AMAZING

အသက်နဲ့ မလိုက်အောင် ဝနေတာကြောင့် သခင်က ဝိတ်ကျအောင်နည်းလမ်းမျိုးစုံသုံးခဲ့သော်လည်း ဝိတ်မကျသွားဘဲ ပိုပိုပြီးလုံးလာခဲ့တဲ့ ကြောင်လေး

တစ်နှစ်သားအရွယ် Little P အမည်ရှိကြောင်တစ်ကောင်ဟာ ကြောင်ငယ်လေးတစ်ကောင်ဖြစ်ပေမဲ့လည်း သူ့ရဲ့ကိုယ်အလေးချိန်မှာ ၇ ကီလိုဂရမ်အထိရှိပြီး သူ့အစာအိမ်ကကြီးမားလွန်းသဖြင့် လုံးဝန်းတဲ့သူ့ဗိုက်က မြေကြီးနှင့်ထိလုနီးပါးဖြစ်နေပါတယ်။ ဒါကြောင့် Little P ရဲ့သခင်က တစ်နေ့လုံးစားရန်နှင့်အိပ်ရန်သာစိတ်ဝင်စားနေတဲ့ Little P အား ၂ လအတွင်းပိန်ကျသွားစေမဲ့အစီအစဉ်တစ်ခုကိုစတင်ရန် ဆုံးဖြတ်လိုက်ပါတယ်။

Little P ရဲ့ကိုယ်အလေးချိန်ကျဆင်းရန် နေ့စဉ်အစာစားသုံးမှုကိုလျှော့ချတဲ့အပြင် Little P အား လမ်းလျှောက်တဲ့လေ့ကျင့်ခန်းလုပ်ရိုးလုပ်စဉ်များကိုပါပြုလုပ်ပေးခဲ့ပါတယ်။ ပထမတော့ Little P က သူ့ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်အသစ်ဖြစ်တဲ့အပြင်မှာလမ်းလျှောက်ထွက်တဲ့အချိန်တွေဆိုပျော်နေတတ်ပြီး ထိုအရာကို သူစိတ်ဝင်စားကြောင်းကိုပြသခဲ့ပါတယ်။သို့ပေမဲ့ အချိန်အများစုမှာ ခြေလှမ်းအနည်းငယ်လောက်ပဲလျှောက်လှမ်းသလို သူလမ်းလျှောက်တာလုံလောက်ပြီလို့ ကိုယ်တိုင်ဆုံးဖြတ်တတ်တဲ့ Little P ဟာ မြေပေါ်သို့ပစ်လဲချပြီးထိုနေရာမှာတင်အနားယူတတ်ပါတယ်။

ထို့ကြောင့် ၂ လအကြာ Little P အားပိန်စေတဲ့အချိန်ဇယားကပြီးသွားခဲ့ပေမဲ့ မအောင်မြင်ဘဲပြီးဆုံးသွားခဲ့ရပြီး Little P ဟာ လုံးဝဝိတ်မကျတဲ့အပြင် ပိုပိုပြီးကြီးလာခဲ့ပါတယ်။ တိုတောင်းတဲ့အချိန်ဇယားမှာ Little P ကမအောင်မြင်ခဲ့ပေမဲ့လည်း သခင်ဖြစ်သူက Little P အပေါ်ဘယ်တော့မှလက်မလျော့ခဲ့သလို Little P အတွက် လေ့ကျင့်ခန်းတစ်ခုခုလုပ်ဖို့အမြဲတွေးနေခဲ့သလို Little P အတွက်ကိုယ်အလေးချိန်လျှော့ချမဲ့နည်းလမ်းသစ်များကိုလည်းရှာဖွေနေဆဲဖြစ်ပါတယ်။

ကောင်းမွန်စားကောင်းတဲ့အစာကို ဘယ်သူကမှမခုခံနိုင်ကြပါဘူး။ Little P ဟာ အမှန်ပင်ချစ်စရာကောင်းပေမဲ့ အဝလွန်တာက သူ့ကျန်းမာရေးအန္တရာယ်တွေဖြစ်လာမှာကိုအလွန်စိုးရိမ်တာကြောင့် သူ့သခင်က သူ့ကိုဝိတ်ကျသွားဖို့ကူညီချင်ပြီး ဘာပဲဖြစ်ဖြစ် Little P လေးကို အကောင်းဆုံးဖြစ်စေချင်ပုံရပါတယ်။