AMAZING

ဂျပန် နိုင်ငံမှ ဇာတ်ကားကို ခိုးယူ ကူးချတယ်လို့ စွပ်စွဲခံရနေတဲ့ နာမည်ကြီး ကိုရီးယားဇာတ်လမ်းတွဲ

Netfilx series တစ်ခုဖြစ်တဲ့ Squid Game ဇာတ်လမ်းတွဲက လက်ရှိမှာ အရမ်းကို နာမည်ကြီး နေပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားဇာတ်လမ်းတွဲ Squid Game မှာပါတဲ့ ဇာတ်ဝင်ခန်း အချို့က 2014 ခုနှစ်မှာ ထွက်ခဲ့တဲ့ ဂျပန်ရုပ်ရှင် As The Gods Will ထဲက ဇာတ်ဝင်ခန်းအချို့နဲ့ တူညီနေကြောင်း တချို့တွေက သတိထားမိနေကြပါတယ်။

Squid Game ပထမပိုင်းမှာပါတဲ့ Red Light, Green light ဂိမ်းမှာ ဇာတ်ဆောင်တွေ အသက်ခံရတဲ့ ဇာတ်ဝင်ခန်းက As The Gods Will ဇာတ်ကားထဲက ဇာတ်ဆောင်တွေ သေခြင်းပြိုင်ပွဲမှာ အသတ်ခံရတာနဲ့ တူညီနေသယောင် ရှိနေပါတယ်။ ဇာတ်ကား နှစ်ကားလုံးမှာ အချိန်ရေတွက်တဲ့ ခေါင်းကြီးနေတဲ့ အရုပ်လည်း ပါဝင်နေပါတယ်။ ဒါပေမယ့် Squad Game ရဲ့ ဒါရိုက်တာ Hwang Dong-Hyuk ကတော့ ကူးချတယ်လို့ စွပ်စွဲခံရချက်ကို ငြင်းလိုက်ပါတယ်။

ဒီဇာတ်လမ်းတွဲအတွက် စိတ်ကူးကို သူ အရင်ရခဲ့ပြီး ဇာတ်ညွှန်းကိုလည်း ၂၀၀၈ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ပြင်ဆင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ” ဇာတ်ဝင်ခန်းထဲက ပထမဂိမ်းက တူတာတော့ မှန်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဘာမှ မတူပါဘူး ” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဒါရိုက်တာ Hwang Dong-hyuk က ပြောပါတယ်။ ပြီးတော့ ဂျပန်ဇာတ်လမ်း As The Gods Will က ၂၀၁၀ ခုနှစ်မှာ ရိုက်တာဖြစ်လို့ သူက စိတ်ကူးအရင်ရသူ ဖြစ်ကြောင်း ဖော်ပြထားပါသေးတယ်။

ဒီဇာတ်လမ်းတွဲက ဂျပန်ဇာတ်ကားနဲ့ ဘာလို့ ဇာတ်ဝင်ခန်းတွေ အများကြီးတူနေသလဲ ဆိုတာတော့ သူက မပြောသွားပါဘူး။ ဇာတ်ဝင်ခန်းတွေ တူနေတာက အရမ်းကို သိသာနေကြောင်း ကြည့်ရှုသူတွေက ဝေဖန်နေကြပါတယ်။

Zawgyi

ဂ်ပန္ နိုင္ငံမွ ဇာတ္ကားကို ခိုးယူ ကူးခ်တယ္လို႔ စြပ္စြဲခံရေနတဲ့ နာမည္ႀကီး ကိုရီးယားဇာတ္လမ္းတြဲ

Netfilx series တစ္ခုျဖစ္တဲ့ Squid Game ဇာတ္လမ္းတြဲက လက္ရွိမွာ အရမ္းကို နာမည္ႀကီး ေနပါတယ္။ ဒါေပမယ့္ ေတာင္ကိုရီးယားဇာတ္လမ္းတြဲ Squid Game မွာပါတဲ့ ဇာတ္ဝင္ခန္း အခ်ိဳ႕က 2014 ခုႏွစ္မွာ ထြက္ခဲ့တဲ့ ဂ်ပန္႐ုပ္ရွင္ As The Gods Will ထဲက ဇာတ္ဝင္ခန္းအခ်ိဳ႕နဲ႕ တူညီေနေၾကာင္း တခ်ိဳ႕ေတြက သတိထားမိေနၾကပါတယ္။

Squid Game ပထမပိုင္းမွာပါတဲ့ Red Light, Green light ဂိမ္းမွာ ဇာတ္ေဆာင္ေတြ အသက္ခံရတဲ့ ဇာတ္ဝင္ခန္းက As The Gods Will ဇာတ္ကားထဲက ဇာတ္ေဆာင္ေတြ ေသျခင္းၿပိဳင္ပြဲမွာ အသတ္ခံရတာနဲ႕ တူညီေနသေယာင္ ရွိေနပါတယ္။ ဇာတ္ကား ႏွစ္ကားလုံးမွာ အခ်ိန္ေရတြက္တဲ့ ေခါင္းႀကီးေနတဲ့ အ႐ုပ္လည္း ပါဝင္ေနပါတယ္။ ဒါေပမယ့္ Squad Game ရဲ႕ ဒါရိုက္တာ Hwang Dong-Hyuk ကေတာ့ ကူးခ်တယ္လို႔ စြပ္စြဲခံရခ်က္ကို ျငင္းလိုက္ပါတယ္။

ဒီဇာတ္လမ္းတြဲအတြက္ စိတ္ကူးကို သူ အရင္ရခဲ့ၿပီး ဇာတ္ၫႊန္းကိုလည္း ၂၀၀၈ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အထိ ျပင္ဆင္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ ” ဇာတ္ဝင္ခန္းထဲက ပထမဂိမ္းက တူတာေတာ့ မွန္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဘာမွ မတူပါဘူး ” လို႔ သတင္းစာ ရွင္းလင္းပြဲမွာ ဒါရိုက္တာ Hwang Dong-hyuk က ေျပာပါတယ္။ ၿပီးေတာ့ ဂ်ပန္ဇာတ္လမ္း As The Gods Will က ၂၀၁၀ ခုႏွစ္မွာ ရိုက္တာျဖစ္လို႔ သူက စိတ္ကူးအရင္ရသူ ျဖစ္ေၾကာင္း ေဖာ္ျပထားပါေသးတယ္။

ဒီဇာတ္လမ္းတြဲက ဂ်ပန္ဇာတ္ကားနဲ႕ ဘာလို႔ ဇာတ္ဝင္ခန္းေတြ အမ်ားႀကီးတူေနသလဲ ဆိုတာေတာ့ သူက မေျပာသြားပါဘူး။ ဇာတ္ဝင္ခန္းေတြ တူေနတာက အရမ္းကို သိသာေနေၾကာင္း ၾကည့္ရႈသူေတြက ေဝဖန္ေနၾကပါတယ္။

Credit – Zombie (Lovemedia)