Love & Relationship

မတော်တဆ တစ်ခုကြောင့် ဒုက္ခိတဖြစ်သွားရတဲ့ချစ်သူကိုမစွန့်ခွာတဲ့အပြင် တစ်သက်လုံးပြုစုစောင့်ရှောက်ပေးနိုင်ဖို့ လက်ထပ်ခဲ့တဲ့အမျိုးသမီးတစ်ဦး

မတော်တဆ တစ်ခုကြောင့် ဒုက္ခိတဖြစ်သွားရတဲ့ချစ်သူကိုမစွန့်ခွာတဲ့အပြင် တစ်သက်လုံးပြုစုစောင့်ရှောက်ပေးနိုင်ဖို့ လက်ထပ်ခဲ့တဲ့အမျိုးသမီးတစ်ဦး

Zhang ဆိုတဲ့အမျိုးသမီးငယ်လေးဟာ၊ဒုက္ခိတဖြစ်သွားရတဲ့ချစ်သူကောင်လေးကိုပြုစုစောင့်ရှောက်ရင်း၊ဘဝကိုဖြတ်သန်းဖို့ရွေးချယ်ခဲ့သူတစ်ယောက်ပါ။Zhang နဲ့ ချစ်သူကောင်လေးတို့ဟာ (2007)ခုနှစ်ကတည်းကချစ်သူတွေ့ဖြစ်ခဲ့ကြပီး၊နှစ်ယောက်တစ်ဘဝထူထောင်ဖို့အတွက်အလုပ်ကိုယ်စီကြိုးစားခဲ့ကြပါတယ်။

Zhan ရဲ့ချစ်သူဟာအခြားမြို့မှာဆောက်လုပ်ရေးသမားအဖြစ်သွားရောက်လုပ်ကိုင်ခဲ့ပီး ၊Zhang ကတော့မွေးရပ်မြေမှာပဲအလုပ်လုပ်ကိုင်ခဲ့ပါတယ်။Zhang နဲ့ချစ်သူကောင်လေးတို့ဟာရှာဖွေသမျှပိုက်ဆံကို၊အိမ်လေးဝယ်ဖို့နဲ့မဂ်လာဆောင်ပွဲအတွက်ဆိုပီးတူတူစုခဲ့ကြပါတယ် ။ထို့နောက်နှစ်ရှည်ကြာရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံယွမ်ငွေ(40.000)နဲ့အိမ်တလုံးအရင်ဝယ်ခဲ့ပါတယ်။ ဒါ့အပြင်မဂ်လာဆောင်ဖို့ပိုက်ဆံထပ်စုမယ်ဆိုတာကြောင့် ၊ Zhang ရဲ့ချစ်သူကမြို့မှာဆက်အလုပ်လုပ်ခဲ့ပါတယ်။

ဒီလိုနဲ့စုဆောင်းပီးမဂ်လာဆောင်ခါနီးလအနည်းငယ်အလိုမှာတော့၊ Zhang ရဲ့ချစ်သူဟာလုပ်ငန်းခွင်မတော်တဆမှုကြောင့်အောက်ပိုင်းသေခဲ့ပီး၊စကားမပြောနိုင်မရပ်နိုင်တဲ့အခြေနေဖြစ်ခဲ့ပါတယ်။ ဆရာဝန်ကလက်လွတ်ရမဲ့အခြေနေထိမျှော်လင့်ထားဖို့ပြောပေမဲ့လဲ ၊ Zhang ကလက်မလျှော့နိုင်ပဲဆေးရုံမှာနေ့ညတိုင်းပြုစုခဲ့ပါတယ်။

Zhang ရဲ့အချိန်ပေးပြုစုနိုင်မှုကြောင့်ချစ်သူကောင်လေးဟာစိုးရိမ်အခြေနေကျော်လွန်ခဲ့ပေမဲ့၊တစ်သက်လုံးဒုက္ခိတဘဝနဲ့သာနေသွားရမှာဖြစ်ပေမဲ့လဲ ၊Zhang တစ်ယောက်သူမတို့နှစ်ဦးရဲ့အိမ်မက်ကိုအကောင်ထည်ဖော်ခဲ့ပါတယ်။ အဲ့ဒါကတော့သူမတို့စီစဉ်ထားတဲ့အတိုင်းမဂ်လာပွဲကိုစီစဉ်ပီး၊သူမအနေနဲ့ချစ်သူဘယ်လိုပင်ဖြစ်နေပါစေတစ်သက်လုံးပေါင်းသင်းနေထိုင်ရင်းပြုစုစောင့်ရှောက်သွားမယ်ဆိုတဲ့ဘဝကိုရွေးချယ်ခဲ့ပါတယ်။

Credit – Bam Bam (Cele Angle)

Zawgyi





