LIFESTYLE

အပြစ်ပြောစရာမရှိတဲ့အပြင် အဖက်ဖက်ကပြီးပြည့်စုံလွန်းလို့ စံပြအမျိုးသမီးအဖြစ် သတ်မှတ်ခံထားရတဲ့ ချစ်စဖွယ် မိန်းကလေး

ကျွန်တော်တို့လူသားတွေမှာ ငုပ်လျှိုးနေတဲ့အလားအလာများနှင့်ပြည့်နက်နေတတ်သလို စည်းကမ်းနှင့်ဇွဲရှိမှုကြောင့် ကျွန်တော်တို့ရဲ့စိတ်ထဲရှိမည့်သည်အရာကိုမဆို ကောင်းမွန်စွာသင်ယူနိုင်ပါတယ်။ Cathryn Li အမည်ရှိမိန်းကလေးတစ်ဦးဟာ သူမကိုယ်တိုင်ပိုမိုကောင်းမွန်ရန် ကျွမ်းကျင်မှုမျိုးစုံကိုသင်ယူရန် ခက်ခက်ခဲခဲကြိုးစားခဲ့သူများထဲမှတစ်ဦး ဖြစ်ပါတယ်။ တိုးတက်မှုအတွက်နေရာအမြဲရှိနေတယ်လို့သူမယုံကြည်တဲ့အတွက် Cathryn ဟာ သူမကိုယ်တိုင်ဆက်လက်တွန်းအားပေးနေခဲ့ပါတယ်။

Cathryn ဟာ အံ့မခန်းလှပတဲ့မျက်နှာ ၊အသွင်အပြင်များကြောင့် ပရိတ်သတ်အတော်များများကိုလည်း ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ Cathryn ဟာ လေ့ကျင့်သင်ကြားပေးတဲ့ဂန္ထဝင်စန္ဒယားပညာရှင်တစ်ဦးဖြစ်ပြီး သူမဟာ ဗြိတိန်နိုင်ငံ Birmingham Conservatory of Music မှ masters degree စန္ဒရားဘွဲ့ကို ရရှိထားပါတယ်။

သူမဟာ လက်ရှိမှာသရုပ်ဆောင်ဖို့ကြိုးစားနေပြီး ဟောင်ကောင်ရဲ့အထူးအမျိုးသမီးရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမဟာ စန္ဒရားတီးတာကိုဝါသနာလွန်းတာကြောင့် သူမရိုက်ကူးရေးလုပ်နေတဲ့အချိန်မှာလည်း သူမရဲ့ဝါသနာအတွက် အချိန်နည်းငယ်ပေးထားတတ်ပါတယ်။ သူမဟာ သူမရဲ့Instagram စာမျက်နှာပေါ်မှာ သူမရဲ့ဂန္တ ၀ င်တီးခတ်နည်းအပိုင်းအစလေးတွေကို ပုံမှန်တင်လေ့ရှိပါတယ်။

သူမဟာ ထိုကဲ့သို့စိတ်အားထက်သန်မှုဖြင့် တီးခတ်နေစဉ်မှာ စန္တရားပေါ်ကျရောက်နေတဲ့သူမ၏လက်ချောင်းများဟာ မည်သို့ရွေ့လျားနေသည်ကိုကြည့်ရန်မှာ အလွန်ပင်ရိုးရှင်းလှပါတယ်။ ထို့ပြင် သူမဟာ သူမတတ်ကျွမ်းတဲ့ပညာများနှင့်အံ့ဝင်ခွင်ကျဖြစ်နေစဉ် သူမဟာ ဘဲလေးအက၌လည်းထူးချွန်ပါတယ်။

သူမဟာ ငယ်ရွယ်စဉ်ကတည်းက တောင်းတနေခဲ့တဲ့၎င်းအာကစားနှင့်အနုပညာကို ယခုချိန်ထိ ဆက်လက်လေ့ကျင့်နေဆဲဖြစ်ပါတယ်။ ထူးချွန်တဲ့စန္ဒယားပညာရှင်၊ ဘဲလေးအကအပြင် ပါရမီရှင်မင်းသမီးတစ်ယောက်လည်းဖြစ်တဲ့ Cathryn ဟာ သူမရဲ့လေ့ကျင့်ခန်းဗီဒီယိုတွေကို သူမရဲ့ Instagram စာမျက်နှာပေါ်မှာ ပုံမှန်တင်လေ့ရှိပါတယ်။ သူမဟာသူမရဲ့ခွန်အားကို တဖြည်းဖြည်းတိုးတက်လာစေပြီး လူတွေရဲ့စိတ်ကိုလှုံ့ဆော်ပေးဖို့ သူမရဲ့တိုးတက်မှုတွေကို အွန်လိုင်းပေါ်မှာတင်ပေးလေ့ရှိပါတယ်။