KNOWLEDGE

အသက် ၄နှစ်သာရှိသေးပေမယ့် ဖုန်းတွေ အလွန်အကျွံသုံးပြီးနောက် မျက်စိကွယ်လုနီးပါးဖြစ်ခဲ့ရတဲ့ ကလေးငယ်တစ်ဦး

အသက် ၄နှစ်သာရှိသေးပေမယ့် ဖုန်းတွေ အလွန်အကျွံသုံးပြီးနောက် မျက်စိကွယ်လုနီးပါးဖြစ်ခဲ့ရတဲ့ ကလေးငယ်တစ်ဦး

ယနေ့ခေတ်မှာ စမတ်ဖုန်းများက စျေးသက်သာလာပြီး အင်တာနက်ကို အလွယ်တကူရနိုင်တာမို့လို့ ကလေးတွေမှာလည်း ကိုယ်ပိုင် ဖုန်းတွေရှိလာပါပြီ ။ အသက် ၁ နှစ်အောက် ကလေးများကိုပင် မိဘတွေ အလုပ်များနေစဉ် ၎င်းတို့ကို ကောင်းမွန်စွာ ပြုမူရန်နဲ့ တိတ်ဆိတ်စေရန် အများအားဖြင့် သူတို့ရဲ့ မိဘများက လက်ကိုင်ဖုန်းတွေပေးထားလေ့ရှိပါတယ် ။ ဖုန်းသုံးတာက ဒီကလေးတွေကို တိတ်တိတ်ဆိတ်ဆိတ်နေစေပြီး သူတို့ကို မိနစ်အနည်းငယ် (တစ်နာရီလောက်ကြာအောင်) တစ်နေရာတည်းမှာ ထားပေးနိုင်တယ်ဆိုတာ မှန်ပါတယ် ။

ဒါပေမယ့် ဒါကသူတို့ရဲ့ကျန်းမာရေးကို ဆိုးရွားတဲ့ သက်ရောက်မှု ရှိပါတယ် ။ ဖခင်တစ်ဦးဟာ မကြာသေးမီက ဖုန်းများအလွန်အကျွံသုံးပြီး မျက်စိကွယ်သွားတဲ့ သမီးငယ်ရဲ့ ကံကြမ္မာကို မျှဝေလာခဲ့ပါတယ် ။Dachar Nuysticker Chuayduang အမည်ရှိ ဖခင်တစ်ဦးဟာ ခွဲစိတ်ပြီးနောက် ရိုက်ကူးထားတဲ့ သူ့ ၄ နှစ်အရွယ်သမီးလေးရဲ့ ဓာတ်ပုံများကိုမျှဝေခဲ့ပါတယ် ။ Chuayduang ရဲ့အဆိုအရ သူ့သမီးဟာ ၂ နှစ်သားအရွယ်ကတည်းက ဖုန်းများကို စတင်သုံးစွဲခဲ့တာပါ ။

ဝမ်းနည်းစရာကောင်းတာက Chuayduang ဟာ သူ့ရဲ့ကလေးကို ဖုန်းမပေးတဲ့အခါဆို ဒေါသထွက်တာကြောင့် သူမလိုချင်သရွေ့ ဖုန်းများကို သုံးခွင့်ပေးလေ့ရှိပါတယ် ။ ဒါပေမယ့်ကလေးက နာရီအတော်ကြာငြိမ်သက်နေပေမယ့် သူမဟာ မျက်စိမှုန်လာပြီး ပြသနာတွေ စဖြစ်လာခဲ့ပါတယ် ။ သူမမျက်လုံးစွေလာကတည်းက သူတို့သတိထားမိခဲ့ပြီးနောက် သူမဟာ ‘ပျင်းရိတဲ့မျက်လုံး’ ပုံစံ ဖြစ်လာခဲ့ပါတယ် ။ ဆိုလိုတာက မျက်လုံးတစ်လုံးဟာ ကောင်းစွာမဖွံ့ဖြိုးတော့ပါဘူး ။

၎င်းလို့ ဖြစ်နေပေမဲ့ Chuayduang က သူ့ကလေးကို ဖုန်းများ သုံးခွင့်ပေးနေသေးတာကြောင့် အခြေအနေပိုဆိုးလာတာနဲ့ နောက်ဆုံးတော့ သူမကို မျက်စိဆရာဝန်ဆီခေါ်ဆောင် သွားခဲ့ရပါတယ် ။ သူမအသက် ၄ နှစ်အရွယ်မှာ ကလေးငယ်က သူမရဲ့ အမြင်အာရုံပြဿနာများကို ပြုပြင်ရန် ခွဲစိတ်မှုခံယူခဲ့ရပါတယ် ။ ကလေးက မျက်စိကွယ်ခါနီးပြီလို့ ဆရာဝန်က ဆိုပါတယ် ။ ကျေးဇူးအများကြီးတင်စရာက ကလေးအတွက် နောက်မကျဘဲ လျင်မြန်စွာ ခွဲစိတ်ခဲ့လိုပါဘဲ ။ ဒါပေမယ့် Chuayduang က ဒါဟာသူတို့ရဲ့မိဘတွေအနေနဲ့ သူတို့ရဲ့ကလေးတွေကို သူ့သမီးလို မတွေ့ကြုံရအောင် ပြန်လည် ဝေမျှပေးခဲ့တာပါ ။