INTERNATIONAL NEWS
ဝင်ငွေမရှိတော့လို့ လမ်းမဘေးမှာသာ အိပ်စက်နေကြရတဲ့ ဆိုက်ကားသမားများ
မလေးရှားနိုင်ငံဟာ ယခုအချိန်မှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်းမြင့်မားနေလို့ နေအိမ်အပြင်ဖက်ထွက်ခြင်းကို တားမြစ်ပိတ်ပင်ခံထားရလေ့ရှိပါတယ် ။ ဒါကြောင့် တစ်နေ့လုပ်တစ်နေ့စား ဆိုက်ကားသမားတွေက Customer မရှိတော့လို့ ဝင်ငွေလုံးဝပျက်တောက်သွားတဲ့အထိ ဖြစ်ခဲ့ကြရပါတယ်။ အချို့ဆိုရင် အိမ်ခန်းငှါးခမပေးနိုင်လို့ အိမ်ပေါ်ကဆင်းရပြီး လမ်းဘေးမှာသာ အိပ်စက်ကြရပါတယ်။
အချို့ဆိုရင်လည်း အများသုံး သန့်စင်ခန်းတွေမှာ ရေချိုးသန့်စင်နေကြရတဲ့ အခြေအနေထိ ရောက်ရှိသွားခဲ့ရကြောင်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း အဆိုပါ ဒုက္ခရောက်နေတဲ့ ဆိုက်ကားသမား 120 ခန့်အတွက် စားဝတ်နေရေးနဲ့ အသုံးအဆောင်တွေကိုတော့ ပရဟိတအသင်းတွေက ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရပါတယ်။ crd
.
.
Zawgyi