AMAZING

မြန်မာမလေးလို့ လုံးဝမထင်ရပဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ International Model Yolanda Thein

မြန်မာမလေးလို့ လုံးဝမထင်ရပဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ International Model Yolanda Thein

မြန်မာလူမျိုးတွေဟာ ဟိုးအရင်ခေတ်တည်းက တမူထူးခြားပြီး ယဥ်တဲ့အလှကြောင့် နိုင်ငံရပ်ခြားမှ စိတ်ဝင်စားခြင်းကို အထူးတလည်ခံခဲ့ကြရပါတယ်။ယခုအခါမှာလည်း မြန်မာကပြားမလေးဖြစ်ပြီး International model အဖြစ်ရပ်တည်နေခဲ့တဲ့ မိန်းမလှလေးကိုတွေ့ရှိခဲ့ပါတယ်။ သူမ နာမည်ကတော့ Yolanda Thein လို့အများကသိကြပြီး သူမ ကို ဖခင် ဗမာလူမျိုး နဲ့ မိခင် ဆွစ်ဇာလန်သူ ကနေ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ သူမ ဟာ Europe ဘက်က Model Agency တွေနဲ့စာချုပ်ချုပ်ပြီး Fashion model အနေနဲ့ရပ်တည်နေသူတစ်ဦးပါ။ သူမဟာ အသက်(၉) နှစ်အထိ မြန်မာမှာ နေခဲ့ဖူးတယ်လို့ သိရပြီး ယခုအချိန်မှာ သူမရဲ့မိခင်နဲ့အတူ သူမမွေးရပ်မြေ မြန်မာကို မကြာမကြာလာလည်လေ့ရှိပါတယ်။ သူမ ဟာ အရပ် (၅)ပေ (၈) လက်မရှိပြီး သူမမှာ Environmental project တစ်ခုကို လက်ရှိတာဝန်ယူနေတာဖြစ်ပါတယ်။

သူမဟာ ပင်လယ်ကိုချစ်မြတ်နိုးသူ တစ်ဦးဖြစ်ပြီး လူသားတွေအနေနဲ့နေ့စဉ်ဘဝမှာ ပလတ်စတစ် ကိုလျှော့ချသုံးပေးဖို့ကို အင်စတာဂရမ် ကနေ Plannet People လို NGO အဖွဲ့စည်းကလူတွေနဲ့ Live talk တွေပြောကာ လူတွေကို အသိပညာပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမ ဟာ ဒီရေတောတွေဖြစ်တဲ့ ဓနိပင်တွေပျက်ဆီးမှုကို ကာကွယ်ပြီး ပင်လယ်သမုဒ္ဒရာတွေထဲမှာ ညစ်ညမ်းမှု တွေမဖြစ်စေဖို့ ထိုင်းနိုင်ငံက ဖူးခက်လိုနေရာမျိူးထိ project အတွက် ကွင်းဆင်းပြီး ပညာပေး အစီအစဥ်တွေပြုလုပ်ခဲ့တဲ့ တကယ့်ကို အဖိုးတန်မိန်းမလှလေးပါပဲ။

ပရိတ်သတ်တွေအနေနဲ့လည်း ကိုယ့်မြန်မာလူမျိုးထဲမှာ ဒီလိုလှပထက်မြက်တဲ့ မိန်းမလှလေးကို အားပေးနိုင်ကြစေဖို့ Yolanda Thein ရဲ့ ပုံတွေကိုကြည့်ရှုခံစားလို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။

.

.

.

.

.

Zawgyi

ျမန္မာမေလးလို႔ လုံးဝမထင္ရပဲ ဆြဲေဆာင္မႈအျပည့္ရွိတဲ့ International Model Yolanda Thein

ျမန္မာလူမ်ိဳးေတြဟာ ဟိုးအရင္ေခတ္တည္းက တမူထူးျခားၿပီး ယဥ္တဲ့အလွေၾကာင့္ နိုင္ငံရပ္ျခားမွ စိတ္ဝင္စားျခင္းကို အထူးတလည္ခံခဲ့ၾကရပါတယ္။ယခုအခါမွာလည္း ျမန္မာကျပားမေလးျဖစ္ၿပီး International model အျဖစ္ရပ္တည္ေနခဲ့တဲ့ မိန္းမလွေလးကိုေတြ႕ရွိခဲ့ပါတယ္။ သူမ နာမည္ကေတာ့ Yolanda Thein လို႔အမ်ားကသိၾကၿပီး သူမ ကို ဖခင္ ဗမာလူမ်ိဳး နဲ႕ မိခင္ ဆြစ္ဇာလန္သူ ကေန ေမြးဖြားလာခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ သူမ ဟာ Europe ဘက္က Model Agency ေတြနဲ႕စာခ်ဳပ္ခ်ဳပ္ၿပီး Fashion model အေနနဲ႕ရပ္တည္ေနသူတစ္ဦးပါ။ သူမဟာ အသက္(၉) ႏွစ္အထိ ျမန္မာမွာ ေနခဲ့ဖူးတယ္လို႔ သိရၿပီး ယခုအခ်ိန္မွာ သူမရဲ႕မိခင္နဲ႕အတူ သူမေမြးရပ္ေျမ ျမန္မာကို မၾကာမၾကာလာလည္ေလ့ရွိပါတယ္။ သူမ ဟာ အရပ္ (၅)ေပ (၈) လက္မရွိၿပီး သူမမွာ Environmental project တစ္ခုကို လက္ရွိတာဝန္ယူေနတာျဖစ္ပါတယ္။

သူမဟာ ပင္လယ္ကိုခ်စ္ျမတ္နိုးသူ တစ္ဦးျဖစ္ၿပီး လူသားေတြအေနနဲ႕ေန႕စဥ္ဘဝမွာ ပလတ္စတစ္ ကိုေလွ်ာ့ခ်သဳံးေပးဖို႔ကို အင္စတာဂရမ္ ကေန Plannet People လို NGO အဖြဲ႕စည္းကလူေတြနဲ႕ Live talk ေတြေျပာကာ လူေတြကို အသိပညာေပးခဲ့သူတစ္ဦးျဖစ္ပါတယ္။ သူမ ဟာ ဒီေရေတာေတြျဖစ္တဲ့ ဓနိပင္ေတြပ်က္ဆီးမႈကို ကာကြယ္ၿပီး ပင္လယ္သမုဒၵရာေတြထဲမွာ ညစ္ညမ္းမႈ ေတြမျဖစ္ေစဖို႔ ထိုင္းနိုင္ငံက ဖူးခက္လိုေနရာမ်ိဴးထိ project အတြက္ ကြင္းဆင္းၿပီး ပညာေပး အစီအစဥ္ေတြျပဳလုပ္ခဲ့တဲ့ တကယ့္ကို အဖိုးတန္မိန္းမလွေလးပါပဲ။

ပရိတ္သတ္ေတြအေနနဲ႕လည္း ကိုယ့္ျမန္မာလူမ်ိဳးထဲမွာ ဒီလိုလွပထက္ျမက္တဲ့ မိန္းမလွေလးကို အားေပးနိုင္ၾကေစဖို႔ Yolanda Thein ရဲ႕ ပုံေတြကိုၾကည့္ရႈခံစားလို႔ရေအာင္ ေဖာ္ျပေပးလိုက္ရပါတယ္။