AMAZING

လွန်ခဲ့သော ၂၁ နှစ်တုန်းက ပို့မိလိုက်တဲ့ လက်ဆောင်ဗူးလေးတစ်ခုကြောင့် ဘ၀တစ်ခုလုံးပြောင်းလဲသွားခဲ့တဲ့ ကောင်လေး

လွန်ခဲ့သော ၂၁ နှစ်တုန်းက ပို့မိလိုက်တဲ့ လက်ဆောင်ဗူးလေးတစ်ခုကြောင့် ဘ၀တစ်ခုလုံးပြောင်းလဲသွားခဲ့တဲ့ ကောင်လေး

အသက်၇နှစ်သာရှိသေးတဲ့ကောင်လေးတစ်ယောက်ဟာChristmasအလှူလက်ဆောင်ဗူးလေးတစ်ဗူးကိုIdahoကနေPhilippinesကိုပို့ပေးခဲ့ပါတယ်။နောက်၁၅နှစ်ကျော်လောက်ကြာတဲ့အခါမှာတော့ဒီကောင်လေးရဲ့လုပ်ရပ်ဟာရုပ်ရှင်ကားတစ်ကားသဖွယ်အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်လေးဟာ ရုပ်ရှင်ကားတွေထက် တကယ် Romantic ဆန်တဲ့ ဖြစ်ရပ်လေးတစ်ခုပါပဲ။

လွန်ခဲ့တဲ့ ၂၁ နှစ်တုန်းက Tyrel Wolfe ဆိုတဲ့ကောင်လေးဟာ Operation Christmas Child ဆိုတဲ့ ပရောဂျက်တစ်ခုမှာ ပါ၀င်ခဲ့ပါတယ်။အဲ့ဒီ ပရောဂျက်မှာပါတဲ့သူတွေဟာတခြားကျောင်းတွေကိုသူတို့ပေးချင်လှူချင်တဲ့ဟာလေးတွေစုပြီးဗူးလေးတစ်ဗူးထဲထည့်ကာပေးရမှာဖြစ်ပါတယ်။ ကောင်လေးကတော့ သူရဲ့ Cowboy (နွားကျောင်းသား) လို၀တ်ဆင်ထားတဲ့ပုံလေးနဲ့ ရောင်စုံခဲတံတွေကို ဗူးလေးထဲထည့်ပြီးဖီလင်ပိုင်ကို ပို့ခဲ့ပါတယ်။ အချိန်တွေကြာလာတော့ Tyrel လည်းဒီဖြစ်ရပ်လေးကိုမေ့ခဲ့ပါတယ်။

ဒါပေမယ့်၂၀၀၉ခုနှစ်မှာFacebookကနေJoanaMarchan ဆိုတဲ့နာမည်နဲ့ လူတစ်ယောက် လာ Add ခဲ့ပါတယ်။ အဲ့ချိန်တုန်းကတော့ Tyrel ဟာ လက်မခံသလို ပယ်ချတာလည်း မလုပ်ခဲ့ပါဘူး။ဒါပေမယ့်အချိန်ကြာလာတော့သူနေတဲ့နိုင်ငံရဲ့တခြားတစ်ဖက်နိုင်ငံကမိန်းကလေးကဘယ်သူလဲသိချင်လာခဲ့တာနဲ့လက်ခံခဲ့ပါတယ်။ကောင်မလေးကလည်းသူပို့လိုက်တဲ့လက်ဆောင်ကိုရခဲ့ကြောင်းနဲ့သူ့ဆိကျေးဇူးတင်စာတွေပို့ခဲ့ပေမယ့်ဘယ်စာမှTyrelဆိမရောက်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။

Tyrelကလည်းမယုံလို့သူ့အမေကိုမေးတဲ့အခါအမေဖြစ်သူကသူပေးခဲ့တဲ့လက်ဆောင်ကိုမှတ်မိတာမို့ဒီကောင်မလေးကသူ့သားပေးလိုက်တဲ့ လက်ဆောင်ကို ရရှိခဲ့တဲ့သူပဲဆိုပြီး ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့သူ‌တို့တွေဟာစကားတွေပြောကြပြီးခင်မင်ခဲ့ကြကာနောက်ဆုံးTyrelကပိုက်ဆံစစုပြီးManilaအတွက်လေယာဉ်လက်မှတ်၀ယ်ခဲ့ပါတယ်။ Tyrel ကလည်းအဲ့လောက်အဝေးကြီးကို တစ်ယောက်ထဲ ခရီးမထွက်ဖူးတာကြောင့် စိတ်လှုပ်ရှားခဲ့ပေမယ့် လေဆိပ်ရောက်တဲ့အခါမှာ ကောင်မလေးဖြစ်တဲ့ Joana ကလာကြိုတဲ့အချိန်မှာ ပျော်ခဲ့ပြီး အပြန်အလှန်ချစ်မိခဲ့ကြပါတယ်။

Tyrel ကကောင်မလေးရဲ့ အခြေအနေကို သိတဲ့အခါမှာတော့ထိတ်လန့်သွားခဲ့ရပါတယ်။Joanaရဲ့မိသားစု၀င်၈ယောက်လုံးဟာအခန်းကျဉ်လေးရဲ့ကြမ်းပျဉ်းမှာအိပ်နေခဲ့ကြရတာကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ ၁၀ ရက်အတူတူ ဖြတ်သန်းခဲ့ကြပေမယ့် ဘယ်ချိန်ပြန်တွေ့နိုင်ကြမယ်မသိတဲ့ အခြေအနေရောက်လာခဲ့ပါတယ်။ Tyrel ကတော့ Joana ကို သူပြန်လာမှာပါဆိုတဲ့ကတိပေးခဲ့ပါတယ်။

သူပြန်ရောက်လာတဲ့အခါမှာတော့Joanaရဲ့အဖေကိုသမီးဖြစ်သူနဲ့လက်ထပ်ခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်။အဖေဖြစ်သူကတော့လက်ခံပေမယ့် အမေဖြစ်သူကတော့ လက်ထပ်ဖို့ ငယ်သေးတယ်ဆိုပြီး ငြင်းခဲ့ပါတယ်။ ဒါနဲ့ပဲ Tyrel ရဲ့အဖေဖြစ်သူက Manila ထိလာခဲ့ပြီး ကောင်မလေးရဲ့ ‌အမေ့ကို ဖြောင်းဖြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Tyrel နဲ့ Joana တို့ဟာ Tyrel ရဲ့မိဘတွေပိုင်တဲ့မွေးမြူရေးခြံထဲမှာလက်ထပ်ခဲ့ကြပါတယ်။

ဖီလင်ပိုင်မှာလည်းသူတို့ဟာနောက်ထပ်မင်္ဂလာဆောင်ပွဲတစ်ခုကိုထပ်ပြုလုပ်ခဲ့ပါသေးတယ်။ဒါလေးကတော့ရုပ်ရှင်ကားတစ်ကားလို့ထင်ရပေမယ့် အပြင်မှာတကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ။ Tyrel ဟာလည်း တကယ်ပဲ ဗူးတစ်ဗူးကြောင့် သူ့ရဲ့ဘ၀ကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့ရတာ ဖြစ်ပါတယ်။