွာလည္း အလြန္အံ့ၾသသင့္ခဲ့ရပါတယ္။ သူမရဲ႕Before And Afterပုံေတြဟာ ဧၿပီလႏွောင္းပိုင္းမွာျပန႔္ႏွံခဲ့ၿပီး ဒီပုံေတြကိုထိုင္ဝမ္က EX Treme အမည္ရွိတဲ့ Pageတစ္ခုမွာေဖာ္ျပခဲ့တာပါ။

ဒီျဖစ္စဥ္နဲ႕ပက္သက္ၿပီး လူတခ်ိဳ႕ကေတာ့ သူမရဲ႕ တည္းျဖတ္ျခင္းစြမ္းရည္ကို ခ်ီးက်ဴးခဲ့ၾကၿပီး တခ်ိဳ႕ကေတာ့ သူမဟာအလြန္အမင္းျပင္ဆင္တည္းျဖတ္ၿပီး သူမရဲ႕ ပကတိအလွတရားကိုမခ်ျပရဲသူ ကိုယ့္ကိုကိုယ္ေလးစားမႈမရွိသူဆိုၿပီးေဝဖန္ခဲ့ၾကပါတယ္။ ခုလို လုပ္ခဲ့တာကိုလည္း အလြန္အမင္းအံၾသမိေၾကာင္း ေဝဖန္ခ်က္ေတြေရးသားခဲ့ၾကပါတယ္။

အြန္လိုင္းေပၚမွာ အလွပေဂးပုံေတြနဲ႕ ေက်ာ္ၾကားခဲ့တဲ့သူမကေတာ့ ကြၽန္မဟာ ႆမန္လူတစ္ေယာက္ပါ၊ သူမ်ားေတြဆီက ဒီပုံေတြေၾကာင့္ ဘာအ က်ိဳးေက်းဇူးမွ လက္ခံရယူမႈမရွိခဲ့ပါဘူးလို႔ျပန္လည္တုံ႕ျပန္ခဲ့ပါတယ္။ ဒီပုံေတြကို လ်ိဳ႕ဝွက္စြာရိုက္ခံခဲ့ရတာမသိသလို ရိုက္ကူးခဲ့သူကိုမသိခဲ့ေၾကာင္း သူမဘက္က တုံ႕ျပန္ခဲ့ပါတယ္။အဲ့ဒီေနာက္သူမဟာ ေတာ္ေတာ္အရွက္ရခဲ့သလို ေနာက္ဆို ဒီလိုပုံေတြတင္ေတာ့မွာမဟုတ္ေၾကာင္း လည္းေျပာဆိုခဲ့ပါတယ္။