AMAZING

ဆံပင်ပုံစံ အမိုက်စားဖြစ်ချင်သူတွေအတွက် ရိုးရိုးမညှပ်ပဲ သံချောင်း အပူပေးပြိီး နှစ်ပေါင်း ၇၀ကျော်ညှပ်လာတဲ့ ၉၁နှစ်အရွယ် အဖိုး၏ ဆံသဆိုင်လေး ​​ရေပန်းစားနေ

လူဖြစ်လာသည်နဲ့အတူ အများသော လူတွေက နေအိမ်ထဲမှ အပြင်သို့သွားမည်ဆိုပါက လှပမှုရှိစေရန် ဆံပင်၊ အဝတ်အစား ၊ဖိနပ်၊ စသည်တို့ကို အလှပဆုံးဖြစ်နေအောင် ပြင်ဆင်ပြီးမှထွက်လေ့ရှိပါတယ်။ တချို့သော လူတွေကတော့ အမိုက်စား ပုံစံဖြစ်နေမှ သဘောကျနှစ်သပ်ကျတာပါ။

သို့ဖြစ်၍ ယခုဖော်ပြပေးမယ့် ကောင်လေးကတော့ဆံပင်ညှပ်ဆိုင်သို့သွားရောက်ကာ ဆံပင်များကို အမြဲပြုပြင်နေခဲ့တာဖြစ်ပါတယ်။ ပုံမှန်ဆို ဆံပင်ညှပ်ဆိုင်များဟာ ဆံပင်များကို စက်ကပ်ကြေးဖြင့်သာ အသုံးပြုပြီး ညှပ်ပေးနေခဲ့တာဖြစ်ပါတယ်။သို့သော်လည်း တရုတ်နိုင်ငံမှ Hubeiမှ အသက်၉၁နှစ်အရွယ် အဖိုးကတော့ ကပ်ကြေးကို လုံးဝအသုံးပြုခြင်းမရှိဘဲ အခြားနည်းကို အသုံးပြုနေခဲ့ပါတယ်။

အဖိုးအိုဟာ သံကိုအပူပေးပြီး ဆံပင်များကို ဖြတ်တောက်ပေးနေခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်တွင် တစ်ခုတည်းသောဆိုင်အဖြစ်တင်စားရမှာဖြစ်ပါတယ်။ထိုသို့ညှပ်ပေးလာသည်မှာလည်း နှစ်ပေါင်း၇၀အထိပင် ရှိနေခဲ့ပြီဟု သိရပါတယ်။ စာဖတ်သူတို့ အိမ် ပတ်ဝန်းကျင်မှာလည်း အဲ့လိုဆိုင်တွေ ပေါ်လာခဲ့ပါက အမြန်ဆုံး သွားရောက် ညှပ်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်။