AMAZING
ကမ္ဘာပေါ်ရှိ ချစ်စရာအကောင်းဆုံးနဲ့အချောဆုံးမောင်နှမနှစ်ယောက်အဖြစ် သတ်မှတ်ခံနေရတဲ့မောင်နှမ နှစ်ဦး
ကမ္ဘာပေါ်ရှိ ချစ်စရာအကောင်းဆုံးနဲ့အချောဆုံးမောင်နှမနှစ်ယောက်အဖြစ် သတ်မှတ်ခံနေရတဲ့မောင်နှမ နှစ်ဦး
(2008)ခုနှစ်ဖွား Lauren Lunde ဆိုသူနဲ့ ၊(2013)ခုနှစ်ဖွား Cooper Lunde ဆိုတဲ့မောင်နှမနှစ်ဦးရဲ့ချောမောလှပတဲ့ရုပ်ရည်သွင်ပြင်ကြောင့်၊ Netizen များကြားမှာနာမည်ကြီးလျက်ရှိပါတယ်။ Lauren တို့မောင်နှမနှစ်ယောက်ကိုတော့ကိုးရီးယားနိုင်ငံသားမိခင်နဲ့၊ကနေဒါနိုင်ငံသားဖခင်တို့မှမွေးဖွားထားတာပဲဖြစ်ပါတယ်။ထို့ကြောင့် Lauren တို့မောင်နှမနှစ်ယောက်ဟာအာရှ-ကနေဒီယန်သွေးရောတဲ့ချစ်စရာခလေးငယ်များပဲဖြစ်ပါတယ်။
Lauren ကိုငယ်စဉ်ကတည်းကမိခင်ဖြစ်သူက၊အဆို၊အက၊အတီး၊မော်ဒယ် စတဲ့သင်တန်းတွေကိုတက်စေခဲ့ပီး ၊ Lauren အသက်(4)နှစ်အရွယ်မှာတော့ Baby Planet Company တစ်ခုနဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ထိုအချိန်မှစပီးခလေးမော်ဒယ်လုပ်ခဲ့ရာက၊နာမည်ကြီးအကျီ Brand တွေရဲ့မော်ဒယ်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။
မကြာခင်မှာပဲ Lauren ရဲ့မောင်လေး Cooper ရဲ့ဘေ့စ်ဘော class မှာဆော့ကစားနေတဲ့ပုံကို video တင်ခဲ့ရာက ၊Cooper ရဲ့မျက်တောင်ကော့ရှည်ပီးတောက်ပတဲ့မျက်လုံးကြီးကြီးကြောင့်၊မိန်းခလေးများကြားမှာရေပန်းစားခဲ့ပြန်ပါတယ်။ဒါ့အပြင် Cooper ကို K pop idol တစ်ယောက်ဖြစ်နိုင်တယ်လို့လဲ၊ထင်ကြေးပေးခဲ့ကြပါတယ်။
အချို့နာမည်ကြီးမဂ္ဂဇင်းတွေကတော့ Lauren တို့မောင်နှမနှစ်ယောက်ကို၊ကမ္ဘာ့အချောဆုံးမောင်နှမနှစ်ယောက်ဖြစ်တယ်လို့တောင်တင်စားဖော်ပြခဲ့ကြပါတယ်။ယခုအခါမှာတော့ Lauren လေးဟာ(13)နှစ်အရွယ်ရှိနေပီး ၊Cooper လေးကတော့အသက်(8)နှစ်အရွယ်ရှိပီးမောင်နှမနှစ်ယောက်လုံးနာမည်ကြီးခလေးမော်ဒယ်အဖြစ်ရပ်တည်လျက်ရ်ှိတယ်လို့သိရှိရပါတယ်။
Zawgyi
Credit – Bam Bam (Cele Angle)