AMAZING

သူ့အပြုံးလေးမြင်ရင် မွေးစားချင်တဲ့သူ ရှိမလားဆိုပြီး ဖြတ်သွားသည့် လူတိုင်းကို ပြုံးပြလေ့ရှိတဲ့ ခွေးလေး

Labrador အမျိုးအစား ခွေးကလေးဟာ ရှစ်ပတ်သားအရွယ်သာရှိသေးပြီး အမွေးစားခံချင်လို့ သူ့နားက ဖြတ်သွားတဲ့ လူတိုင်းကို လိုက်ပြုံးပြပြီး အသည်းတွေကို ဖမ်းစားနေခဲ့ပါတယ်။ Burreaux လို့ခေါ်တဲ့ ခွေးလေးဟာ တစ်စုံတစ်ယောက်က သူ့ကိုချစ်ဖို့ကောင်းတယ် ပြောရင် သူ့ရဲ့ အဖြူရောင် သွားလေးတွေ အကုန်ပေါ်တဲ့အထိ ပြုံးပြတတ်ပါတယ်။

သူ့ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အပြုံးတစ်ခုကြောင့် လူတိုင်းက ချစ်ကြပါတယ်။ တစ်နေ့မှာတော့ Burreaux ဟာ အအေးမိခဲ့ပါတယ်။ ခွေးလေးက အရမ်းကို နေမကောင်း ဖြစ်နေတာကြောင့် သူ့အသက်ကို စိုးရိမ်ရတဲ့အတွက် ဒေသခံတိရိစ္ဆာန်ဆေးရုံဆီ အလျင်အမြန် ခေါ်သွားခဲ့ရပါတယ်။

ဆေးစစ်ချက်တွေအရ ခွေးတွေမှာ အလွန်ကူးစက်တတ်ပြီး သေစေနိုင်တဲ့ Parvo လို့ခေါ်တဲ့ ရောဂါလက္ခဏာကို တွေ့ရှိခဲ့ပါတယ်။ကံကောင်းတာ တစ်ခုကတော့ ခွေးလေးက အချိန်ခဏလေးအတွင်းမှာ ပြန်သက်သာလာပြီးတော့ သူ့ကို မွေးစားဖို့ လူတွေလည်း ပေါ်လာခဲ့ပါတယ်။

Zawgyi

သူ႕အၿပဳံးေလးျမင္ရင္ ေမြးစားခ်င္တဲ့သူ ရွိမလားဆိုၿပီး ျဖတ္သြားသည့္ လူတိုင္းကို ၿပဳံးျပေလ့ရွိတဲ့ ေခြးေလး

Labrador အမ်ိဳးအစား ေခြးကေလးဟာ ရွစ္ပတ္သားအ႐ြယ္သာရွိေသးၿပီး အေမြးစားခံခ်င္လို႔ သူ႕နားက ျဖတ္သြားတဲ့ လူတိုင္းကို လိုက္ၿပဳံးျပၿပီး အသည္းေတြကို ဖမ္းစားေနခဲ့ပါတယ္။ Burreaux လို႔ေခၚတဲ့ ေခြးေလးဟာ တစ္စုံတစ္ေယာက္က သူ႕ကိုခ်စ္ဖို႔ေကာင္းတယ္ ေျပာရင္ သူ႕ရဲ႕ အျဖဴေရာင္ သြားေလးေတြ အကုန္ေပၚတဲ့အထိ ၿပဳံးျပတတ္ပါတယ္။

သူ႕ရဲ႕ စြဲမက္ဖြယ္ေကာင္းတဲ့ အၿပဳံးတစ္ခုေၾကာင့္ လူတိုင္းက ခ်စ္ၾကပါတယ္။ တစ္ေန႕မွာေတာ့ Burreaux ဟာ အေအးမိခဲ့ပါတယ္။ ေခြးေလးက အရမ္းကို ေနမေကာင္း ျဖစ္ေနတာေၾကာင့္ သူ႕အသက္ကို စိုးရိမ္ရတဲ့အတြက္ ေဒသခံတိရိစ္ဆာန္ေဆး႐ုံဆီ အလ်င္အျမန္ ေခၚသြားခဲ့ရပါတယ္။

ေဆးစစ္ခ်က္ေတြအရ ေခြးေတြမွာ အလြန္ကူးစက္တတ္ၿပီး ေသေစနိုင္တဲ့ Parvo လို႔ေခၚတဲ့ ေရာဂါလကၡဏာကို ေတြ႕ရွိခဲ့ပါတယ္။ကံေကာင္းတာ တစ္ခုကေတာ့ ေခြးေလးက အခ်ိန္ခဏေလးအတြင္းမွာ ျပန္သက္သာလာၿပီးေတာ့ သူ႕ကို ေမြးစားဖို႔ လူေတြလည္း ေပၚလာခဲ့ပါတယ္။