AMAZING

အိမ်သန်ရှင်းရေးလုပ်ဖို့ ပျင်းနေပါက အပြစ်ပြောစရာမရှိလောက်အောင် တောင့်တင်းသန်မာတဲ့ အမျိုးသားများနဲ့ အိမ်သန့်ရှင်းရေးဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီ

စင်္ကာပူနိုင်ငံရှိကုမ္ပဏီတစ်ခုဟာ နိုင်ငံ၏ပထမဆုံးသော Hunky Man သန့်ရှင်းရေးဝန်ဆောင်မှုတစ်ခုကိုစတင်ခဲ့ပါတယ်။ ၎င်းတို့၏ဝက်ဘ်ဆိုက်အရ VEHS အမည်ရှိကုမ္ပဏီက အိမ်ပိုင်ရှင်များဟာ ၎င်းတို့ရဲ့နေအိမ်စီမံကိန်းများအတွက် inspiration အချို့ကိုရယူတိုင်ပင်ရန်ဖွင့်ထားတဲ့အိမ်ပြုပြင်ခြင်းပလက်ဖောင်းတစ်ခုသာဖြစ်ပါတယ်။ သို့ပေမယ့် VEHS ကုမ္ပဏီဟာ လူအများအတွက် ၎င်းတို့ရဲ့နေအိမ်ကို သန့်ရှင်းရေးလုပ်ပေးမဲ့ sexy ကျတဲ့ယောက်ျားလေးများပါဝင်တဲ့အထူး ဝန်ဆောင်မှုတစ်ခုကိုထုတ်ပြန်ကြေငြာပေးခဲ့ပါတယ်။

ဧပြီလ ၆ ရက်နေ့တွင် ၎င်းကုမ္ပဏီက Facebook တွင် ” ဘယ်သူက ဆက်စီကျတဲ့အမျိုးသားတွေထက် ပိုပြီး သန့်ရှင်းရေးလုပ်တတ်လဲ ၊ ဒါက April Fool ဟာသမဟုတ်ပါဘူး၊ VEHS က စင်္ကာပူရဲ့ပထမဆုံးသော Hunky Man Cleaning Service ကို စတင်နေပါပြီ ” ဟု ထုတ်ပြန်ကြောငြာခဲ့တာပါ။

၎င်းဝန်ဆောင်မှုကိုခံယူတဲ့သူများအနေနဲ့ ဖုန်ထူတဲ့ဗီဒိုများကိုသုတ်ခြင်း သို့မဟုတ် လေးလံတဲ့ဆိုဖာတစ်ခုကိုမပြီးအောက်ကညစ်ပတ်နေတဲ့ကြမ်းခင်းကိုတိုက်နေတဲ့အမျိုးသားများရဲ့မာကျောတဲ့ abs များကိုလည်း အေးဆေးထိုင်ကြည့်နေနိုင်သလို ၎င်းတို့က အပေါ်ပိုင်းအဝတ်မပါဘဲ သင့်ရဲ့အိမ်မှုကိစ္စများကိုအကုန်လုပ်ပေးပါလိမ့်မယ်။

ဌားရမ်းခများအနေနဲ့ အိပ်ခန်းတစ်ခန်းအတွက် SGD420 (RM1,296.10) မှစ၍ penthouses ကြီးများအတွက်ကတော့ SGD700 (RM2,160.17) အထိ ဈေးနှုန်းအသီးသီးရှိခဲ့ပါတယ်။ သို့ပေမဲ့ အခြားကောင်းသောအရာများစွာကဲ့သို့ဤဝန်ဆောင်မှုကို အချိန်အကန့်အသတ်ဖြင့်သာ ကမ်းလှမ်းခဲ့ပါတယ်။

VEHS ကုမ္ပဏီက ကူးစက်ရောဂါကြောင့် ၎င်းတို့ရဲ့ sexy cleaner တွေကို ဧပြီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့ စတဲ့အချိန်နှစ်ရက်တာကိုသာဌားရမ်းရန်ကမ်းလှမ်းပေးခဲ့ပြီး နောက်နောင်လည်း၎င်းဝန်ဆောင်မှုကို အခွင့်အရေးကြုံရင် ထပ်မံပြုလုပ်သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။