Love & Relationship
ချစ်သူကောင်လေးက ပညာမတတ်တဲ့ လယ်သမားတစ်ဦးဖြစ်ပေမယ့် တုန်နေအောင် အရမ်းချစ်ကြောင်း ပြောလာတဲ့ သူနာပြုဆရာမလေး
အချစ်ဆိုတာဟာ သက်ရှိလူသားတိုင်းအတွက် မကင်းတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ အချို့သော အချစ်တွေဝါ အရောင် ပကာသနတွေ ပါဝင်နေပြီး အချို့မှာတော့ နစ်နေအောင် ချစ်တတ်ကြပါတယ်။ ဒါတင်သာမကဂုဏ်ငွေ ပကာသန ကင်းရှင်းပြီး လူနှစ်ဦးရဲ့ ရင်ထဲကစစ်မှန်တဲ့နှလုံးသားနှင့်သာ သက်ဆိုင်ပါတယ်။
ထိုင်းနိုင်ငံမှ အသက် ၂၈နှစ်အရွယ် သူနာပြုဆရာမလေးတစ်ဦးဟာ ကောင်လေးတစ်ဦးဖြင့် အွန်လိုင်းပေါ်မှာ ချစ်ကြိုက်ခဲ့ပြီး လက်တွဲကြာလာတဲ့အခါ ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ကဲ့ရဲ့မှုတွေကို ခံနေခဲ့ရပါတယ်။ အကြောင်းမှာ ကောင်လေးဟာ ဆင်းရဲပြီး လူတို့ စားသုံးနေတဲ့ စပါးစိုက်ပျိုးသော လယ်သမားတစ်ဦးဖြစ်တာကြောင့်လို့သိရပါတယ်။ ဒါကြောင့် ပြစ်တင်ကဲ့ရဲ့နေကြတာပါ။
ကောင်လေးကတော့ သူတို့နှစ်ယောက်အပြင်မှာ တွေ့သောအခါ ပထမဆုံးအကြိမ်ဆိုပေမယ့် သူနာပြုဆရာမလေးကို သူရဲ့မိသားစုတွေနှင့် တစ်ခါတည်းမိတ်ဆက်ပေးခဲ့ပြီး မိန်းကလေးအပေါ်မှာလည်း လိုလေသေးမရှိအောင် ဂရုစိုက်ဖြည့်ဆည်းပေးခဲ့ပါတယ်။
ဒါ့အပြင် ချစ်တတ်သူတွေအဖို့ သူ့ရဲ့ချစ်သူမိန်းကလေး တာဝန်ကျရာ ဆေးရုံသို့ အသွားအပြန်ကို စိတ်မချလိုအကြို့အပိုလုပ်ပေးကာ ချစ်သူသက်တမ်း ၇နှစ်ကြာသည်ထိ မပြောင်းလဲပဲ သစ္စာရှိရှိချစ်ပေးမှုကြောင့် သူနာပြုဆရာမလေးမှာ ပတ်ဝန်းကျင်၏ ကဲ့ရဲ့စကားများကို လုံးဝဂရုစိုက်မနေပဲ လက်ထပ်ဖို့ရာထိ ရည်ရွယ်ထားခဲ့ပါတယ်။
Zawgyi