AMAZING

ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အရှည်ဆုံး လက်သည်းရ​ရှိအောင် ၂၈နှစ်ကြာအောင်ထားခဲ့ရပြီး ယခုအချိန်မှာ လက်သည်းတွေကို ဒေါ်လာ ၁သိန်းဖြင့် ရောင်းချနေတဲ့ အမျိုးသမီး

လူတို့၏ လက်သည်းများဟာ လူ့၏ခန္ဓာကိုယ်မှာအညစ်ပတ်ဆုံးသော အစိတ်အပိုင်းထဲမှတစ်ခုပင်ဖြစ်သလို ငွေကြေးအကုန်ခံရတဲ့အထဲမှာလည်း ပါဝင်ပါတယ်။ မိန်းကလေးအများစုဟာလည်း လက်သည်းကို အလှဆင်ကျပြီး လက်သည်းရှည်ထားတတ်ကြပါတယ်။ ဒါကြောင့်လက်သည်းအရှည်ထားသူများဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုကို သာမန်လူထက် ပိုပြီးဂရုစိုက်ရတာဖြစ်ပါတယ်။

သို့ဖြစ်၍ ယခုတွင် Yani Williamsဆိုသော အမျိုးသမီးဟာ သူမ၏လက်သည်းတွေကို မဖြတ်ဘဲ သေချာစွာပြုစုပျိုးထားလာခဲ့ပြီး ကမ္ဘာ့လက်သည်းအရှည်ဆုံးစံချိန်ကို ရရှိထားသူဖြစ်ပါတယ်။ အမျိုးသမီးဟာ သူမ၏လက်သည်းတွေကို အလှတစ်ခါပြင်လျှင် အချိန်၅ရက်အထိပေးပြီး ပြင်ဆင်ရတာဖြစ်ပါတယ်။

သူမဟာ လက်သည်းတွေကိုနှစ်ပေါင်း၂၈နှစ်ကြာအောင်ပြုစုလာခဲ့ပြီး အရှည်၃၀လက်မထိရှိနေသည့် လက်သည်းတွေကို ဝယ်ယူသည်ရှိမည်ဆိုပါက အမေရိကန်ဒေါ်လာ၁သိန်းဖြင့် ရောင်းချမည်ဟု ဆိုလာခဲ့တာဖြစ်ပါတယ်။ ယခုအမျိုးသမီးကို ကြည့်ခြင်းအားဖြင့် စာဖတ်သူတွေလည်း အတွေးတွေများနေမှာ သေချာပါတယ်။ ဘာအတွေးတွေဝင်နေလဲဆိုတာ ဖြေကြားပေးခဲ့ပါအုံးနော်။