AMAZING

တစ်မိသားစုလုံးဟာ လေယာဉ်ပိုင်းလော့များဖြစ်ကြပြီး အများအားကျရတဲ့ Family Goal ကြီးပိုင်ဆိုင်ထားတဲ့ မိသားစု

ယခုတစ်ခေါက်မှာတေ့ာလေယာဉ် passenger တစ်ယောက်ဟာ၊၎င်းစီးနင်းမဲ့လေယာဉ် Pilot နှစ်ဦးဟာသားအမိဖြစ်နေတယ်ဆိုတဲ့သတင်းကြောင့်၊အံ့အားသင့်ခဲ့ပီးမကြားဖူးသေးတဲ့ထူးဆန်းဖြစ်ရပ်မို့၊ဓာတ်ပုံရိုက်ပီး Social media မှာ Sharing လုပ်ဖို့ပတွက်ခွင့်တောင်းပီးပိုစ့်တင်ခဲ့ပါတယ်။၎င်းတို့သားအမိဟာ Delta Airline မှာတာဝန်ထမ်းဆောင်သူများပဲဖြစ်ပါတယ်။

ထိုနေ့သွားမဲ့ခရီးစဉ်ဟာ Los Angles ကနေ Atlanta ကိုသွားမဲ့ခရီးစဉ်ဖြစ်ပီး၊မိခင်ဖြစ်သူ Captain Wendy Rexon နဲ့အတူ၊သမီးဖြစ်သူ Kelly Rexon ကပထမတန်းလက်ထောက် Captain ဖြစ်ပီး၊ Boeing757 ကိုမောင်းနှင်မှာပဲဖြစ်တယ်လို့ဆိုပါတယ်။
၎င်းအမျိုးသားတင်ခဲ့တဲ့ပိုင်းလော့သားအမိရဲ့ပုံရိပ်လေးဟာ၊Tweetပေါင်း(18,000)ကြိမ်ရေရရှိခဲ့ပီး၊ Like ပေါင်း(51,000)ထိရရှိခဲ့ပါတယ်။

Netizen များကတော့၎င်းတို့သားအမိကိုအားကျခြင်းများစွာနဲ့ “Family Flight crew goal” ဆိုပီးတင်စားခဲ့ကြပါတယ်။သမီးဖြစ်သူရဲ့ Michael ဆိုသူဖခင်ဟာလဲပိုင်းလော့တစ်ယောက်ဖြစ်တယ်ဆိုတာကြောင့်၊ကြားသူတိုင်းပိုအံ့သြမှင်သက်ခဲ့ပီးအားကျခဲ့ရတဲ့ “Family goal” အစစ်မှန်ကြီးအကြောင်းကိုဂုဏ်ယူစွာနဲ့ပဲ၊ချီးကျူးမှတ်ချက်အများအပြားပေးခဲ့ကြတယ်လို့သိရှိရပါတယ်။

Zawgyi

တစ္မိသားစုလုံးဟာ ေလယာဥ္ပိုင္းေလာ့မ်ားျဖစ္ၾကၿပီး အမ်ားအားက်ရတဲ့ Family Goal ႀကီးပိုင္ဆိုင္ထားတဲ့ မိသားစု

ယခုတစ္ေခါက္မွာေတ့ာေလယာဥ္ passenger တစ္ေယာက္ဟာ၊၎စီးနင္းမဲ့ေလယာဥ္ Pilot ႏွစ္ဦးဟာသားအမိျဖစ္ေနတယ္ဆိုတဲ့သတင္းေၾကာင့္၊အံ့အားသင့္ခဲ့ပီးမၾကားဖူးေသးတဲ့ထူးဆန္းျဖစ္ရပ္မို႔၊ဓာတ္ပုံရိုက္ပီး Social media မွာ Sharing လုပ္ဖို႔ပတြက္ခြင့္ေတာင္းပီးပိုစ့္တင္ခဲ့ပါတယ္။၎တို႔သားအမိဟာ Delta Airline မွာတာဝန္ထမ္းေဆာင္သူမ်ားပဲျဖစ္ပါတယ္။

ထိုေန႕သြားမဲ့ခရီးစဥ္ဟာ Los Angles ကေန Atlanta ကိုသြားမဲ့ခရီးစဥ္ျဖစ္ပီး၊မိခင္ျဖစ္သူ Captain Wendy Rexon နဲ႕အတူ၊သမီးျဖစ္သူ Kelly Rexon ကပထမတန္းလက္ေထာက္ Captain ျဖစ္ပီး၊ Boeing757 ကိုေမာင္းႏွင္မွာပဲျဖစ္တယ္လို႔ဆိုပါတယ္။
၎အမ်ိဳးသားတင္ခဲ့တဲ့ပိုင္းေလာ့သားအမိရဲ႕ပုံရိပ္ေလးဟာ၊Tweetေပါင္း(18,000)ႀကိမ္ေရရရွိခဲ့ပီး၊ Like ေပါင္း(51,000)ထိရရွိခဲ့ပါတယ္။

Netizen မ်ားကေတာ့၎တို႔သားအမိကိုအားက်ျခင္းမ်ားစြာနဲ႕ Family Flight crew goal ဆိုပီးတင္စားခဲ့ၾကပါတယ္။သမီးျဖစ္သူရဲ႕ Michael ဆိုသူဖခင္ဟာလဲပိုင္းေလာ့တစ္ေယာက္ျဖစ္တယ္ဆိုတာေၾကာင့္၊ၾကားသူတိုင္းပိုအံ့ၾသမွင္သက္ခဲ့ပီးအားက်ခဲ့ရတဲ့ Family goal အစစ္မွန္ႀကီးအေၾကာင္းကိုဂုဏ္ယူစြာနဲ႕ပဲ၊ခ်ီးက်ဴးမွတ္ခ်က္အမ်ားအျပားေပးခဲ့ၾကတယ္လို႔သိရွိရပါတယ္။