LIFESTYLE

ဘွဲ့ရရှိဖို့ အချိန်ပိုင်းအလုပ်ကိုလုပ်ရင်း နေ့စဥ် ၂နာရီသာ အိပ်ခဲ့ရတဲ့ လေးစားအတုယူဖွယ် ကောင်မလေး တစ်ဦး

ဗီယက်နမ်နိုင်ငံရှိ အသက် ၂၀နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ ဘွဲ့တစ်ခု ရရှိဖို့အတွက် အချိန်ပိုင်းအလုပ်လုပ်ရင်း ကျောင်းတက်ခဲ့ရပါတယ်။ သူမမှာတော့ မောင်နှစ်မ နှစ်ဦးရှိပြီး ဖခင် ရဲ့အလုပ်ကလည်း အဆင်မပြေတာကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရပါတယ်။ မိခင်မှာလည်း ကင်ဆာရောဂါ ဝေဒနာခံစားနေခဲ့ရတာကြောင့် ပိုပြီး ဒုက္ခရောက်ခဲ့ရတာပါ။

ဒါ့အပြင် သူမဟာ အိမ်မှာအကြီးဆုံးဖြစ်တာကြောင့် မိခင်ဖြစ်သူကို ကျွေးမွေးပြုစုပြီး အိမ်မှာကိစ္စ အစစအရာရာကိုလည်း သူမပဲလုပ်ကိုင်ရသလို မောင်လေးဖြစ်သူကိုလည်း ဂရုတစိုက်နှင့် စာသင်ပြပေးရပါသေးတယ်။

ကောင်မလေးဟာ ကျောင်းတက်ဖို့၊ မိဘကိုထောင်ပံ့နိုင်ဖို့အတွက် ဒေသအနီးရှိ စားသောက်ဆိုင်တွေမှာ အချိန်ပိုင်းအလုပ်ကို ဝင်လုပ်ပြီး ရလာသည့် ပိုက်ဆံလေးနှင့် ကျောင်းတက်ခဲ့ရာသူတစ်ဦးဖြစ်ပါတယ်။ ဒီအဖြစ်ပျက်ဟာ အခြေခံလူတန်းစားတွေအတွပက်တော့ နေ့စဥ်ကြုံတွေ့နေရတတ်ပါတယ်။

နောက်ဆုံးမှာတော် မိန်းကလေးဟာ ကျောင်းစာတစ်ဖက် အိမ်ကိစ္စကလည်း ရှိသေးတာကြောင့် တစ်နေ့ကို ၂နာရီသာ အိပ်စက်ခဲ့ရ၍ ထွက်ပြေးချင်လောက်အောင် ပင်ပန်းခက်ခဲခဲ့သည့်ကြားက ဘွဲ့ရအောင် ကြိုးစားယူခဲ့ခြင်းဖြင့် လူအများ အားလုံး၏ ချီးမွမ်းခြင်းများစွာကို ခံနေရသူပဲ ဖြစ်ပါတယ်။

Zawgyi



