AMAZING

အမြဲတမ်းလိုလို အိပ်ချင်မူးတူးဖြစ်နေပြီး ချစ်စရာရုပ်လေးကြောင့် နာမည်ပါ ကြီးလာခဲ့တဲ့ ကြောင်လေးရဲ့ ပုံရိပ်များ

ပုံမှန် ကြောင်လေးတွေဟာ အမွေးတွေတိုတို၊ ရှည်ရှည် သူတို့အသားနဲ့ဘဲ ကပ်နေတတ်ပါတယ်။ သို့သော်လည်း အခုဖော်ပြပေးမယ့် ချစ်စရာ ကြောင်လေးကတော့ အခြားကြောင်တွေနဲ့မတူဘဲ အမွေးတွေက original ကို ထောင်ထောင်လေး ဖြစ်နေပြီး အသည်းယားစရာကောင်းနေလှပါတယ်။

သူ့ပုံစံလေးက အမေလှမ်းအော်လို့ အခုမှ အိပ်ချင်မူးတူးနဲ့ ပြေးထလာခဲ့တဲ့ပုံနဲ့တူနေလို့ လတ်တလော social media မှာ လူချစ်လူခင်များပြီး ရေပန်းစားနေပါတယ်။သူ့ပုံလေးကို တစ်ဆင့်ပြန်မျှဝေပေးခဲ့သူက “ မနက်ခင်းတိုင်းရဲ့ ငါ့ဆံပင်ပုံစံ” ဆိုတဲ့ caption နဲ့ မျှဝေပေးခဲ့တာပါ။

ကြောင်လေးဟာ ပါးဖောင်းဖောင်းလေးကအစ နားရွက်တွေအထိ အမွေးလေးတွေက ထောင်ထောင်လေးဖြစ်နေပြီး ရုပ်လေးကလည်း တစ်ခုခုကို စိတ်တိုင်းမကျဖြစ်နေတဲ့ရုပ်လေးနဲ့မို့ အတော်လေး ချစ်ဖို့ကောင်းနေဖြစ်ပါတယ်နော်။

Zawgyi


