INTERNATIONAL NEWS

အဆင်ပြေတာဝတ်လာခဲ့ ဆိုလို့ အစ်မရဲ့မင်္ဂလာပွဲမှာ ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ပြီး သတို့သမီးအရံလုပ်ပေးခဲ့တဲ့ မိန်းကလေး

ပြီးခဲ့တဲ့နှစ်က Christina Meador အမည်ရှိတဲ့မိန်းကလေးဟာ သူမရဲ့အစ်မဖြစ်သူ Deanna Adams ဆီကနေ သတို့သမီးအရံလုပ်ပေးဖို့ ဖိတ်ကြားစာ လက်ခံရရှိခဲ့ပါတယ် ။ သို့ပေမဲ့လည်း အစ်မဖြစ်သူရဲ့မင်္ဂလာပွဲအတွက် ဝတ်စုံမရှိလို့ ၊ အစ်မဖြစ်သူကို မေးမြန်းခဲ့ချိန်မှာတော့ ‘နင်အဆင်ပြေတာ ဝတ်လာခဲ့’ ဆိုတဲ့ အစ်မရဲ့စကားကြောင့် သူမအကြံဥာဏ်တစ်ခုရရှိခဲ့ပါတယ်။

အဲ့တာကတော့ ဝတ်စုံအတွက် ဒေါ်လာ ၅၀အထက် သုံးစွဲရမဲ့အတူတူ သူမလိုချင်နေခဲ့တဲ့ ဒိုင်နိုဆောဝတ်စုံကိုပါ တစ်ခါတည်း ဝယ်ယူလိုက်မလို့ပါပဲ ။ထို့ကြောင့် အစ်မဖြစ်သူကို ဒိုင်နိုဆောဝတ်စုံ ဝတ်ဆင်လာမဲ့အကြောင်း မေးမြန်းခဲ့ပါတယ် ။ အစ်မဖြစ်သူကလည်း ခွင့်ပြုလို့ အဆိုပါဒိုင်နိုဆောဝတ်စုံကို ဝယ်ယူခဲ့ပါတယ် ။

အစ်မဖြစ်သူကလည်း သူမအတွက် ဂါဝန်ပို့လာပေးခဲ့ပေမဲ့လည်း ဂါဝန်ကသူမထက်ကြီးလွန်းနေခဲ့လို့ သူမရဲ့အရင်အကြံအတိုင်းပဲ ဒိုင်နိုဆောဝတ်စုံနဲ့ ပွဲတက်ခဲ့ပါတယ် ။သူမရဲ့ ဝတ်စုံကြောင့် မင်္ဂလာပွဲဟာ ရယ်မောပျော်ရွှင်မှုတွေနဲ့ ပြီးဆုံးသွားခဲ့ပြီး ၊ သူမရဲ့အကြောင်းဟာလည်း social media ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ် ။ အချို့သောသူကတော့ သူမဟာ မင်္ဂလာပွဲမှာ သတို့သမီးထက်ပိုပြီး ပေါ်ပင်ဖြစ်အောင်လုပ်ခဲ့လို့ သတို့သမီးဟာ မထင်မပေါ်ဖြစ်ခဲ့ရကြောင်း ဝေဖန်ခဲ့ကြပါတယ်။ crd

Zawgyi

ၿပီးခဲ့တဲ့ႏွစ္က Christina Meador အမည္ရွိတဲ့မိန္းကေလးဟာ သူမရဲ႕အစ္မျဖစ္သူ Deanna Adams ဆီကေန သတို႔သမီးအရံလုပ္ေပးဖို႔ ဖိတ္ၾကားစာ လက္ခံရရွိခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အစ္မျဖစ္သူရဲ႕မဂၤလာပြဲအတြက္ ဝတ္စုံမရွိလို႔ ၊ အစ္မျဖစ္သူကို ေမးျမန္းခဲ့ခ်ိန္မွာေတာ့ ‘နင္အဆင္ေျပတာ ဝတ္လာခဲ့’ ဆိုတဲ့ အစ္မရဲ႕စကားေၾကာင့္ သူမအႀကံဥာဏ္တစ္ခုရရွိခဲ့ပါတယ္။

အဲ့တာကေတာ့ ဝတ္စုံအတြက္ ေဒၚလာ ၅၀အထက္ သုံးစြဲရမဲ့အတူတူ သူမလိုခ်င္ေနခဲ့တဲ့ ဒိုင္နိုေဆာဝတ္စုံကိုပါ တစ္ခါတည္း ဝယ္ယူလိုက္မလို႔ပါပဲ ။ထို႔ေၾကာင့္ အစ္မျဖစ္သူကို ဒိုင္နိုေဆာဝတ္စုံ ဝတ္ဆင္လာမဲ့အေၾကာင္း ေမးျမန္းခဲ့ပါတယ္ ။ အစ္မျဖစ္သူကလည္း ခြင့္ျပဳလို႔ အဆိုပါဒိုင္နိုေဆာဝတ္စုံကို ဝယ္ယူခဲ့ပါတယ္ ။

အစ္မျဖစ္သူကလည္း သူမအတြက္ ဂါဝန္ပို႔လာေပးခဲ့ေပမဲ့လည္း ဂါဝန္ကသူမထက္ႀကီးလြန္းေနခဲ့လို႔ သူမရဲ႕အရင္အႀကံအတိုင္းပဲ ဒိုင္နိုေဆာဝတ္စုံနဲ႕ ပြဲတက္ခဲ့ပါတယ္ ။သူမရဲ႕ ဝတ္စုံေၾကာင့္ မဂၤလာပြဲဟာ ရယ္ေမာေပ်ာ္႐ႊင္မႈေတြနဲ႕ ၿပီးဆုံးသြားခဲ့ၿပီး ၊ သူမရဲ႕အေၾကာင္းဟာလည္း social media ေပၚမွာ ပ်ံ့ႏွံ႕သြားခဲ့ပါတယ္ ။ အခ်ိဳ႕ေသာသူကေတာ့ သူမဟာ မဂၤလာပြဲမွာ သတို႔သမီးထက္ပိုၿပီး ေပၚပင္ျဖစ္ေအာင္လုပ္ခဲ့လို႔ သတို႔သမီးဟာ မထင္မေပၚျဖစ္ခဲ့ရေၾကာင္း ေဝဖန္ခဲ့ၾကပါတယ္။ crd